အယုံလွယ်တတ်တဲ့ ဂျပန်!!!

အင်တာနက်လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ဂယက်ထခဲ့တဲ့ သံသယဖြစ်ဖွယ် မဟုတ်မမှန်တဲ့သတင်းအချက်အလက်တွေကို တွေ့ရှိခဲ့ရပါတယ်။ ဂျပန်လူမျိုးတွေက လုပ်ကြံသတင်းတွေမှာ အယုံလွယ်တတ်ကြပြီး အဲ့ဒါနဲ့ပဲစိတ်သောကတွေရောက်ရပါတယ်။

 

လက်ရှိဂျပန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပြဿနာနဲ့ပတ်သက်ပြီး မှန်ကန်တဲ့သတင်းတွေရော၊ လုပ်ကြံသတင်းတွေပါ ပျံ့နှံ့နေပြီ၊ နိုင်ငံသူနိုင်ငံသားအားလုံးကြားမှာ ပြဿနာကြီးတစ်ခုလိုဖြစ်နေပါတယ်။

 

Mask တွေပစ္စည်းပြတ်သွားပြီး ရှာဝယ်လို့မရတော့ပါဘူး။

နောက်ထပ်ပစ္စည်းပြတ်သွားတာကတော့ ကုန်ကြမ်းအမျိုးအစားတူကနေထုတ်ထားတဲ့ Toilet Paper ပဲဖြစ်ပါတယ်။ ဒီနောက်ပိုင်းကနေစပြီးတော့ သိုလှောင်ရုံတွေကိုလည်းများများမလုပ်ထားလို့ကတော့ ဒုက္ခတောင်ရောက်နိုင်ပါတယ်။ အချိန်ကြာအုံးမယ်လို့ ပြောနေကြပြီး၊ ဆန်တွေနဲ့ အသင့်စားခေါက်ဆွဲတွေ အစရှိသဖြင့် သိမ်းထားလို့ရတဲ့ စားသောက်ကုန်တွေလည်း ပစ္စည်းပြတ်နိုင်ချေရှိပါတယ်။

 

အဲ့ဒါက ၂၀၁၁ ခုနှစ် ဂျပန်နိုင်ငံအရှေ့ပိုင်းမှာဖြစ်ပွားခဲ့တဲ့ ငလျင်အကြီးစားကျရောက်ခဲ့တဲ့အခြေအနေနဲ့ တူတောင်တူနေပါတယ်။

 

အင်တာနက်လူမှုကွန်ယက်တွေ တိုးတက်လာတဲ့အချက်ကြောင့်ပဲ! လို့အပြစ်ပြောသူရှိပေမဲ့၊ တကယ်တော့ ငလျင်လှုပ်တာက အင်တာနက်ထွန်းကားလာမှုကြောင့်ဆိုတာကတော့ မဆိုင်ပါဘူးနော်?!!

၁၉၁၀ ခုနှစ်မှာလည်း စာဖတ်သူတို့ အခုထိမှတ်မိသေးမယ်ဆိုရင် ရယ်တောင်ရယ်မိပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ကောလဟာသစကားတွေမှာ ထိန့်လန့်စိုးရိမ်ခဲ့ကြတာပါ။

၁၉၁၀ ခုနှစ်တုန်းက Halley ဆိုတဲ့ ကြယ်တံခွန်ဟာ ကမ္ဘာနဲ့အနီးဆုံးကိုရောက်ရှိခဲ့တယ်ပေါ့

https://mag.japaaan.com/archives/113975

 

Halley ကြယ်တံခွန်ဟာ ကမ္ဘာမြေပြင်နဲ့တိုက်မိမယ်လို့ ဆိုးရိမ်ဖွယ်ရာတွေကြားရပြီ Halley ကြယ်တံခွန်ရဲ့ အမြီးမှာပါတဲ့ အဆိပ်ရှိတဲ့ဓါတ်ငွေ့တွေကလည်း အန္တရာယ်ရှိတယ်လို့ ပြင်သစ်သိပ္ပံပညာရှင်တစ်ဦးဟာ စပြီး ပြောလာခဲ့ပါတယ်။

အဲ့ဒီစကားနဲ့ပတ်သက်ပြီး

  • ကြယ်တံခွန်ရဲ့ အမြီးမှာပါရှိတဲ့ အဆိပ်ငွေ့ကြောင့် ကမ္ဘာပေါ်မှာရှိနေတဲ့ သက်ရှိအားလုံး အသက်ရှူကြပ်ပြီးသေကုန်မယ်။
  • Mercury ကတိုက်မိပြီး ကမ္ဘာကြီးအက်ကွဲကာ ပင်လယ်သုမ္ဒရာမှာရှိတဲ့ရေအကုန် စီးကျသွားမယ်။
  • ကမ္ဘာပေါ်မှာရှိတဲ့ လေထုဟာ ၅ မိနစ်လောက် ပြတ်တောက်သွားမယ်။

 

အဲ့ဒီသတင်းကိုကြည့်ပြီး အသက်ကြီးအမျိုးသမီးတစ်ယောက် အရမ်းအကြောက်လွန်သွားပြီး မိမိကိုယ်ကိုတောင် အဆုံးစီရင်ပစ်လိုက်ပါတယ်တဲ့။

နောက်ပြီး မြို့ထဲမှာလည်း  ၅ မိနစ်အကြာလောက် လေကိုစုဆောင်းနိုင်ဖို့ဆိုပြီး၊ စက်ဘီးလေထိုးတံတွေကိုလည်း အများအပြားဝယ်ထားကြပါသေးတယ်…

တကယ်ကို ၅ မိနစ်လောက်တစ်ခုခုဖြစ်သွားမယ်လို့ တွေးခဲ့တာများလား??(ရယ်လျက်)

https://mag.japaaan.com/archives/113975/2

 

စကားမစပ် ကြယ်တံခွန်ရဲ့ အမြီးမှာပါလာမယ့် ဓါတ်ငွေ့ထဲမှာအဆိပ်ရှိတယ်ဆိုတာတော့ မှန်ပေမဲ့၊ သေချာတာကတော့ သူကအရမ်းကိုပေါ့ပါးတဲ့ ဓါတ်ငွေ့ဖြစ်တဲ့အတွက်၊ သိပ်သည်းဆအရမ်းများတဲ့ ကမ္ဘာမြေရဲ့ လေထုထဲကိုထိုးဖောက်ဝင်ရောက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

တကယ်တော့ သေချာပေါက် ဘာမှကိုမဖြစ်သွားခဲ့တာပါ။ ဘာပြဿနာတစ်စုံတစ်ခုမှဖြစ်မသွားခဲ့ပါဘူး။

 

ရယ်စရာလေးတစ်ခုကတော့

ကြယ်တံခွန်က ကမ္ဘာမြေပြင်နဲ့လွန်သွားပြီးတဲ့နောက်၊ အားလုံးရဲ့ လက်ထဲမှာ ကျန်ခဲ့တာကတော့ စက်ဘီးလေထိုးတံအများအပြားပဲဖြစ်ပါတယ်တဲ့!!!။

အားလုံးဘာတွေဖြစ်ကုန်တာလဲ? (ရယ်လျက်)

 

မဟုတ်မမှန်သတင်းတွေထဲမှာ အယုံမလွယ်ဘဲ၊ မှန်ကန်တဲ့သတင်းကိုနားစွင့်ပြီးနောက် ဆက်လက်လုပ်ဆောင်ထားရမယ့်အရာတွေကို ပြင်ဆင်ထားရပါမယ်။ အဲ့ဒီလိုမှမဟုတ်ရင်တော့ ဒီလိုအခြေအနေတွေဖြစ်ကုန်ပါမယ်နော်…..

စာဖတ်သူအားလုံးလည်း သတိရှိကြပါစေ..!!!!

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: