လွန်ခဲ့တဲ့ နှစ် ၁၀၀လောက်က အနာဂတ်ခန့်မှန်းချက်တွေဟာ တိကျမှန်ကန်လွန်းနေတယ်!
အနာဂတ်ကိုတိတိကျကျကြိုတင်ခန့်မှန်းတဲ့အခါပြောဆိုတဲ့ ရုပ်ပြနှင့်ဝတ္ထုတွေတော်တော်လေးရှိကြပါတယ်။
Manga, anime နှင့် AKIRA စတာတွေဟာ ကမ္ဘာပေါ်မှာအရမ်းကိုလူကြိုက်များလာပြီး ၁၉၈၀ ခုနှစ်လောက်မှစပြီးတဖြည်းဖြည်းရေပန်းစားလာပါတယ်။
ဒါကတော့ ၂၀၂၀ ခုနှစ်တိုကျိုအိုလံပစ်နီးကပ်လာချိန်တွင်အမှတ်ရမိတာကတော့ တိုကျိုမြို့တွင်အိုလံပစ်သတ်မှတ်မယ်တယ်ဆိုတာ လွန်ခဲ့သောအနှစ် ၄၀ က ကျွန်ုပ်ဟာ တိုကျိုအိုလံပစ်ကိုတိကျစွာပစ်မှတ်ထားခဲ့ပါတယ်။
သို့သော်လွန်ခဲ့သောအနှစ် ၁၀၀ ကရေးသားခဲ့တဲ့ဤပုံဥပမာတွေက ပို၍ပင်အံ့သြဖွယ်ကောင်းပါတယ်။
ဤလူသည်ယခုခေတ်မှလွန်ခဲ့သောနှစ်ပေါင်း ၁၀၀ သို့အချိန်မီပြန်သွားခဲ့သလား။
မျက်နှာချင်းဆိုင်ပြောတဲ့ ဖုန်း
https://web.smartnews.com/articles/hARr7LK3MVS
အခြားသူယောက်ရဲ့မျက်နှာကိုကြည့်ပြီး မျက်နှာချင်းဆိုင်စကားပြောနိုင်တဲ့ တယ်လီဖုန်း။ အိမ်မှာနေရင်းနဲ့လည်း တစ်ယောက်နဲ့တစ်ယောက်မြင်ရတဲ့ ဆက်သွယ်ရေးကိရိယာတစ်ခုပေါ့။
အခုခေတ်အနေနဲ့ပြောမယ်ဆိုရင် စမတ်ဖုန်းပဲပေါ့နော် ?
အရွယ်အစားက စမတ်ဖုန်းလိုတော့မဟုတ်ပေမယ့်လည်း…
အဆင့်မြင့်ငါးသည်
ဟိုးအရင်တုန်းက လိုချင်တာကိုသွားဝယ်ရတဲ့ခေတ်ဆိုတာအသိသာကြီးဆိုပေမယ့် အိမ်အရောက်ပို့ဝန်ဆောင်မှုပေးတဲ့အနာဂတ်ခန်းမှန်းချက်ထဲမှာရှိခဲ့ပါတယ်။
အခုခေတ်အနေနဲ့ပြောရရင် Amazon ?
အချိန်ကန့်သတ်ထားတဲ့စားသောက်ဆိုင်
အချိန်ကန့်သတ်ပြီးတော့စျေးသက်သက်သာသာနဲ့စားသောက်လို့ရနိုင်တာတွေ
အခုခေတ် အသင့်စား အစားအစာတွေနဲ့ အစားအသောက်ရှောင်ရတဲ့ပြဿနာတွေကိုပုံဖောင်ထားတဲ့ ပုံစံပေါ့။
လွန်ခဲ့တဲ့နှစ်၁၀၀လောက်ကတော့ ဒီလိုမျိုးတွေတွေးပြီး ကြုံတွေ့ကြမယ်ဆိုတာမဖြစ်နိုင်တာအသေအချာပါပဲ။
ရှုခင်းတွေကိုကိုယ်တိုင်ရိုက်ကူးမယ်
လွန်ခဲ့တဲ့အနှစ်တစ်ရာက ကင်မရာဆိုတာ တကယ့်ကိုကျွမ်းကျင်တဲ့ပညာရှင်ကင်မရာသမား တွေကရိုက်ပေးတာမျိုးပဲရှိတာပါ။
ဒီပုံက Instagramတို့ Facebookတို့ ပေါ်မှာအခုခေတ်တင်လေ့ရှိတဲ့ပုံနဲ့ရော ဆင်မနေဘူးလား?
ဂီတ + ဟာသ
ဂီတဆိုတာ ဂီတအဖြစ်နဲ့ပျော်မွေ့နားဆင်ခဲ့ပေမယ့် ဂီတနှင့်လူရွှင်တော်တွေရဲ့အနာဂတ်ကိုဖော်ပြတဲ့ပုံလေးပေါ့။
မျက်မှောက်ခေတ်ရဲ့သာမန်ပုံလိုပဲနော်။
အပြင်မှာသုံးတဲ့ကြီးမားတဲ့အသံချဲ့စက်
ဒါဟာပွဲတော်လား
အိမ်အပြင်မှာအသံကျယ်ကျယ်နဲ့အတူတကွသီချင်းတွေနားထောင်တယ်ဆိုတာဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀ ကမရှိခဲ့ပါဘူး။
ရဲမေ
အမျိုးသမီးတွေက ရဲအရာရှိဖြစ်ဖို့ဆိုတာ မယုံနိုင်စရာအချိန်ဖြစ်ခဲ့တုန်းကပေါ့။
အမျိုးသမီးကိုယ်စားလှယ်
ထိုနည်းတူစွာပင် အမျိုးသမီးကိုယ်စားလှယ်တစ်ဦးရဲ့ အသွင်အပြင်ဆိုတာလည်း အဲအချိန်တုန်းက တွေးမရလောက်အောင်ဖြစ်ခဲ့မှာပါ။
Ueno ပန်းခြံရဲ့အနာဂတ်ပုံရိပ်
တိုကျိုUeno ဘူတာအနီးကအနည်းငယ်မြင့်တဲ့နေရာမှာတည်ရှိတဲ့ Ueno ပန်းခြံဟာ ကျော်ကြားတဲ့ချယ်ရီပန်းတို့ပွင့်ရာနေရာတစ်ခုဖြစ်ခဲ့ပါတယ်။
ဒါကတော့အနုပညာပြတိုက်ပါ။ ခန့်မှန်းထားတာတွေဟာ အံ့သြစရာပဲနော်။
ထို့အပြင်မြေအောက်ရထားရဲ့ အဖွင့်ကိုလည်းတွေ့မြင်နိုင်ပါတယ်။
တိုကျိုမြေအောက်
မြေအောက်ရထားကြီးများ၊ လျှပ်စစ်၊ ရေ၊ သဘာဝဓာတ်ငွေ့၊ ဆက်သွယ်ရေးစသည်တို့ဖြင့်ပြည့်နှက်နေတဲ့မြေအောက်ခန်းဖြစ်လာလိမ့်မည်ဟုမျှော်လင့်ရတဲ့ပုံပါ။
တကယ်လည်းအဲလိုဖြစ်နေတာပဲနော်။
ရွေ့လျားအိမ်
အိုး? ဒါက စခန်းချကားတွေလို့မျိုး ယခုဂျပန်မှာရှိတဲ့ ခရီးသွားရင်းကားပေါ်မှာပဲနေလို့ရတဲ့ကားမျိုးမလား။
ဒါဟုတ်တယ်မလား?
လေယာဉ်သင်္ဘော
သာမန်ဖောက်သည်များသယ်ဆောင်လာသည့်လေယာဉ်သင်္ဘော။ လေယာဉ်စီးတာမဟုတ်ဘူးနော်။
အဲဒါကိုလေယာဉ်ပျံတစ်ခုအဖြစ်စဉ်းစားမိရင်တော့မှားသွားမယ်နော်။
ခန္ဓာကိုယ်အတု
ဒီပုံက အနည်းငယ်သောထိတ်လန့်ဖွယ်ပုံဖြစ်ပေမယ့်လည်း ခြေတုလက်တုများနှင့်တူတဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ပြန်လည်ပြုပြင်မွမ်းမံနေတဲ့ပုံပါ။
အခြားလွဲမှားတဲ့ ခန့်မှန်းချက်တွေရှိနေပေမယ့်လည်း ဤပုဂ္ဂိုလ်က လွန်ခဲ့သောနှစ်ပေါင်းတစ်ရာခန့်ကအနာဂတ်ကိုမြင်ခဲ့လေသလား?
နောင်နှစ်၁၀၀မှာရှိနေမယ့် ကမ္ဘာကြီးရဲ့အနာဂတ်ကိုရော ဘယ်လိုကြိုဟောမလဲ?
Kengo Abe