စစ်မှန်တဲ့အချစ်ကိုလည်း သင်ပေးနိုင်တဲ့ ဆာမူရိုင်းရဲ့ လမ်းစဥ် !!!!!!
武士Bushi ဆိုတာ၊ ဆာမူရိုင်းကိုပြောတာပါ။
武士Bushi ဆိုတာ ဘယ်လိုဖြစ်တည်မှုမျိုးလဲ? ဆိုတဲ့ သံသယမေးခွန်းတွေက ဆာမူရိုင်းလောကမှာထွက်ပေါ်လာပါတယ်။
ဆာမူရိုင်းဆိုတာ ဒီလိုဖြစ်သင့်တယ်ဆိုပြီး ရေးသားထားတဲ့ ရည်ညွှန်းစာအုပ်တွေ များစွာရှိတဲ့အထဲကမှ တစ်ခုကတော့ 葉隠 Hagakure လို့ခေါ်တဲ့ ကျမ်းဂန်လိုစာအုပ်ပဲဖြစ်ပါတယ်။
ဒီစာအုပ်မှာ ဆာမူရိုင်းရဲ့ လျှို့ဝှက် ဉာဏ်ပညာနဲ့ပတ်သက်ပြီးရေးသားထားသလို၊ လက်တွေ့ကျပြီး ဆာမူရိုင်းစစ်သည်တို့ရဲ့ စိတ်စွမ်းအားကို မြင့်တင်ပေးတဲ့အရေးအသားတွေကိုလည်း တွေ့ရပါတယ်။
စာအုပ်အမှတ်စဥ် ၁၁ မှာ စုစည်းထားတဲ့ ဒီစာအုပ်ထဲကနာမည်ကြီးတဲ့ စကားစုလေးကတော့
武士道とは、死ぬ事と見つけたり
“ ဆာမူရိုင်းလမ်းစဥ်ဆိုတာ သေဆုံးခြင်းနဲ့ ရှာဖွေခြင်းအကြောင်းဖြစ်တယ် ”
လို့ဆိုတဲ့ စကားစုလေးပဲဖြစ်ပါတယ်။
သေမယ်ဆိုလည်း ကောင်းတယ်လို့ဆိုချင်တာမဟုတ်ဘဲ၊ ဂုဏ်ရှိရှိနဲ့ အသေခံမယ်လို့ ပြောချင်တဲ့ အဓိပ္ပါယ်ပါ။
https://mag.japaaan.com/archives/113585
အဲ့ဒီလောက်အထိ ခက်ခဲနက်နဲတဲ့အကြောင်းအရာတွေအထဲကမှ အဆုံးအစမဲ့တဲ့မေတ္တာဆီကို ခေါ်ဆောင်ပေးသွားတဲ့ လျှို့ဝှက်ချက်တွေလည်း ရှိနေပါတယ်။ အဲ့ဒါကိုတော့ “忠義(ちゅうぎ)” chūgi သစ္စာရှိမှုလို့ ခေါ်ပါတယ်။
သစ္စာရှိမှုဆိုတာက အခြေခံရှိရမယ့်စိတ်ဓါတ်ထဲကတစ်ခုအပါအဝင်ပါ။
ပြောချင်တာကတော့ တစ်ဖက်လူအပေါ် သစ္စာရှိတယ်ဆိုတဲ့ အဓိပ္ပါယ်ပေါ့
諌言は一番槍に勝る
“ အမှန်ကိုပြင်ပေးတဲ့စကားဟာ စစ်သည်တော်တွေထက်ခွန်အားကြီးတယ်…”
ရှေးစကားဖြစ်တဲ့အတွက် နားလည်ဖို့ခက်ခဲနေပေမဲ့၊
諌言Kangen ဆိုတာက လူကြီးက မိမိရဲ့ အမှားကိုအမှန်ဖြစ်အောင်ပြင်ပေးတယ်ဆိုတာကို ပြောတာဖြစ်ပြီး၊ 一番槍Ichiban’yari ဆိုတာက စစ်ပွဲအချိန်တုန်းက အရှေ့ကနေအရင်ဦးဆုံးထွက်ခွာတဲ့ စစ်သည်တော်ကို ပြောတာဖြစ်ပါတဘ်။
ရဲစွမ်းသတ္တိနဲ့ပြည့်စုံတဲ့ အကောင်းဆုံးစစ်သည်တော်ထက် အမှန်ကိုပြင်ပေးတဲ့သူက ပိုပြီးကြီးမြတ်တယ် ဆိုတဲ့ အဓိပ္ပါယ်ပဲဖြစ်ပါတယ်။
https://mag.japaaan.com/archives/113585
အကောင်းဆုံးစစ်သည်တော်ဖြစ်ဖို့ဆိုတာကလည်း တော်တော်တန်တန် ဖြစ်ဖို့ခက်ခဲပါတယ်။
အသက်သေစေနိုင်လောက်တဲ့အထိ အန္တရာယ်ရှိတဲ့အတွက်၊ အကယ်၍သေခဲ့မယ်ဆိုရင်တောင် ကြီးမားတဲ့ဂုဏ်ပြုခံရမှုဖြစ်လာမှာပါ။
အဲ့ဒီအချိန်တုန်းက 武士Bushi လို့ခေါ်တဲ့ ဆာမူရိုင်းတွေက သေရမှာကိုမကြောက်ဘဲ၊ ထွက်ပြေးတယ်ဆိုတာကိုလည်း ရှက်စရာလို့ သဘောထားပြီး၊ ဂုဏ်ပြုခံရမှုကိုပဲ တန်ဖိုးထားခဲ့ကြပါတယ်။
အကယ်၍သေခဲ့မယ်ဆိုရင်လည်း ဂုဏ်ပြုခံရတဲ့ စစ်သည်တော်ပေါ့….
စစ်သည်တော်တွေအတွက် ဂုဏ်ပြုပေးမယ်ဆိုတဲ့ အာမခံချက်ကလည်းရှိပြီးသားပါ။
ဒါဆို 諌言Kangen အမှန်ကိုပြင်ပေးတဲ့စကားဆိုတာ ဘယ်လိုမျိုးကိုပြောချင်တာလဲ?
https://mag.japaaan.com/archives/113585
တစ်ဖက်လူ၊ အထူးသဖြင့် မိမိကအစေခံနေတဲ့ မိမိရဲ့ သခင်ကမှားနေလို့ အမှန်ပြင်ပေးမယ်ဆိုရင်၊ သခင်ရဲ့ စိတ်ဆိုးဒေါသထွက်တာခံရမှာ အမှန်ပဲဖြစ်ပါတယ်။
အမှန်တရားက သွေးထွက်အောင်မှန်ပါစေအုံး
မိမိကိုကန့်ကွက်မယ့်စကားတွေဆိုရင် မကြားချင်ကြတာ လူတိုင်းပါပဲ။ ဒါကိုလူ့သဘာဝလို့ ခေါ်ရမှာပေါ့…..
ဘာနဲ့တူသလဲဆိုတော့ စစ်တိုက်ထွက်ရတာနဲ့တူပါတယ်….
အဲ့ဒီလို တစ်ဖက်လူက ကိုယ့်ကိုစိတ်ကွက်သွားပြီဆိုရင် ဂုဏ်ပြုခံရမှာကိုအသာထား၊ ပြန်ပြီးအသိအမှတ်ပြု တုံ့ပြန်မှုလေးတောင် ရစရာလား!!!! အန္တရာယ်တွင်းထဲတောင် ရောက်သွားပါပြီ……..
သူ့ကိုပြောရကောင်းလားဆိုပြီး ဒေါသထွက်သွားတဲ့သခင်က 切腹Seppuku (မိမိဝမ်းဗိုက်ကို မိမိကိုယ်တိုင်လှီးဖြတ်အသေခံပြီး တောင်းပန်ခြင်း) လုပ်ခိုင်းပါတော့တယ်……..
ရက်စက်တဲ့တောင်းပန်ခြင်းမျိုးပဲနော်………
အဲ့ဒီလိုအချိန်မှာ ပုံမှန်သခင်ကြီးရဲ့ လက်အောက်ကလူတွေကလည်း မကန့်ကွက်ရဲဘဲ “ ဟုတ်ကဲ့ ” ဆိုပြီး ခေါင်းညိတ် လုပ်ဆောင်ရပါတယ်……
ဂုဏ်ယူစရာအလုပ်ကိုလုပ်ရမှာထက်၊ တစ်ဖက်လူရဲ့ အကြောင်းကိုစဥ်းစားပြီး လမ်းမှန်ရောက်သွားအောင် အမှန်တရားကိုပြောဖို့က ပိုပြီးသတ္တိရှိရတဲ့လုပ်ဖြစ်နေပြီး၊
အဲ့ဒီလိုစိတ်ဓါတ်က ဆာမူရိုင်းတစ်ယောက်မှာ ရှိနေသင့်တယ်လို့ 葉隠Hagakure ဆိုတဲ့ စာအုပ်မှာရေးသားထားပါတယ်။
ဆာမူရိုင်းတစ်ယောက်ရဲ့ လမ်းစဥ်လို့လည်း ခေါ်ပါတယ်။
မိမိရောက်ရှိနေတဲ့နေရာနဲ့ အကျိုးအမြတ်တွေကိုတောင် လျစ်လျူရှုပြီး၊ တစ်ဖက်လူအတွက် အလေးအနက်ထားစဥ်းစားပေးကာ ပြောဖို့ခက်ခဲနေတာတွေကို ပွင့်ပွင့်လင်းလင်းသတ္တိရှိရှိ ပြောပြတယ်…..
ဒါကို တကယ့်မေတ္တာလို့ ခေါ်ပါတယ်။
စာဖတ်သူတို့ရဲ့ မေတ္တာမှာရော သစ္စာရှိပါရဲ့လား?
အဆုံးစွန်အထိသစ္စာရှိတယ် = အဆုံးစွန်အထိချစ်တယ်
အဲ့ဒီလို ဆာမူရိုင်းတို့ရဲ့ လမ်းစဥ်က လူတွေကိုဘယ်လိုပြုမူသဘောထားရမလဲဆိုတာကို ပြောပြပေးပါတယ်။
ဒါကြောင့် တစ်စုံတစ်ယောက်အပေါ် လေးလေးနက်နက်နဲ့ ချစ်ချင်တယ်ဆိုရင် သေချာပေါက် ဆာမူရိုင်းတို့ရဲ့ လမ်းစဥ်ကို လေ့လာသင့်ပါတယ်……..
ဆာမူရိုင်းတစ်ယောက်ဟာ တိုက်ခိုက်တဲ့နေရာမှာပဲ ကျွမ်းကျင်တယ်လို့တော့ မထင်လိုက်ပါနဲ့နော်………..!!!!
Kengo Abe