လွန်ခဲ့တဲ့နှစ်ပေါင်း၁၀၀ခန့်တည်းကရှိခဲ့ပြီး ခန္ဓာကိုယ်အတွက်ကောင်းတဲ့ Karupisu ဖျော်ရည် !!

ဂျပန်လူမျိုးအားလုံးနီးပါးသောက်ဖူးကြတယ်လို့ပြောကြတဲ့ Karupisu လို့ခေါ်တဲ့ဖျော်ရည်ကိုစာဖတ်သူတို့ရော သိကြလား?
အရသာက ချိုချိုချဥ်ချဥ်လေးနဲ့အဖြူရောင်ဖျော်ရည်လေးပါ။
ဒါကိုနှစ်ပေါင်း၁၀၀ကျော်တည်းကရောင်းချလာတာဖြစ်ပြီး ကျန်းမာရေးအတွက်လည်းအရမ်းကိုကောင်းတဲ့ဖျော်ရည်ပါ။

 

https://newswitch.jp/p/16886

 

၁၉၁၉ခုနှစ်၊ ဇူလိုင်လ၊ ၇ရက်နေ့မှာစတင်ရောင်းချခဲ့တာဖြစ်ပါတယ်။
ဒီဖျော်ရည်ကို Mishima Kaiun ဆိုတဲ့သူဟာ မွန်ဂိုလီးယားကိုခရီးသွားတဲ့အခါက တွေ့ရှိခဲ့တဲ့သောက်စရာအရာတစ်ခုကနေ မှီငြမ်းပြီးတီထွင်ခဲ့ပုံရပါတယ်။

Mishima ကလူတွေရဲ့ ကျန်းမာရေးအတွက်စဥ်းစားပြီး ဒါကိုဖန်တီးခဲ့တဲ့ပုံပါ။
စတင်ရောင်းချရာအချိန်ကနေအခုအချိန်ထိကို နှစ်ပေါင်း၁၀၀ကျော် ဆက်လက်ရောင်းနေရတယ်ဆိုတာ လွယ်တဲ့ကိစ္စတော့မဟုတ်ဘူးနော်?
ချိုပြီးတော့ အနည်းငယ်ချဥ်တဲ့ ဒီဖျော်ရည်ဟာတကယ်ပဲ ခန္ဓာကိုယ်အတွက်အကျိုးသက်ရောက်မှုရှိပုံရပါတယ်။

၁။ အသားအရည်ကိုဖြူဝင်းလှပစေတယ်။
အဖြူရောင်အရည်ကိုသောက်ခြင်းအားဖြင့် ဖြူလာတယ်ပြောတာမဟုတ်ဘူးနော်။ အသားအရည်ကိုလှပ
စေပြီးအရေပြားထိန်းသိမ်းမှုကို တိုးမြင့်ပေးတဲ့အတွက် တင်းရင်းလှပတဲ့အသားအရေကိုရရှိစေပါတယ်။
ဒါကလိမ်းတာမဟုတ်ဘူးနော် သောက်ရမှာပါ

၂။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်‌စေတယ်။
အိပ်တဲ့အခါမှာ ခဏခဏပြန်ပန်နိုးတာမျိုးတွေရှိတတ်ပါတယ်။
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်တဲ့အခါ ဦး‌နှောက်ကအနားယူနိုင်ပါတယ်။ နှစ်ခြိုက်စွာမအိပ်စက်နိုင်ဘဲ အိပ်မက်မက်ပြီးဦးနှောက်လှုပ်ရှားတဲ့အတွက်
အိပ်ရေးမဝတာတွေလည်းရှိပါတယ်။
ဒီဖျော်ရည်ကတော့ နှစ်ခြိုက်စွာအိပ်ပျော်နိုင်တဲ့အစွမ်းရှိလို့ အိပ်ယာနိုးလာတဲ့အခါ လန်းဆန်းနေစေမှာပါ။

၃။ ကိုယ်ခံစွမ်းအားကိုတိုးတက်စေတယ်။
ယခုဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်သည်အလွန်အန္တရာယ်ရှိနေပေမဲ့၊
အချဥ်ဖောက်ထားတဲ့အစားအစာများက ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးနိုင်တဲ့အတွက်
ဒီဖျော်ရည်ကိုသောက်လို့လည်းရတယ်နော်။

၄။ ဓာတ်မတည့်တာကိုသက်သာစေတယ်။
ဂျပန်မှာနေတဲ့လူတွေထဲမှာ ပန်းဝတ်မှုံကြောင့်ဖြစ်တဲ့ဓာတ်မတည့်မှုဆိုတာရှိပါတယ်။နွေဦးရောက်ရင် ပန်းဝတ်မှုံကိုရှူမိပြီး
နှာရည်ယိုတာရပ်လို့မရ၊ နှာချေတာတွေဖြစ်တဲ့ဓာတ်မတည့်မှုပါ။
ပန်းဝတ်မှုံအမှုန်တွေပဲမဟုတ်ဘဲ၊ ဖုန်တွေဖုန်မှုံတွေကြောင့်ဖြစ်တဲ့ ကာလဝမ်းရောဂါအတွက်ပါ အကျိုးသက်ရောက်မှုရှိတဲ့ ဒီဖျော်ရည်။

တကယ်တော့ဆေးဘက်ဆိုင်ရာ စမ်းသပ်မှုတွေလုပ်ခဲ့ပြီး Karupisu ကို၈ပတ်ဆက်တိုက်သောက်မယ်ဆိုရင်
သက်သာပျောက်ကင်းစေတဲ့အကျိုးသက်ရောက်မှုတွေကို တွေ့ရပါလိမ့်မယ်။

၅။ အရေပြားရောင်ရမ်းမှုကိုသက်သာစေတယ်။
ဒါကလည်းဓာတ်မတည့်မှုတစ်မျိုးဖြစ်ပါတယ်။ အရေပြားခြောက်သွေ့ပြီး ယားယံမှုတွေဖြစ်တဲ့အလွန်သနားဖို့ကောင်းတဲ့ ဓာတ်မတည့်မှုမျိုးပါ။
ဒီဓာတ်မတည့်မှုကိုလည်း ၈ပတ်အကြာစမ်းသပ်မှုမှာ သက်သာပျောက်ကင်းတာကို သိရှိရပါတယ်။

၆။ ဝမ်းမှန်စေတယ်။
ဒီဖျော်ရည်ကိုသောက်ခြင်းအားဖြင့် အူရဲ့လုပ်ဆောင်ချက်ကိုပိုမိုအားကောင်းစေပြီး ဝမ်းမှန်စေပါတယ်။
ဝမ်းချုပ်တတ်တဲ့သူတွေအတွက်သောက်ကြည့်ဖို့ အကြံပြုပါတယ်။
ဒါဆိုရင်တော့ အရသာရှိတဲ့ Karupisu ကိုဘယ်လိုသောက်ရမလဲဆိုတာပြောပြမယ်နော် ..

ခရမ်းချဥ်သီး Karupisu

 

https://kumiko-jp.com/archives/86401.html

Karupisu 50ml ခရမ်းချဥ်သီးဖျော်ရည် 250ml
ခရမ်းချဥ်သီးဖျော်ရည်က သင့်ရဲ့ကျန်းမာရေးအတွက်ကောင်းသော်လည်းသောက်ဖို့ခက်ခဲပါတယ်။

Karupisu နဲ့ရောသောက်လိုက်ရင်တော့ ချိုမြိန်လန်းဆန်းစေတဲ့အရသာရှိလို့ ကလေးများပင်သောက်နိုင်တဲ့ဖျော်ရည်ပေါ့

Karupisu ဘီယာ

 

https://kumiko-jp.com/archives/86401.html

 

ကျန်းမာရေးအတွက်ကောင်းလားဆိုးလားထက်
အရသာကနူးညံ့သိမ်မွေ့လို့ တကယ်အရသာရှိပါတယ်။
ဘီယာမသောက်တတ်တဲ့အမျိုးသမီးများပင်လျှင်လွယ်လွယ်ကူကူသောက်နိုင်ကြတယ်တဲ့။ ဒါဆို အလုပ်မှာပင်ပန်းနွမ်းနယ်တဲ့အခါ နည်းနည်းသောက်ကြည့်ပေါ့နော်

အချိုးကတော့ Karupisu 1 ဖြစ်ပြီးဘီယာကတော့ 6 ဖြစ်ပါတယ်။

နွားနို့ Karupisu

 

https://kumiko-jp.com/archives/86401.html

 

နွားနို့ကနေထုတ်တဲ့ ဒီKarupisu ကိုပဲနွားနို့နဲ့ပြန်ရောပြီး‌သောက်တဲ့အခါ ထူးခြားတဲ့အရသာကိုတဖန်ခံစားရစေတယ်။
အချိုးကတော့ 1:5 ဖြစ်ပြီး ခရမ်းချဥ်သီးဖျော်ရည်နဲ့ အတူတူပါပဲ။
နွားနို့မကြိုက်တဲ့သူတွေအတွက်လည်း သောက်သုံးနိုင်လားဆိုတော့ သောက်ကြည့်ကြည့်ပေါ့နော် …
အကယ်၍ရေ သို့မဟုတ် ကာဗွန်နိတ်ရေနဲ့ရောသောက်မယ်ဆိုရင်တော့ 1:4 နဲ့ရောပြီးသောက်ပါ။
ရေနွေးနဲ့လည်းသောက်လို့ရပါတယ်။

ဆောင်းရာသီမှာ အအေးဒဏ်ကြားထဲအပူလေးသာသောက်လိုက်ရရင် စိတ်ချမ်းမြေ့စရာခံစားချက်ရစေမှာနော်

ဒါနဲ့ Karupisu ဆိုတာက အင်္ဂလိပ်လို Cow.Piss ဆိုတဲ့အသံထွက်နဲ့ဆင်တူပြီး အမေရိကားမှာတော့ Calpicl လို့ခေါ်ကြတယ်လို့ဆိုပါတယ်။

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: