ဖက္ရွင္က်က် Mask လွလွ!

ကိုရိုနာ လွှမ်းမိုးမှုကြောင့် ကမ္ဘာတစ်ဝန်းလုံးမှာ အပြင်ထွက်တဲ့အခါ Mask လိုအပ်ပါတယ်ဆိုတာ အားလုံးပဲအသိပါ။

ဒါပေမယ့် ဂျပန်မှာကတော့ အနည်းငယ်ကွဲပြားပါတယ်။

နှစ်စဉ်နှစ်တိုင်း ဒီလိုရာသီဆိုရင် Mask တပ်တဲ့သူ အရမ်းကိုများပါတယ်။

ပန်းဝတ်မှုံကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုကိုကာကွယ်ဖို့ Mask တပ်တဲ့သူတွေများပြီး၊ ပုံမှန် အပြင်ထွက်တဲ့အခါ Mask တပ်တဲ့သူတွေလည်းရှိပါတယ်။
အဲဒါကြောင့် လှပတဲ့ Mask ဖက်ရှင်တွေကလည်း ထွက်ပေါ်လာပါတော့တယ်။

Mask Charm ဆိုတာက ဒီလိုမျိုး Mask မှာတွဲပြီး တပ်ရတဲ့ ပစ္စည်းလေးကိုပြောတာနော်။

 

 

 


https://www.creema.jp/item/8901078/detail

 

နားကပ်ပုံစံနဲ့ ခပ်ဆင်ဆင်ပါပဲ။

 

 

 

 

https://www.creema.jp/

 

https://minne.com/

ဒါကတော့ ‌ယောကျာ်းလေးတွေအတွက်ဆိုသင့်တော်မယ်ထင်တာပဲ ?
Manga ထဲက Seinto Seiya ရဲ့ ဇာတ်ကောင်ကို အခြေခံပြီး ထုတ်ထားတဲ့ Charm လေးတွေ။

 

 

ဒီလို ပုံစံမျိုးလည်းရှိပါတယ်။

 

Mask တပ်လိုက်တဲ့အခါ နှာခေါင်းရဲ့ ပုံစံနေရာကို မိမိနှာခေါင်းပုံစံနဲ့ ကိုက်ညီစေပြီး မျက်မှန်တပ်ထားတဲ့အခါမှာလည်း အဆင်ပြေစေပါတယ်။
ဒီ Mask က အလွှာကိုချွတ်ပြီး နောက်ထပ်ပြန်လည်အသုံးပြုနိုင်ပါတယ်။
ကျွန်တော်ကတော့ ဒီ Mask ကို အကြိုက်ဆုံးပဲ။

Mask ထုတ်ကုန်ပစ္စည်းတွေပြည့်နှက်နေတဲ့ ဂျပန်နိုင်ငံဆိုပေမယ့် အရေးအကြီးဆုံးဖြစ်တဲ့ Mask တွေကတော့ အခုအချိန်မှာ တော်တော်နဲ့ ဝယ်ဖို့မလွယ်ပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ် ကိုရိုနာကြောင့် ဖြစ်ပွားနေတဲ့ စိတ်ကျဝေဒနာတွေကိုလည်း တက်နိုင်သလောက်လျော့ချပြီး အတူတူကျော်လွှားကြရအောင်နော် !

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: