ဂျပန်နိုင်ငံရဲ့ဆေးကုမ္ပဏီတွေအားလုံးနီးပါး တိုရာမခရိုင်မှာပဲရှိရခြင်း!!!!

မျိုးစိပ်သစ်ကိုရိုနာဗိုင်းရပ်စ်အတွက်ထုတ်ထားတဲ့ဆေးလို့ အများကလည်းသိနေတဲ့ アビガンAviganကိုထုတ်လုပ်တာကတော့ FUJIFILM Toyama Chemical Co., Ltd.လို့ခေါ်တဲ့ ဆေးဝါးကုမ္ပဏီတစ်ခုကပဲဖြစ်ပါတယ်။
နာမည်မှာပါတဲ့အတိုင်း၊ ဖူဂျီတောင်နဲ့ပတ်သက်မှုရှိနေတဲ့ကုမ္ပဏီဖြစ်ပြီး၊ ဒီလိုပတ်သက်မှုက ဒီကုမ္ပဏီပဲမဟုတ်ဘူး၊ အခြားဆေးကုမ္ပဏီတွေလည်း ပါဝင်ပါတယ်။
အကြောင်းကတော့ ဟိုးယခင်အစိုးရတွေကြောင့်ပါ။

ကမ္ဘာတစ်ဝှမ်းလုံးကို ခြောက်ရွံ့ထိန့်လန့်အောင်လုံးဝဆွဲချသွားနိုင်သူကတော့ မျိုးစိပ်သစ်ကိုရိုနာဗိုင်းရပ်စ်ပဲဖြစ်ပါတယ်။ ဒီအရာအတွက်ဖော်စပ်ထားတဲ့ဆေးအနေနဲ့ ကမ္ဘာမှာရှိတဲ့တိုင်းပြည်အသီးသီးကလည်း သိထားတဲ့ဆေးရှိပါတယ်။
သူကတော့ アビガン Avigan လို့ခေါ်တဲ့ဒီဆေးပဲဖြစ်ပါတယ်။


https://jp.sputniknews.com/science/202004087341949/

မူလကတော့ ငှက်တုတ်ကွေးအတွက်ထုတ်ခဲ့တာဖြစ်ပေမဲ့၊ တရုတ်နိုင်ငံမှာသုံးကြည့်လိုက်တဲ့အခါ ရလဒ်တွေကသိသိသာသာကောင်းနေတာကိုတွေ့ရပါတယ်။ အမေရိကန်မှာရော၊ ဂျပန်မှာပါ ဆေးဝါးစမ်းသပ်ခြင်းတွေပြုလုပ်နေပါတယ်။ ကိုရိုနာအတွက်ဒီဆေးနဲ့အဓိကကုသပေးမယ်လို့လည်းပြောပါတယ်။

ဒီဆေးကိုသုတေသနပြုလုပ်ပြီး ထုတ်လုပ်တာကတော့ FUJIFILM Toyama Chemical Co., Ltd.ကဖြစ်ပါတယ်။ ဆေးအကြောင်းကို ဂျပန် NHK သတင်းတွေမှာကြည့်နိုင်ပါတယ်။
ဒီဆောင်းပါးလေးမှာတော့ဆေးအကြောင်းနဲ့သူ့ရဲ့အားနိသင်တွေကို ပြောမှာမဟုတ်ဘဲ၊ ဂျပန်နိုင်ငံရဲ့ဆေးလောကအကြောင်းကိုပြောပြမှာပါ။

ဒီလိုရောဂါတွေဖြစ်နေတဲ့အတွက် စတော့စျေးကျသွားတဲ့အချိန်၊ ဒီ FUJIFILM Toyama Chemical Co., Ltd.ဆေးကုမ္ပဏီကတော့ အဲ့ဒီစာရင်းထဲမှ ထိပ်ဆုံးမှာရှိနေတယ်။ စတော့စျေးအဲ့လောက်မကျသွားဘူးပေါ့..

ဒါပေမဲ့ထူးဆန်းတာက FUJIFILM Toyama Chemical ကတော့ တိုကျိုမှာရှိပေမဲ့၊ ဆေးထုတ်လုပ်တဲ့နေရာက တိုရာမခရိုင်မှာပါတဲ့။
ဂျပန်ရဲ့ဒီတိုရာမခရိုင်မှာ ဆေးဝါနဲ့ပတ်သက်တဲ့ကုမ္ပဏီအများစုရှိနေတာက ထူးခြားချက်တစ်ချက်ဖြစ်ပါတယ်။
အကြောင်းကတော့ ရှေးဆာမူရိုင်းတွေရှိတဲ့အချိန်ကတည်းက နိုင်ငံရေးနဲ့ပတ်သက်တဲ့လှုပ်ရှားမှုတွေဖြစ်ခဲ့တယ်လို့ ပြောကြတယ်။

တိုရာမစီရင်စုကိုအုပ်ချုပ်ခဲ့တဲ့ 前田正敏(まえだ口まさとし)Maeda Masatoshi ဆိုတဲ့ပုဂ္ဂိုလ်က 反魂丹(はんこんたん)Hankontan ဆိုတဲ့ဆေးကိုရှာတွေ့ခဲ့ပါတယ်တဲ့။
ဒါက ဗိုက်နာကျင်ခြင်းအတွက်ထိရောက်တဲ့ဆေးဖြစ်ပြီး၊ သောက်လိုက်တာနဲ့တခဏအတွင်းမှာ သက်ရောက်မှုရှိခဲ့ပါတယ်။

အဲ့ဒီအချိန်မှာလည်းပဲ ဂျပန်ဆိုတာက၊ တိုင်းပြည်အတွင်းမှာကိုပဲ တိုင်းပြည်ငယ်လေးတွေကအသီးအသီးရှိနေပြီ၊ အဲ့ဒါတွေကိုပြန်စုစည်းထားတဲ့ပုံစံအနေနဲ့တည်ရှိခဲ့ပါတယ်။ အဲ့ဒီတိုင်းပြည်ငယ်လေးတွေကိုအုပ်ချုပ်တဲ့ ခေါင်းဆောင်အရာရှိကြီးကို ဒီဆေးမှီဝဲစေလိုက်တဲ့အခါမှာတော့ တကယ်ထိရောက်မှုရှိတာကိုသိသွားပါတယ်။
ဒါနဲ့ပဲ ရောင်းချခွင့်ရပြီး၊ ဒီဆေးရောင်းပြီးရလာတဲ့အမြတ်နဲ့ နောက်ထပ်ဆေးအသစ်တွေကိုလည်း ဖော်စပ်ခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ ဗိုက်နာကျင်ဝေဒနာခံစားရတဲ့ အခြားသောတိုင်းပြည်ခေါင်းဆောင်တွေကိုလည်း အဲ့ဒီဆေးပေးပြီး တိုင်းပြည်အချင်းချင်းချစ်ကြည်ရင်းနှီးမှုယူခဲ့တယ်ပေါ့…
ဆေးပေးပြီးသက်သက်လိုက်ကူညီတဲ့သဘောတော့မဟုတ်ဘဲ တိုရာမခရိုင်ကို လာပြီးရန်မူမယ်ဆိုရင်တော့ ဒီဆေးကိုမပေးတော့ပါဘူး။

ဒီလိုအကြောင်းကြောင့်နဲ့ နိုင်ငံအချင်းချင်းရင်းနှီးမှုတွေယူပြီး မိမိနိုင်ငံကိုကာကွယ်တယ်လို့ပြောကြပါတယ်။
ပြောရရင်တော့ ဆေးပေးပြီးရန်ငြိမ်းတယ်ပေါ့..
စကားမစပ် အဲ့ဒီအချိန်တုန်းက ဆေးရောင်းတယ်ဆိုတာဒီလိုမျိုးပုံစံနဲ့လျှောက်သွားပြီး ရောင်းရတာပါ..


https://www.asahi.com/articles/photo/AS20160908003748.html

နိုင်ငံရေးအရအသုံးပြုတဲ့ဗိုင်းရပ်စ်ကြောင့် နိုင်ငံအချင်းချင်းပြေလည်စေဖို့ ဒီAvigan ဆေးကိုပေးပြီးတစ်နိုင်ငံနဲ့တစ်နိုင်ငံချစ်ကြည်မှုယူမယ်ပေါ့ … အဲ့ဒီလိုပြောရင်တော့ နည်းနည်းလေးလေလုံးကြီးဘဝင်မြင့်တယ်လိုထင်နိုင်ပေမဲ့၊

အကယ်၍သာ ဂျပန်နည်းပညာနဲ့ထုတ်တဲ့ ဒီAvigan ဆေးသာကိုရိုနာအတွက် တကယ်ထိရောက်တယ်ဆိုရင် ဂျပန်နိုင်ငံဟာ ဆေးကိုပေးပြီးချစ်ကြည်မှုယူလိမ့်မယ်ဆိုတာ အသေအချာပါပဲ။

ဘာပဲပြောပြော ခေတ်သစ်နိုင်ငံတွေအနေနဲ့ ကိုယ့်ရဲ့တိုင်းပြည်ကိုစစ်အင်အားမပါဘဲ ငြိမ်းချမ်းစွာဘယ်လိုကာကွယ်ရမလဲဆိုတာကို လေ့လာဖို့လိုအပ်ပါလိမ့်မယ်!!!!

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: