Salonpas ရဲ့ နောက်ထပ်အသုံးပြုပုံတစ်နည်း!!!!

စာဖတ်သူတို့ရော Salonpas (ဇာတ်ကြောတက်ရင်ကပ်တဲ့ ပလာစတာ)ကိုအသုံးပြုနေကြလား?
ဂျပန်နိုင်ငံရဲ့ ဟိုးအရင်ကတည်းကမူလထုတ်ကုန်ဖြစ်ပြီး၊ ဂျပန်အပြင်တစ်ခြားမှာလည်းပဲသုံးစွဲကြသူတွေ
အများကြီးရှိလိမ့်မလား? လို့စာဖတ်သူတို့တွေးကောင်းတွေးမိမယ်….
အံ့အားသင့်ရလောက်တဲ့အထိ ဂျပန်လူမျိုးတွေအသုံးပြုကြသတဲ့……

ဥပမာ ဇာတ်ကြောတက်နေတဲ့အချိန် စာဖတ်သူဆိုရင် Salonpas ပလာစတာ ကိုဘယ်နေရာမှာကပ်သလဲ?

https://www.hatsuratsu.me/shippu-koyubi/

 

 

ပုခုံးမှာကပ်ကြတာကပုံမှန်ဖြစ်ပေမဲ့၊ တကယ်ကတော့ အဲ့ဒီနည်းလမ်းကမှားပါတယ်။
မှန်ကန်တဲ့ပုံစံက ဒီမှာပါ…..

 

 

https://www.hatsuratsu.me/shippu-koyubi/

Salonpas ကိုသေးသေးလေးညှပ်လိုက်ပြီး လက်သန်းမှာကပ်လိုက်ရုံပါပဲ…
ပြန်ပြီးကွာတတ်တဲ့အတွက် ကပ်တဲ့ပလာစတာ ဒါမှမဟုတ် တိပ် နဲ့ဖိကပ်ထားလိုက်ပါ…

ဒီလိုလုပ်တာနဲ့ပဲ..
– ဇာတ်ကြောတက်ခြင်း
– ခေါင်းကိုက်ခြင်း
– အိပ်ရေးမဝခြင်း
– စိတ်ကသိကအောက်ဖြစ်ခြင်းနဲ့စိတ်ပူပန်ခြင်း
– မျက်လုံးနီရဲခြင်း
– ခေါင်းမူးခြင်း
– နားအူခြင်း

အစရှိတဲ့ဝေဒနာတွေကနေ သက်သာပျောက်ကင်းစေနိုင်ပါတယ်။
အဲ့ဒီလိုကပ်ထားရမှာကလည်း ၆နာရီကနေ ၈နာရီအတွင်းပဲဖြစ်ပါတယ်။
ညဘက်အိပ်ယာဝင်ခါနီးမှာကပ်ထားပြီး မနက်နိုးတဲ့အချိန်မှာဖြုတ်လိုက်ပါ။
ဒီလိုနည်းကတော့ သက်‌ရောက်မှုအရှိဆုံးပါပဲ…

ဘာကြောင့်အဲ့ဒီလိုသက်ရောက်မှုရှိရတာလဲဆိုတော့ လက်သန်းမှာရှိတဲ့ကွေးနိုင်ဆန့်နိုင်တဲ့ကြွက်သားရဲ့
အာရုံခံစားနိုင်မှုဟာ အပြန်အလှန်သက်ရောက်နေတဲ့အာရုံကြောတွေရဲ့ လှုပ်ရှားမှုနဲ့အတော်လေးကိုဆက်နွယ်မှုရှိပြီး
အဲ့ဒီလက်သန်းရဲ့ကြွက်သားကို Salonpas နဲ့အေးအောင်လုပ်လိုက်တဲ့အခါ အပြန်အလှန်သက်ရောက်နေတဲ့အာရုံကြောတွေရဲ့
လှုပ်ဆော်နေမှုဟာပြန်ငြိမ်သက်သွားပြီး မူလရှိပြီးသားအာရုံခံစားနိုင်မှုက ဟန်ချက်ပြန်ညီသွားပါတော့တယ်…

လက်သန်းကျပ်ပူ ကျပ်ထုပ်ထိုးနည်းလို့ခေါ်နိုင်တဲ့ ကျန်းမာရေးနည်းလမ်းပဲဖြစ်ပါတယ်။

ယုံလားမယုံလားတော့ မသိပေမဲ့၊ လွယ်ကူတဲ့နည်းဖြစ်တဲ့အတွက်သေချာပေါက်စမ်းကြည့်ပြီး
ဆိုးကျိုးတွေကောမရှိဘူးလာလို့လက်တွေ့လုပ်ကြည့်လိုက်ပါနော်….

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: