ဟာသလူရွှင်တော် Ken Shimura ၊ ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဆုံးပါးသွားပြီး!!!

ဒီ‌တောင်ကိုသူမကျော်နိုင်တော့ပြီ…….

မျိုးစိပ်သစ်ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီး၊ ဆေးရုံတက်ဆေးကုသမှုခံယူရင်းနဲ့ ဂျပန်နိုင်ငံရဲ့ လူရွှင်တော်
Ken Shimura တစ်ယောက် ကျန်ခဲ့တဲ့ မတ်လ၂၉ ရက်နေ့ညမှာပဲ ကွယ်လွန်သွားခဲ့ပါပြီ။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် အဆုတ်ရောင်ရမ်းမှုဖြစ်တဲ့အတွက် တိုကျိုမြို့မှာရှိတဲ့ဆေးရုံမှာပဲ ည ၁၁နာရီ ၁၀ မိနစ်၊ အသက်၇၀ ရှိပြီဖြစ်တဲ့
Ken Shimura တစ်ယောက်ဆုံးပါးသွားခဲ့ပါတယ်။

Ken Shimura ဟာ ၃လပိုင်း ၁၇ရက်နေ့မှာ ဗိုင်းရပ်စ်ကူးစက်ခံရကာ၊ တိုကျိုမြို့မှာရှိတဲ့ဆေးရုံမှာ
ပြင်းထန်အဆုတ်ရောင်ရောဂါနဲ့ ဆေးရုံတက်ပြီး၊ ၂၅ရက်နေ့မှာ
သူ့မှာရောဂါရှိနေပြီးဖြစ်ကြောင်းတရားဝင်ကြေငြာလိုက်ပါတယ်။

https://www3.nhk.or.jp/news/html/20200330/K10012357011_2003300949_2003300949_01_02.jpg

အဲ့ဒီနောက်ဆေးကုသမှုခံယူရင်းနဲ့ မနေ့က၂၉ရက်နေ့ ည ၁၁နာရီ ၁၀ မိနစ်မှာပဲ ဆေးရုံပေါ်မှာကွယ်လွန်သွားခဲ့ပါတယ်။
သူဟာဆိုရင် ၁၉၅၀ခုနှစ် ဖေဖော်ဝါရီ ၂၀ရက်နေ့မှာ တိုကျိုမြို့ရဲ့ Higashimurayama အရပ်မှာမွေးဖွားခဲ့ပြီး၊
ကွယ်လွန်ခဲ့တာကတော့ တိုကျိုမြို့ Shinjuku အရပ်မှာရှိတဲ့
National Center for Global Health and Medicine မှာ
29 March 2020, (aged 70) ည ၁၁နာရီ ၁၀ မိနစ်အချိန်မှာဆုံးပါသွားခဲ့ပါတယ်။

သူ့ရဲ့ ဘဝတစ်လျှောက်လုံးမှာသူဟာ ဟာသလူရွှင်တော်တစ်ယောက်၊ သရုပ်ဆောင်တစ်ယောက်၊
အဆိုတော်တစ်ယောက်၊ အသံသရုပ်ဆောင်လည်းဖြစ်၊ အစီအစဥ်တင်ဆက်သူတစ်ယောက်လည်းဖြစ်ခဲ့ပါတယ်။

သူ့ရဲ့ဆုံးရှုံးမှုကတော့ ဂျပန်အနုပညာလောကအတွက် ကြီးမားတဲ့နှစ်နာမှုတစ်ခုပါပဲ။
ဒါ့အပြင်သူဟာ ဒီလာမယ့်နွေရာသီရဲ့ တိုကျိုအိုလံပစ်နဲ့ပါရာလံပစ်ပြိုင်ပွဲမှာ
မီးပွိုင့်အပြေးသမားအဖြစ်ရွေးချယ်ခံထားရပေမဲ့လည်း ဗိုင်းရပ်စ်ကိစ္စကြောင့်အိုလံပစ်ကိုရွှေ့ဆိုင်းလိုက်ရသလို၊
ဒီတောင်ကိုလည်း သူမကျော်နိုင်တော့ပါဘူး။

သူ ကျန်ခဲ့ရပါပြီ….

ဗိုင်းရပ်စ်ကူးပြီး ၂ ပတ်အတွင်းမှာပဲသေဆုံးခဲ့ရခြင်းဖြစ်ပါတယ်။

https://www3.nhk.or.jp/news/html/20200330/K10012357011_2003301014_2003301015_01_03.jpg

သူ့ရဲ့အဖွဲ့ဝင်များအားလုံးလည်း shock ရသွားတဲ့အထိကိုဖြစ်ခဲ့ရပါတယ်။
သူ့ရဲ့နောက်ဆုံးအချိန်မှာ ” သူ့ကိုအားပေးတဲ့စကားတွေအတွက် ကျေးဇူးတင်ကြောင်းနဲ့၊ သူကိုယ်တိုင်တောင်
သေရတော့မယ်လို့မထင်ခဲ့ဘူး ဆိုတဲ့အကြောင်းတွေလည်းပြောပြီး နောက်ဆုံးအချိန်ထိလူတွေကိုဟာသလေးတွေနဲ့ဖျော်ဖြေပေးပြီးပြီ၊
နောက်ဘဝကျမှပဲ နှုတ်ဆက်ပွဲလေးကိုကျင်းပရအောင်” လို့ပြောကာ ဒီလောကကြီးကနေအပြီးထွက်ခွာခဲ့ပါတယ်။

သူရဲ့သတင်းကိုကြားပြီး လူတွေတော်တော်များများကလည်း အံ့သြခဲ့ကြသလို ဟာသလူရွှင်တော်ဖြစ်တဲ့အတွက်
အသက်ပိုရှည်ခဲ့မယ်လို့ထင်ခဲ့ကြတာပါ။ ဒါပေမဲ့သူတို့ ဗိုင်းရပ်စ်ကိုသတိမထားမိခဲ့ကြပါဘူး။

https://www3.nhk.or.jp/news/html/20200330/K10012357411_2003301238_2003301242_01_02.jpg

 

ကမ္ဘာ့ကပ်ဘေးလိုဖြစ်နေတဲ့ဒီဗိုင်းရပ်စ်ကြောင့် သေဆုံးရသူတွေဒုနဲ့ဒေးနဲ့ပါ။
နောက်ဆုံးအချိန်အထိ မိသားစုနဲ့တွေ့ခွင့်မရလိုက်တဲ့သူတွေ……
ဗိုင်းရပ်စ်ကို ရှိသမျှခွန်အားနဲ့ပြန်တိုက်ခိုက်ရင်း နှုတ်ဆက်စကားလေးတောင်ပြောခွင့်မရလိုက်တဲ့သူတွေ…
ဒီအတွက် ဘယ်သူ့ကိုအပြစ်တင်ရမလဲ….

ဖြစ်ပြီးတာတွေလည်း ရှိပါစေတော့
အခုအချိန်လုပ်ဆောင်ရမှာက နိုင်ငံတော်ကချမှတ်ထားတဲ့စည်းကမ်းချက်တွေနဲ့အတူ ပူးပေါင်းပြီး ဒီဗိုင်းရပ်စ်ကိုတွန်းလှန်ဖို့ပါပဲ။
အိမ်မှာနေပါ၊ မကြာခဏလက်‌ဆေးပေးပါ၊ လူတွေနဲ့ ၃ပေအကွာလောက်ကနေပဲ စကားပြောပါ။
ဗိုင်းရပ်စ်ကို မပေါ့ဆစေချင်ပါ…

သေဆုံးသူတို့ရဲ့ ဝိညာဥ်တွေကောင်းတဲ့နေရာရောက်ဖို့ ဆုတောင်းပေးရင်း…စာဖတ်သူတို့လည်း ကျန်းကျန်းမာမာနဲ့ ဒီတောင်ကိုကျော်ဖြတ်နိုင်ကြပါစေ……

 

HsuMon

 

 

 

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: