ကိုရိုနာဗိုင်းရပ်စ်ရဲ့ သတင်းအမှားကြောင့် ဘာမသိညာမသိ ဝေဖန်ခံလိုက်ရတဲ့နာမည်ကြီး YouTuber!!

လက်ရှိဂျပန်နိုင်ငံမှာ mask မလုံလောက်မှုတွေဖြစ်နေတာကနေ အမျိုးအစားတူစက္ကူကနေထုတ်ထားတဲ့ Toilet Paper တွေတောင် မလုံလောက်မှုတွေဖြစ်သွားမယ်ဆိုတဲ့လုပ်ကြံသတင်းအပေါ် လူအများကလည်း Toilet Paper တွေဝယ်ထားဖို့ ဟိုဟိုဒီဒီအပြေးအလွှားရှာဝယ်နေကြပါတယ်။

ဖြစ်ချင်တော့ Toilet Paper တွေက နေရာတိုင်းမှာ ရောင်းကုန်သွားပါပြီတဲ့….

ဒီအသစ်ထွက်လာတဲ့ လုပ်ကြံသတင်းမှာ တော်တော်များများရဲ့ ဝေဖန်မှုတွေခံလိုက်ရတဲ့ နာမည်ကြီး YouTuber တစ်ယောက်ရှိပါတယ်။ အကြောင်းကတော့ ဒီလိုပါ…….

 

ဂျပန်နိုင်ငံရဲ့ မူလတန်း၊ အလယ်တန်းကျောင်းသားတွေအကြား နာမည်ကြီး YouTuber တစ်ယောက်ဖြစ်နေတဲ့ HIKAKIN ဆိုသူကို စာဖတ်သူတို့ သိကြပြီးပြီလား?

Subscribe လုပ်ကြတဲ့ လူပေါင်း ခန့်မှန်းချေ ၈ သန်းလောက်ရှိတဲ့ ဂျပန်နိုင်ငံရဲ့ YouTube လောကမှာ HIKAKIN ကတော့ ထိပ်တန်းစာရင်းမှာ ရှိနေပါတယ်။ YouTuber ဆိုတဲ့အလုပ်က ဂျပန်မှာလူသိများလာတာဟာလည်း HIKAKIN ကိုတောင်ကျေးဇူးတင်ရမယ်ဆိုပြီး ပြောနေကြပါတယ်။

 

အဲ့ဒီလောက် နာမည်ကြီးတဲ့ HIKAKIN က၊ အခုရက်ပိုင်းလူပြောများနေတဲ့ အကြောင်းအရာမှာ ခေါင်းမီးတောက်နေပုံရပါတယ်။

လက်ရှိဂျပန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရဲ့ သက်ရောက်မှုကြောင့် ကျောင်းတွေလည်းအကုန်ပိတ်လိုက်ရပြီး၊ ပွဲအခမ်းအနားမှန်သမျှ ရပ်နားထားရပြီးတော့ နိုင်ငံရဲ့ ဒေသအသီးသီးမှာ ရှုပ်ထွေးမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ဒီလိုအခြေအနေတွေထဲမှာမှ မဟုတ်မမှန်တဲ့သတင်းတွေကိုဖြန့်ပြီး ပြဿနာတွေကိုပိုပြီး ရှုပ်ထွေးစေခဲ့တဲ့ မကောင်းတဲ့လူတွေလည်းရှိနေပါတယ်.

မဟုတ်မမှန်သတင်းဆိုတာကတော့ “ mask မလုံလောက်တဲ့အတွက်၊ ကုန်ကြမ်းပစ္စည်းတူ စက္ကူကနေထုတ်ထားတဲ့ Toilet Paper တွေတောင် မလုံလောက်တော့ဘူး” ဆိုတဲ့လုပ်ကြံသတင်းပါ။

ဒီသတင်းကိုယုံပြီး Supermarket တွေနဲ့ Drug store တွေမှာ Toilet Paper ကို အများကြီးဝယ်ထားကြတဲ့လူတွေက တစ်နိုင်ငံလုံးနီးပါးဆိုသလို ဖြစ်နေတဲ့အတွက်ကြောင့်ပဲ၊ တကယ်လည်း Toilet Paper တွေရဲ့ ပစ္စည်းပြတ်မှု မလုံလောက်မှုတွေဖြစ်သွားရပါတယ်။

https://images.app.goo.gl/qoDMNiFbVa83o9BMA

 

အမြဲတမ်း Toilet Paper တွေထားထားတဲ့ စင်ကြီးကို ကြည့်ပါအုံး!!! အကုန်ပြောင်သလင်းနေတာပဲ!!

ဂျပန်နိုင်ငံရဲ့ ဘယ်နေရာသွားသွားဒီလိုပုံပဲ မြင်ရပါလိမ့်မယ်။

 

ဒါနဲ့ ဝေဖန်မှုတွေကို အပြည့်အဝခံလိုက်ရတဲ့ HIKAKIN ရဲ့ video ကိုလည်းကြည့်လိုက်ပါအုံး…..

https://images.app.goo.gl/BHuG2biwDvKM26cK9

 

video မှာ caption အနေနဲ့ရေးထားတာလေးကတော့ “ Toilet Paper တွေကို အနှစ် ၂၀ စာလောက်ဝယ်ထည့်ထားလိုက်ပြီ!!! ”

တော်တော်လေးရူးကြောင်ကြောင်နိုင်တဲ့ လုပ်ရပ်ကိုလုပ်လိုက်တယ်လို့ပြောလို့ရပေမဲ့၊ video ကစိတ်ဝင်စားဖို့ကောင်းပြီး၊ မူလတန်း၊ အလယ်တန်းကျောင်းသားတွေအကြားမှာ နာမည်ကြီးသွားခဲ့ပါတယ်။

ဒီလိုအခြေအနေမှာ အဲ့ဒီလိုဝယ်ပစ်လို့ရတာလား?

နာမည်ကြီးသူတစ်ယောက်ဖြစ်လို့ ဒီလိုအများအတွက်မကောင်းတာတွေကို ချပြလို့မဖြစ်ဘူးလေ!!!

လို့ဝေဖန်မှုတွေမှာတွေ့ရပါတယ်။

 

ဒါပေမဲ့ တကယ်ကတော့ ဒီ video ကို YouTube မှာတင်ခဲ့တာ ကျန်ခဲ့တဲ့ ၂၀၁၆ ခုနှစ် ၈ လပိုင်းကတည်းကပါ။

ဟုတ်ပါတယ်။ လွန်ခဲ့တဲ့ ၄ နှစ်မတိုင်ခင်က video လေးပါ။

မကောင်းတဲ့ဝေဖန်သူတစ်ချို့ကြောင့် HIKAKIN ခမျာ “HIKAKIN က Toilet Paper တွေအဲ့ဒီလို အကုန်ဝယ်ပစ်လိုက်လို့ အခုတော့ပစ္စည်းပြတ်ရတာ” လို့ မဟုတ်မမှန်တဲ့လုပ်ကြံသတင်းတွေနဲ့ ဝေဖန်ခံရပါတော့တယ်….။

အင်တာနက်မှာ “နာမည်ကြီးချင်လို့ ဒီလိုမကောင်းတာကိုလုပ်တာလား” “သူ့ကိုသဘောကျခဲ့တာတောင် အခုတော့အံ့သြမိပါတယ်” လို့ အသရေပျက်စေတဲ့ ဝေဖန်မှုတွေလည်း ရလိုက်ပါတယ်။ အရင်တင်ခဲ့တဲ့ video ကို အခုမှလာပြီး ဝေဖန်တာတွေလုပ်နေလို့ HIKAKIN တောင် အံ့အားသင့်ရပါတယ်တဲ့…..

 

ဒီလိုဝေဖန်ခံလိုက်ရတဲ့ HIKAKIN တစ်ယောက် “ဒီလို Toilet Paper တွေဝယ်ခဲ့တာက ကျန်ခဲ့တဲ့ ၄ နှစ်မတိုင်ခင်တုန်းကပါခင်ဗျား။အခုဝယ်ခဲ့တာမဟုတ်ရပါဘူး” လို့တောင် သူ့ခမျာ ပြန်ရှင်းပြတဲ့ video ကိုတင်ခဲ့ရပါတယ်။

သူ့အစား ရယ်ရမလို၊ ငိုရမလိုပဲနော်…..

https://images.app.goo.gl/GfWHm13vn3TTJkbW7

 

တစ်ချိန်တည်းမှာပဲ video မှာ “အရင်ဆုံးပြောချင်တာက Toilet Paper မလုံလောက်မှုတွေဖြစ်လာတယ်ဆိုတဲ့သတင်းက အမှားကြီးပါ။ ကျွန်တော်လက်ရှိအများကြီးမဝယ်ထားပါဘူး။ တကယ်ဒုက္ခရောက်နေတာက Mask ပြဿနာပါခင်ဗျာ” လို့ ရှင်းယူခဲ့ရပါတယ်။ သူကိုကြည့်ပြီး သနားဖို့လည်းကောင်းပါတယ်။

သတင်းတွေကိုလည်း သေသေချာချာကြည့်ပြီးမှယုံကြပါလို့လည်း video နောက်ဆုံးပိုင်းလေးမှာပြောပြီး လုပ်ကြံသတင်းတွေဖြန့်နေသူတွေကိုလည်း သတိပေးခဲ့ပါတယ်။

 

HIKAKIN တစ်ယောက်ကတော့ အရင်ကတင်ခဲ့တဲ့ Video ကိုကြည့်တဲ့လူတွေရဲ့ မကောင်းသတင်းဖြန့်မှုကြောင့် ပြင်းပြင်းထန်ထန်ဝေဖန်မှုတွေခံလိုက်ရပါတယ်။ နာမည်ကြီးသူတစ်ယောက်ဖြစ်လို့လည်း ဘာပဲလုပ်လုပ် စိတ်ဝင်စားတာခံရပြီး၊ ဝေဖန်တာတွေလည်းခံရတယ်ဆိုတာကတော့ ကြောက်ဖို့ကောင်းတယ်နော်….

 

စကားမစပ်…. Toilet Paper တွေမလုံမလောက်ဖြစ်သွားပြီဆိုတာက လုံးဝကိုသတင်းအမှားကြီးပါ။

အရင်ပြောခဲ့တဲ့အတိုင်း Mask နဲ့ Toilet Paper တို့ရဲ့ ကုန်ကြမ်းပစ္စည်းက မတူပါဘူး။

ဂျပန်နိုင်ငံသားတွေရော၊ ဂျပန်ရောက်မြန်မာနိုင်ငံသားတွေရော ဒီလိုလုပ်ကြံသတင်းတွေမှာ မရှုပ်ထွေးဘဲ စိတ်အေးအေးထားပြီး နေကြပါနော်….

သတင်းအမှားတွေက ခဏကြာရင်ပျောက်ကွယ်သွားမှာဖြစ်ပြီး ပုံမှန်ဖြန့်ဝေပေးနေတဲ့သတင်းအမှန်တွေ ထွက်ပေါ်လာမှာပါ။

နာမည်ကြီးနေတဲ့သတင်းတွေမှာ စိတ်မရှုပ်ထွေးဘဲ၊ အဲ့ဒီသတင်းကအမှန်လား? သတင်းရဲ့ အခြေခံကဘာလဲ? ဒီလို သေသေချာချာလေး စိစစ်ပြီးမှယုံကြည်ကြရအောင်နော်!!!

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: