နှင်းတွေအပြင်းအထန်ကျတဲ့နေရာမှာ ကြုံရတဲ့ဒုက္ခနဲ့ နှင်းတွေကိုချစ်သင့်တဲ့အကြောင်းအရင်း!!

ကမ္ဘာကြီးပူနွေးလာမှုကြောင့် ဒီနှစ်ထဲမှာတော့ နှင်းကျမှုနည်းသွားပေမဲ့၊ နှင်းတွေစုပုံကျလာမယ်ဆိုရင်တော့ မြို့ရဲ့ လှုပ်ရှားသွားလာမှုတွေမှာ ရပ်ဆိုင်းသွားပါလိမ့်မယ်။

ဒါကြောင့် တော်တော်များများတိုင်းပြည်တွေမှာတော့ နှင်းတွေအများကြီးကျတဲ့နေရာမှာ မြို့တွေတည်ပြီးလူနေတာတွေမလုပ်ပေမဲ့၊ ဂျပန်နိုင်ငံမှာတော့ နှင်းတွေပြင်းပြင်းထန်ထန်ကျလည်း အဲ့ဒီနေရာမှာ မြို့တွေလုပ်ပြီးနေထိုင်ကျပါတယ်။

အဲ့ဒီလို အေးခဲမတတ် နှင်းတွေကျတဲ့နေရာမှာ လူတွေဘယ်လိုနေထိုင်နေကြသလဲ?

 

မြန်မာနိုင်ငံရဲ့ မြောက်ပိုင်းမှာ ဆီးနှင်းကျပေမဲ့၊ တောင်ပိုင်းလိုနေရာမှာတော့ နှင်းမရှိဘူးနော်။

ဒီပုံလေးကိုကြည့်ပြီး အားကျနေမယ်လို့ ထင်ပါတယ်။ သေချာတာကတော့ အရမ်းလှပါတယ်။ ဒါပေမဲ့ နှင်းတွေစုပုံလာရင် ဒုက္ခလည်းအရမ်းရောက်ရပါတယ်။

 

https://tabizine.jp/2017/10/21/153026/

 

မြို့ရဲ့သွားလာလှုပ်ရှားမှုတွေမှာလည်း ပိတ်ဆို့မှုတွေဖြစ်ရတဲ့အတွက် တိုင်းပြည်တော်တော်များများက ဒီလိုမျိုးနှင်းတွေအပြင်းအထန်ကျတဲ့နေရာတွေမှာ မြို့တွေမတည်ဆောက်ကြပါဘူး။

နှင်းတွေအပြင်းအထန်ကျတဲ့ဒီမြို့ လေးမှာ လူပေါင်း ၁ သန်းနဲ့အထက်နေထိုင်ကျတဲ့အတွက် ကမ္ဘာ့ ၁၀ နိုင်ငံစာရင်းဝင် နှင်းမြို့တော်ထဲမှာ ဂျပန်နိုင်ငံရဲ့ နှင်းမြို့တော်က နံပါတ် ၄ နေရာကိုရောက်ရှိသွားပါတယ်။

နံပါတ် ၃ နေရာကိုလည်း မကြာခင်ရောက်ရှိလာလိမ့်မယ်လို့ ခန့်မှန်းကြပါတယ်။

နှင်းမြို့တော်ဆိုတာ ဘယ်လောက်များနှင်းတွေစုပုံနေလို့လဲ?

ပျင်းမျှအားဖြင့်ကြည့်လိုက်ရင်တော့

 

青森県酸ヶ湯(あおもりけん すかゆ)Aomori ခရိုင် Sukayu ပြည်နယ်မှာ ထုထည် 17.28m

山形県肘折(やまがたけん ひじおり)Yamagata ခရိုင် Hijiori  ပြည်နယ်မှာ ထုထည်  16.17m

山形県大井沢(やまがたけん おおいさわ)Yamagata ခရိုင် Ooisawa ပြည်နယ်မှာ ထုထည်   13.99m

新潟県守門(にいがたけん すもん) Niigata ခရိုင် Sumon ပြည်နယ်မှာ ထုထည်   13.62m

 

17m ဆိုတာက လူနေတိုက်ခန်းဆိုရင်တောင် ၅ လွှာအနေအထားလောက်ရှိနေပါပြီ။

ဒါပါပဲဗျာ ဂျပန်နိုင်ငံရဲ့ နှင်းမြို့တော်ဆိုတာ….

 

နှစ်တိုင်း အမေရိကန်နိုင်ငံရဲ့ ဝါရှင်တန်ပြည်နယ်မှာ ထုထည် 29.86m လောက်ရှိတယ်လို့ သိရပါတယ်။ ဒါဆိုရင် ဂျပန်နိုင်ငံရဲ့ နှင်းမြို့တော်မှာရှိတဲ့ နှင်းထုထည်က ပိုပြီးတောင်များနေတာပေါ့နော်…

 

အဲ့ဒီလိုနေရာမှာ သူတို့တွေဘယ်လိုများနေထိုင်နေကြသလဲဆိုတာကို ကြည့်လိုက်ရအောင်

ဒီအတိုင်းပဲနေသွားလို့တော့ မဖြစ်ပါဘူး။ ဒါကြောင့် အရေးအကြီးဆုံးကတော့ အိမ်ခေါင်မိုးကနှင်းတွေကို ဖယ်ထုတ်ရပါမယ်။

 

အရင်ဆုံးအိမ်ခေါင်မိုးကနှင်းတွေကိုဖယ်ရှားပါ။

 

https://sumaiweb.jp/articles/12128

 

အဝင်အထွက် တံခါးပေါက်တွေမှာပိတ်ဆို့နေတဲ့ နှင်းတွေကိုဖယ်ရှားဖို့က သေချာပေါက်အရေးကြီးပေမဲ့လည်း၊ အိမ်ခေါင်မိုးပေါ်မှာတင်နေတဲ့ နှင်းအတုံးကြီးတွေကိုမဖယ်ထုတ်လို့ကတော့ ဒုက္ခရောက်ရမှာအသေအချာပါပဲ။

နှင်းလေးတွေက ကျလာတုန်းကတော့ တဖွဲဖွဲနဲ့ အခိုးအငွေ့လေးလိုလို ရေစက်လေးလိုလို ငှက်မွေးလေးတွေလိုလို အရမ်းကိုပေါ့ပါးပေမဲ့၊ စုပုံလာတဲ့အခါမှာတော့ ထင်သလိုမပေါ့ပါးတော့ပါဘူး။

သတ်မှတ်ထားတဲ့အချိန်မှာ အိမ်ခေါင်မိုးကနေ နှင်းတွေကိုမဖယ်ရှားလို့ကတော့ အိမ်ပြိုကျသွားတဲ့အထိ ဖြစ်နိုင်ချေရှိပါတယ်။

 

 

မှန်တွေနဲ့ နံရံတွေအတွက် ပြင်ဆင်ထားပါ။

 

https://img.sumaiweb.jp/wp-content/uploads/2016/01/IMG_68552-20160129190450-640×427.jpg

 

အိမ်ရဲ့ ဘေးပတ်ဝန်းကျင်မှာရှိနေတဲ့ နှင်းတွေကိုဖယ်ပစ်ဖို့က တော်တော်လေးကိုပင်ပန်းရမှာပါ။

အဝင်အထွက် တံခါးပေါက်မှာစုပုံနေတဲ့ နှင်းတွေကိုဖယ်ရှားနိုင်ရင်ပဲ ချီးကျူးဖို့ကောင်းနေပါပြီ။

ဒါပေမဲ့ အိမ်ရဲ့ ဘေးပတ်ပတ်လည်မှာရှိနေတဲ့ နှင်းတွေရဲ့ ဖိအားက အိမ်နံရံတွေနဲ့ မှန်တွေကိုလည်း ကွဲစေနိုင်တယ်။

အပေါ်ကပုံမှာလိုပဲ ပလတ်စတစ်အကြည် အပြားနဲ့ကာထားတာက နှင်းတွေအများကြီးကျလာတဲ့အခါ ပလတ်စတစ်က နှင်းထုထည်ရဲ့ ဖိအားကို လျော့ချပေးလို့ပဲဖြစ်ပါတယ်။ ဒါတွေကို နှင်းတွေကျမလာခင် ကတည်းက ကြိုတင်ပြင်ဆင်ထားရတာပေါ့.

 

ရေပိုက်လိုင်း အေးခဲမှုကို ကြိုတင်ကာကွယ်ခြင်း

https://matome.naver.jp/odai/2148430080178434901/2148431255384464003

 

နှင်းတွေရဲ့ စုပုံမှုကြောင့် အပူချိန်တွေလည်း ကျသွားပြီး minus Degree တွေဖြစ်ကုန်ပါတယ်။ အဲ့ဒီအချိန်မှာ ရေပိုက်လိုင်းထဲမှာရှိတဲ့ ရေတွေလည်းခဲကုန်တာပါပဲ.

စာဖတ်သူတို့သိကြတဲ့အတိုင်းပဲ ရေကနေရေခဲတွေဖြစ်ကုန်ပြီး ပိုက်လိုင်းတွေကျိုးတာတို့ အက်ကွဲတာတို့ ဖြစ်ရပါတယ်။

ဒါကြောင့် ဒီလိုတွေခဲမသွားရအောင် ဖြေရှင်းလိုက်တဲ့နည်းလမ်းလေးကတော့ ရေပိုက်လိုင်းတွေကို ပိတ်မထားဘဲ နည်းနည်းဖွင့်ထားတာပါ။ အဲ့ဒါကိုဆက်တိုက်ဖွင့်ထားရတာပေါ့။ ဒါဆိုရေတွေက အကုန်ခဲသွားတာမျိုးမဟုတ်တော့ပါဘူး။

 

 

ကားစက်လည်း နိုးမရတော့ပါ။

https://www.zurich.co.jp/car/useful/guide/cc-battery-trouble/

 

ကားတွေရဲ့ ဘက်ထရီက အပူချိန်ကျသွားမယ်ဆိုရင် နိုးဖို့အတော်ကိုခက်ခဲပါတယ်။

ဒါကြောင့် ဒီလိုအအေးပိုင်းနေရာတွေအတွက်ထုတ်ထားတဲ့ ဘက်ထရီကိုမသုံးလို့ကတော့ အင်ဂျင်လည်း ကြာကြာခံနိုင်မယ်မထင်ပါဘူး။

 

 

လမ်းတွေရဲ့ အေးခဲမှု

https://www.dogom.co.jp/items/heater/typem.shtml

 

လူသွားလမ်းပေါ်မှာ နှင်းတွေကိုဖယ်ရတာတို့၊ ကားတွေသွားလာနိုင်ဖို့ လမ်းတွေပြန်လုပ်ရတာတို့၊ အစရှိသဖြင့် ပြန်ပြုပြင်နေရတဲ့အချိန်အတွင်းမှာပဲ ဆက်တိုက်ကိုအေးခဲနေတာပါ။

ခဲနေတဲ့လမ်းတွေကလည်း ကားရော၊ လူရော Slip ဖြစ်နိုင်ပါတယ်။ မတော်တဆမှုတွေနဲ့ အနာတရလည်းပဲ ဖြစ်ဖို့ ရာခိုင်နှုန်းအရမ်းများတဲ့အတွက် အန္တရာယ်ရှိပါတယ်။

ဒါကြောင့် 北海道 Hokkaido ရဲ့ 札幌市Sapporo မြို့မှာ Road heating တွေကိုတောင် လုပ်နေရပါတယ်တဲ့။

ဥာဏ်ကောင်းချက်ကတော့ လမ်းတွေပေါ်မှာ အနွေးဓါတ်ပေးတဲ့အရာတွေကို ခင်းလိုက်တာကြောင့် နှင်းတွေကျလာတဲ့အခါ ချက်ချင်းအရည်ပျော်သွားပါတော့တယ်တဲ့။

မြင်တဲ့အတိုင်းပါပဲဗျာ!!!

 

 

မခဲစေချင်တဲ့အရာတွေကို ရေခဲသေတ္တာထဲကိုထည့်ပါ။

https://miratomo.jp/article/4497

 

ကျွန်တော်တို့ပုံမှန်အားဖြင့်ကတော့ အေးခဲချင်တဲ့အရာတွေကို ရေခဲသေတ္တာထဲထည့်ကြတယ်နော်။ ဒီနေရာမှာတော့ ပြောင်းပြန်ပါခင်ဗျာ!!!

အိမ်ထဲမှာတောင် heater ကိုမတပ်ထားဘူးဆိုရင် အကုန်လုံးကခဲကုန်ပါတယ်။ ဒါကြောင့် heater လည်းမရှိဘူး ခဲလည်းမခဲစေချင်ဘူးဆိုရင်တော့ ရေခဲသေတ္တာထဲကိုပဲထည့်လိုက်ပါတဲ့!!!

အရမ်းကိုအေးခဲတဲ့နေရာမှာနေထိုင်ရတာ ဒုက္ခတွေအမျိုးမျိုးရှိပေမဲ့၊ အဲ့ဒီနေရာကြောင့်ပဲ မြင်ရတဲ့ရှုခင်းတွေကလည်း အရမ်းလှပါတယ်။ အဆုံးသတ်လေးမှာတော့ အရမ်းလှတဲ့ နှင်းတွေရဲ့ မြင်ကွင်းကို ကြည့်လိုက်ပါအုံး

 

 

http://quattropho.blog62.fc2.com/blog-entry-380.html

 

ဒါကိုကြည့်ပြီး စာဖတ်သူတို့ အရမ်းသွားချင်နေကြပြီလို့ထင်ပါတယ်။

ဒီနေ့ပြောပြပေးသွားတာကတော့ အရမ်းအေးခဲပြီး နှင်းတွေအရမ်းကျတဲ့နေရာမှာ နေထိုင်နေကြသူတို့ရဲ့ ဒုက္ခရောက်ရတဲ့အချက်လေးတွေနဲ့ သူတို့ရဲ့ ဖြေရှင်းပုံကိုပြောပြပေးခဲ့တာပဲဖြစ်ပါတယ်။

ဒါတင်မကသေးပါဘူး နေထိုင်ရတဲ့အဓိကရည်ရွယ်ချက်ကတော့ သူတို့တွေနှင်းကိုချစ်လို့ပဲဖြစ်ရမယ်နော်…

ဒါကြောင့်နည်းလမ်းရှာပြီးကို နေထိုင်နေတယ်လို့ပဲ ကျွန်တော်ကတော့ ယုံကြည့်ပါတယ်။

စာဖတ်သူတို့လည်း နှင်းကျတဲ့နေရာတွေနဲ့ နှင်းတွေရဲ့ လှပတဲ့မြင်ကွင်းတွေကိုသဘောကျမယ်ဆိုရင် ရောက်ဖြစ်အောင်သွားကြည့်လိုက်အုံးနော်!!!!

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: