ဝတ်လစ်စားလစ် ရေအတူတူချိုးရတာအရမ်းကြိုက်တဲ့ ဂျပန်လူမျိုး!!!!

ဂျပန်နိုင်ငံဆိုတာ ရေပူစမ်းနဲ့အများသုံးရေချိုးခန်းတွေလိုမျိုး အများပြည်သူသုံးရေချိုးနိုင်ဖို့ ဖွင့်ထားတဲ့ ဆိုင်တွေအများကြီးရှိတဲ့ နိုင်ငံတစ်နိုင်ငံပါ။
ကျွန်မကလေးဘဝတုန်းကဆိုရင် အိမ်မှာရှိတဲ့ရေချိုးကန်မှာရေချိုးလေ့ရှိပေမယ့် နေရာကျယ်ကျယ်ပြန့်ပြန့်မှာရေချိုးချင်တဲ့အခါတိုင်း အများပြည်သူသုံးရေချိုးရေစိမ်ခန်းကို မကြာခဏသွားလေ့ရှိပါတယ်။
ဒီတော့ဂျပန်လူမျိုးတွေဟာ လိင်တူအချင်းချင်းရှေ့မှာ ဝတ်လစ်စားလစ်နဲ့ရေချိုးတာဟာ ရှက်စရာလို့ယူဆလေ့မရှိကြဘူးတဲ့။ စာဖတ်သူတို့အထဲမှာရော ဒီလိုကိုယ်လုံးတီးရေချိုးရတာကိုရှက်တတ်တဲ့သူတွေရှိလားဟင်?
ဒါပေမယ့်ဂျပန်မှာတော့ လိင်တူအချင်းချင်းရေချိုးတာတင်မက ကျား/မ ရောနှောကာ ရေအတူတူချိုးနိုင်တဲ့နေရာတွေလည်းရှိပါတယ်။ ကျား/မ မခွဲခြားပဲ အတူတူရေချိုးရေစိမ်လို့ရတဲ့နေရာပေါ့။
ချစ်သူတို့ မိသားစုဝင်တို့တောင်မဟုတ်ပဲနဲ့ အဝတ်မပါတဲ့ခန္ဓာကိုယ်ကို တခြားသူကို မြင်စေတာဟာ ဂျပန်လူမျိုးတွေအတွက်လည်း မနှစ်မြို့တာတွေရှိကြပေမယ့် အရင်တုန်းက ဒီကိစ္စဟာ သာမန်ဖြစ်ရိုးဖြစ်စဉ်ပါပဲ။
ဒီလိုပုံစံမျိုးပါ။
https://mag.japaaan.com/archives/113504
အဲဒါတောင်ဘာပြဿနာမှမဖြစ်ပွားတဲ့ ဂျပန်နိုင်ငံ၊ အံ့သြဖွယ်ပဲနော်။
သို့သော်… ၁၇၉၁ခုနှစ်တုန်းက ထိုအချိန်ကအစိုးရဖြစ်တဲ့ Matsudaira Sadanobu မှ
ဒီကိစ္စကို ကိုယ်ကျင့်တရားပျက်ပြားခြင်းနှင့် စိတ်အနှောက်အယှက်ဖြစ်စေတယ်လို့ မှတ်ယူခဲ့ပြီး ကျား/မရောနှောရေချိုးခြင်းကို တားမြစ်ခဲ့ပါတယ်။
အဲ့ဒီအချိန်ကနေစပြီး အမျိုးသားများအတွက် ရေချိုးနေရာ၊ အမျိုးသမီးများအတွက် ရေချိုးနေရာဆိုပြီး ရေချိုးရေစိမ်နေရာကို ခွဲခြားအသုံးပြုစေခဲ့ပါတယ်။
သို့သော် အဲ့ဒီဥပဒေထုတ်ပြီးတဲ့နောက် နှစ်ထပ်အများသုံးရေချိုးခန်းကိုစတင်လူကြိုက်များလာပါတယ်။
အမျိုးသမီးရေချိုးနေရာကပထမထပ်မှာရှိပြီး အမျိုးသားများရေချိုးတဲ့နေရာကတော့ ဒုတိယထပ်မှာရှိတဲ့ နှစ်ထပ်ရေချိုးရေပူစမ်းပေါ့။
ပြီးတော့ အမျိုးသားရေချိုးရေစိမ်ခန်းကနေ အမျိုးသမီးရေချိုးရေစိမ်ခန်းကို မြင်နိုင်တဲ့ဆိုင်တွေမှာတော့
ဖောက်သည်တွေပိုများတယ်လို့ဆိုကြပါတယ်။
ဒီဥပဒေကိုရေးဆွဲခဲ့တဲ့ Matsudaira Sadanobu က အရမ်းကို စည်းကမ်းတင်းကြပ်တဲ့သူတစ်ယောက်ဖြစ်ပုံရပြီး လူကြိုက်များခြင်းမရှိဘဲလျင်မြန်စွာ ကျရှုံးခဲ့ပါတယ်။
တစ်ချိန်တည်းမှာပင် ကျား/မရောနှောရေချိုးတာဟာလည်းပြန်လည် စန်းထလာပြန်ပါတယ်။
သို့ပေမယ့် ၁၉၄၁ခုနှစ်မှာတော့ ကျား/မရောနှောရေချိုးတာကို နောက်ထပ် တစ်ဖန်စည်းမျဉ်းသတ်မှတ်ခဲ့ပါတယ်။
အဲဒါတောင်မှပဲ ကျား/မရောနှောရေချိုးရေစိမ်တာဟာ မပျောက်ကွယ်သွားပါဘူး။
၁၉၅၃ခုနှစ်မှာ ပယ်ရီ လို့ခေါ်တဲ့ အမေရိကန်လူမျိုးတစ်ယောက်ဟာ ဂျပန်နိုင်ငံကိုရောက်ရှိတဲ့အခါမှာတော့ သူဟာ ကျား/မ ရောနှောရေချိုးတဲ့အခြေအနေကိုမြင်လိုက်ရပြီး အတော်လေးကို
အံ့သြသွားရတယ်လို့ဆိုပါတယ်။
အဲဒီနောက်ပိုင်း ဆာမူရိုင်းခေတ်ကုန်ဆုံးသွားပြီးတော့ Meiji လို့ခေါ်တဲ့ ခေတ်သစ်တစ်ခုကိုရောက်ရှိလာပါတယ်။
အဲဒီအချိန်တုန်းကဂျပန်အစိုးရက ဥရောပ၊ ယူနိုက်တက်စတိတ်တို့နှင့်အတူ ခေတ်မီစွာ ရင်ဘောင်တန်းနိုင်ရန်
ဆောင်ရွက်အာရုံစိုက်နေစဉ်အတွင်းမှာ တဖန်ထပ်ပြီး ကျား/ မ ရောနှောရေချိုးတာကို တားမြစ်ချက် ထွက်ပေါ်လာပြန်ပါတယ်။
ဒါပေမယ့်၊ အဆိုပါအကျိုးသက်ရောက်မှုကြောင့်ပဲ ကျား/ မ ရေချိုးနေရာတွေဟာအနည်းငယ် လျော့နည်းသွားပါတယ်။
ဒုတိယကမ္ဘာစစ်အပြီးမှာတော့ များစွာသော ရေပူစမ်းတွေကျန်ရှိသေးပြီး ကျား/ မ ရောနှောရေချိုးတဲ့ ဓလေ့ကတော့ ကျန်ရစ်ခဲ့ပုံရပါတယ်။
အရေအတွက်သိသိသာသာလျော့နည်းသွားပေမယ့် ကျား/ မ ရောနှောရေချိုးကန် ရေပူစမ်းတွေကတော့ ရှိနေဆဲပါပဲ။
ဂျပန်လူမျိုးအနေနဲ့ မကောင်းဘူးလို့ အပြောခံရရင် မကောင်းတာကို ရပ်လိုက်သင့်တာအသေအချာပဲဆိုပေမယ့် ဘာကြောင့် ဒီ ကျား/ မ ရောနှောရေချိုးတာဟာ မပျောက်ကွယ်သွားနိုင်ရတာလဲ . . .
သူတို့တွေ တကယ်ကိုပဲ ရောနှောရေချိုးရတာကိုအရမ်းကြိုက်တဲ့ပုံပါပဲ။
ခင်ဗျားရော ကျား/ မ ရောနှောရေပူစမ်းထဲကို ရေဝင်စိမ်မကြည့်ချင်ဘူးလား ?
စကားမစပ်. . .အမျိုးသားဖြစ်ဖြစ်၊ အမျိုးသမီးဖြစ်ဖြစ် ငယ်ရွယ်တဲ့လူငယ်တွေရဲ့ ဝတ်လစ်စားလစ်ကို
မြင်နိုင်တဲ့အရာလို့ မျှော်လင့်တဲ့လူတွေ အများကြီးရှိတဲ့ပုံရပေမယ့်လည်း
အဘိုးတွေ အဘွားတွေလည်းလာကြပါတယ်။
အဲဒါတောင်မှ အဆင်ပြေပါတယ်ဆိုရင်တော့ သေချာပေါက် ဂျပန်ရောက်ရင် ကျား/မ ရောစပ်ထားတဲ့ရေပူစမ်းကိုသွားရောက် ပျော်ရွှင်ခံစားကြည့်ကြပါနော်။
Kengo Abe