ကျိန်စာအရုပ်!! ကောက်ရိုးအရုပ်!!

ကျိန်စာတိုက်တယ်ဆိုတာ ကမ္ဘာမှာရှိပါတယ်။ ဂျပန်မှာတော့ ယေဘုယျအားဖြင့် ကျိန်စာတိုက်တဲ့အရုပ်ကို အသုံးပြုပါတယ်။

တကယ်ပဲသက်ရောက်မှုရှိလားမရှိလားဆိုတာကိုတော့ ခဏထားပြီး ဒီကောက်ရိုးအရုပ်နဲ့ ဘယ်လိုမျိုးလုပ်လဲဆိုတာကို ပြောပြပေးပါမယ်။

 

 

ဘယ်လိုမှခွင့်လွှတ်လို့မရတဲ့ လူတစ်ယောက်ရှိတယ်။ ဒါက ကမ္ဘာပေါ်မှာဖြစ်ပျက်နေတတ်တဲ့အရာ ဖြစ်ပါတယ်။

အဲ့ဒီအချိန် သင်ဆိုရင်ဘယ်လိုလုပ်မလဲ?

 

အရက်သောက်ပြီး မေ့ပစ်လိုက်မလား?

စျေးဝယ်ထွက်လိုက်မလား? သူငယ်ချင်းတွေနဲ့ ကာရာအိုခေ သွားမလား?

ဘယ်လိုပဲစိတ်ဖြေဖြေ မမေ့နိုင်တဲ့အခြေအနေ ……

ဂျပန်နိုင်ငံမှာတော့ ဒီလိုပစ္စည်းလေးရှိပါတယ်။

 

https://omajinai-navi.jp/curse-straw-figure/

 

ကောက်ရိုးအရုပ်

စပါးတွေရိတ်ပြီးတဲ့နောက် ကျန်တဲ့အပိုင်းကိုတော့ ကောက်ရိုးလို့ခေါ်တာပေါ့နော်။ ကောက်ရိုးနဲ့လုပ်ထားတဲ့ လူရုပ်၊ ပြီးတော့ ၅ လက်မလောက်ရှိတဲ့ သံ။

ဒီနှစ်ခုဟာ ဂျပန်နိုင်ငံရဲ့ ကျိန်စာတိုက်တဲ့ အခြေခံပစ္စည်းတွေပဲဖြစ်ပါတယ်။ ဒီပစ္စည်း ၂ ခုကိုယူပြီး နတ်ကွန်းမှာရှိတဲ့ ရှေးဟောင်းအထွတ်အမြတ်ထားတဲ့ သစ်ပင်ကြီး御神木(ごしんぼく)Goshinboku ကိုသွားရပါတယ်။

https://omajinai-navi.jp/curse-straw-figure/

 

御神木(ごしんぼく)အထွတ်အမြတ်ထားတဲ့အပင်ဆိုတာက နှစ်တွေအကြာကြီးဖြတ်သန်းလာပြီး နတ်ကအဲ့ဒီအပင်မှာနေထိုင်တဲ့ အပင်ပဲလို့သတ်မှတ်တာဖြစ်ပါတယ်။

ပုံထဲမှာလိုပဲ အဆင်အယင်တွေရှိတဲ့အပင်က အထွတ်အမြတ်ထားကြတဲ့အပင်ပေါ့။

အဲ့ဒီနေရာမှာ အစီအရင်တွေလုပ်ကြတာကတော့( ရှေးတုန်းက နွားထီးအချိန်လို့ခေါ်တယ် ) မနက် ၁ နာရီကနေ ၃ နာရီအတွင်းဖြစ်ပါတယ်။

ညသန်းခေါင်အချိန် နတ်ကွန်းမှာ မီးလည်းမရှိသလို  လူလည်းတစ်ယောက်မှမရှိပါဘူး။ ကျွန်တော်သာဆိုရင် ဒီလိုအချက်တွေနဲ့ပဲ လုံးဝစဥ်းစားတော့မှာမဟုတ်တော့ပါဘူး!!!

 

နောက်ပြီးမိမိနဲ့အဆင်မပြေတဲ့သူမှာ ဘယ်လိုသက်ရောက်မှုတွေဖြစ်စေချင်လဲဆိုတာနဲ့ လိုက်ပြီးတော့လည်း သံကိုရိုက်သွင်းမယ့်နေရာကို ဆုံးဖြတ်ရပါသေးတယ်။

 

ဦးခေါင်း = မတော်တဆမှုများနဲ့ တွေ့ရတတ်သည်

လက်     = ဥပမာမိမိအမျိုးသား/အမျိုးသမီးက ဖောက်ပြန်နေသူနဲ့ အဆင်မပြေဖြစ်ပြီး မိမိဆီပြန်ရောက်လာသည်

ရင်ဘက် = သေသည်

ခြေထောက် = မယှဥ်ပြိုင်နိုင်အောင်လုပ်သည်/ ပြိုင်ပွဲမဝင်နိုင်အောင်လုပ်သည်။

 

 

ဒီပွဲအထမြှောက်ဖို့အတွက် အရေးကြီးတဲ့အချက် ၂ ချက်ရှိပါတယ်။

ပထမတစ်ခုကတော့ တစ်ဖက်လူရဲ့ ဝိညာဥ်ကို လူပုံစံကောက်ရိုးအရုပ်မှာစွဲကပ်စေဖို့နဲ့

နောက်တစ်ခုကတော့ မကောင်းဆိုးဝါးကို မိမိကိုယ်ထဲမှာ ဝင်ပူးဖို့ပဲဖြစ်ပါတယ်။

 

 

 

လိုအပ်တဲ့ပစ္စည်းကတော့

  • လူပုံစံအရုပ်
  • ၅ လက်မသံ
  • တူ
  • ဝတ်စုံဖြူ (အင်္ကျီဖြူနှင့်ခါးပတ်အဖြူ)
  • ခေါင်းစည်း
  • ခုံဖိနပ်ရှည်
  • မကောင်းဆိုးဝါးခေါ်တဲ့မှန်
  • ဘီး
  • ဖယောင်းတိုင် ၂ ချောင်း
  • ပေါင်ဒါမှုန့်အဖြူရောင် (မျက်နှာတွင်အသုံးပြုရန်)
  • နှုတ်ခမ်းနီအဖြူရောင်
  • သွားအမည်းရောင်ဆိုးဆေး
  • မိမိကိုယ်ကိုကာကွယ်ရန်အတွက် ဓါးမြှောင်

 

ဒါဆိုရင် ပထမဆုံး လူအရုပ်ကိုလုပ်ကြည့်ဖို့

အရုပ်ကို ရေဘဝဲကြိုး ဒါမှမဟုတ် ဝါယာကြိုးနဲ့ချည်လိုက်ပါ။

အဲ့ဒီအရုပ်ထဲမှာ မိမိနဲ့အဆင်မပြေတဲ့သူရဲ့ ဆံပင် ဒါမှမဟုတ် လက်သည်းကိုထည့်ထားရမှာဖြစ်ပါတယ်။

ပြီးတဲ့နောက်မှာတော့ အရုပ်အပေါ်မှာထိုလူရဲ့ ဓါတ်ပုံကိုကပ်လိုက်ပါ။

အဲ့ဒီဓါတ်ပုံထဲမှာလည်း သူ့ရဲ့ နာမည်ကိုရေးထားရပါမယ်.

 

ဒါပြီးရင်တော့ နွားထီးအချိန်ကိုစောင့်ပြီး လှုပ်ရှားရပါတော့မယ်။

ပထမပြောခဲ့သလိုမျိုးပဲ နွားထီးအချိန်ဆိုတာ နံနက် ၁ နာရီကနေ ၃ နာရီအချိန်အတွင်းကို ပြောတာပဲဖြစ်ပါတယ်။

လူခြေတိတ်သွားတဲ့အချိန်မှာ မကောင်းဆိုးဝါးတွေက လှုပ်ရှားသွားလာကြတယ်လို့ ပြောပါတယ်။

 

အရင်ဆုံး ဆံပင်ကိုလျှော်ပြီး ရေအေးကိုခေါင်းကနေလောင်းချကာ မိမိကိုယ်ကိုဆေးကြောသန့်စင်ပါ။

ပြီးရင်ဝတ်စုံဖြူကိုဝတ်ဆင်ပြီး မျက်နှာကိုဖြူစွတ်နေအောင် ပေါင်ဒါမှုန့်အဖြူကိုလိမ်းချယ်ရပါမယ်။ သွားကိုလည်းမည်းနေအောင် လုပ်ရပါမယ်.

ခေါင်းစည်းကိုလည်းစည်းပြီး ခေါင်းစည်းရဲ့ တစ်ဖက်တစ်ချက်မှာ ဖယောင်တိုင် ၂ ချောင်းကိုစိုက်ထူထားရပါမယ်။

ရင်ဘက်မှာတော့ မကောင်းဆိုးဝါးခေါ်ဖို့မှန်ကိုဆွဲထားပြီး အိတ်ကပ်ထဲမှာတော့ အကာအကွယ်ဓါးကိုယူဆောင်ထားရပါမယ်.

ပါးစပ်မှာဘီးကိုကိုက်ထားပြီး ဂျပန်ခုံဖိနပ်အထူကြီးကိုစီးကာ နတ်ကွန်းဆီသို့သွားရပါမယ်။

 

ဒီလိုပုံစံနဲ့တင် ကိုယ်တိုင်ကကြောက်ဖို့ကောင်းနေပြီး မိမိမလိုတဲ့သူဆီသွားမယ်ဆိုရင် အဲ့ဒီလူတောင်နှလုံးရပ်ပြီး ချက်ချင်းသေနိုင်ပါတယ်မဟုတ်လား?

 

ဒါပေမဲ့ နတ်ကွန်းဆီသွားရမှာပါ

ပြီးတော့ တစ်ဖက်လူကိုမြင်ယောင်ပြီး အထွတ်အမြတ်ထားတဲ့ သစ်ပင်ကြီးဆီကောက်ရိုးအရုပ်ကိုသံနဲ့ရိုက်ရပါမယ်။

ဒါကိုတော့ ၇ ရက်လုံးလုံးဆက်တိုက်လုပ်ရပါမယ်။

https://omajinai-navi.jp/curse-straw-figure/

 

နောက်ပြီး အရေးကြီးတဲ့အရာတစ်ခုကတော့ ဒီပုံစံကိုတစ်ယောက်ယောက်မြင်သွားလို့ မဖြစ်တာပါပဲ။

တစ်ယောက်ယောက်မြင်သွားရင်တော့ အဲ့ဒီကျိန်စာက မိမိကိုယ်ကိုပြန်သက်ရောက်တယ်လို့ ပြောကြပါတယ်။

 

ကျိန်စာအတိုက်ခံရပြီးအသတ်ခံရတာကသက်သေပြလို့မရတဲ့အတွက် ပြစ်မှုမြှောက်တယ်လို့ပြောဖို့ခက်ခဲပါတယ်။ ဒါပေမဲ့ ညသန်းခေါင် နတ်ကွန်းဆီသွားတာက ပိုင်နက်ကျူးကျော်တဲ့အမှုဖြစ်ပြီး အထွတ်အမြတ်ထားတဲ့အပင်မှာ သံရိုက်သွင်းတာတွေလုပ်တာကတော့ ပတ်ဝန်းကျင်ဖျက်ဆီးမှုနဲ့ ပြစ်မှုမြှောက်ပါတယ်။

အဲ့ဒီလောက်အထိတစ်ဖက်လူအပေါ်မကောင်းကြံတယ်ဆိုတာက ကိုယ်တိုင်လည်းပျော်ရွှင်ရမှာမဟုတ်တဲ့အတွက် ဒီလိုကျိန်စာတိုက်တဲ့နည်းကို အားမကိုးဘဲ ဘဝအသစ်ကိုရွေးချယ်လိုက်တာက အကောင်းဆုံးပဲလို့ထင်မိပါတယ်။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: