ဂျပန်လူမျိုးများအကြောင်း၊ စည်းလုံးညီညွတ်မှုတာဝန် !!!!

 

လူကြီးဆန်တယ်၊ မိမိဆန္ဒကိုသိပ်ပြီးမထုတ်ဖော်ကြတဲ့ စရိုက်လက္ခဏာတွေရှိတာကတော့ ဂျပန်လူမျိုးတွေပဲဖြစ်ပါတယ်။

ကောင်းတာလား မကောင်းတာလာ ခွဲခြားရရင်တော့ ဒီအချက်ကဂျပန်လူမျိုးတွေရဲ့ သူများနဲ့မတူ ထူးခြားတဲ့အချက်တစ်ခုပါ။

အခြားနိုင်ငံတွေမှာ သိပ်ပြီးမတွေ့ရတဲ့ ထူခြားတဲ့အချက်ပေါ့။ ဘယ်လိုပုံစံနဲ့ ဒီလိုစရိုက်လက္ခဏာလေးက ဖြစ်လာရတာလဲ?

 

https://images.app.goo.gl/Lohdg6ojKoZzjCxS8

 

ဒီလိုဖြစ်လာဖို့လည်း တစ်ချိန်က ဥပဒေတစ်ခုရှိခဲ့ပါတယ်။

ခေတ်တွေလည်းပြောင်းလဲလာလို့ နာမည်တွေလည်းပြောင်းသွားပေမဲ့၊ ယေဘုယျအားဖြင့်五人組(ごにんぐみ)goningumi လို့ခေါ်တဲ့ စနစ်ရှိခဲ့ပါတယ်။

ဒီစနစ်က လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀၀ မတိုင်ခင်ကတည်းကနေအစပြုခဲ့ပြီ၊ ဘာအတွက်လဲ?

လိုပြောရင်တော့ “連帯責任” Rentai sekinin လို့ခေါ်တဲ့ စည်းလုံးညီညွတ်မှုတာဝန်ရှိဖို့ဆိုပြီး ရည်ရွယ်ခဲ့ပါတယ်။

 

ရှေးရှေးတုန်းက ဂျပန်နိုင်ငံမှာတစ်နှစ်တာရဲ့ အခွန်အတွက် ပိုက်ဆံနဲ့ဆန်ကို ပေးသွင်းစေခဲ့ပါတယ်။

အခွန်တွေမပေးဆောင်ဘူးဆိုရင် နိုင်ငံအုပ်ချုပ်မှုပိုင်းကလည်း ရပ်တည်နိုင်မှာမဟုတ်ပါဘူး။

အရေးအကြီးဆုံးကတော့ ဒီလိုအခွန်ပေးဆောင်စေတာပါ။

 

အခွန်ပေးဆောင်ချင်တဲ့သူတွေအတွက်တော့ ကိစ္စမရှိပေမဲ့၊ မပေးဆောင်ချင်တဲ့သူတွေကတော့ ဆင်ခြင်တွေပေးပြီး “ဒီနှစ်စပါးကအထွက်နည်းလို့!” ဆိုပြီးလိမ်တဲ့လူတွေလည်း ရှိလာပါတယ်။

မျက်မှောက်ခေတ်အထိ အခွန်ပေးဆောင်ရတဲ့စနစ်မှာလည်း မပေးချင်တဲ့သူတွေအများကြီးရှိတယ်နော်!!!

 

အဲ့ဒီလိုလူတွေကိုလည်း လိုက်ပြီးစောင့်ကြည့်နေတာမဟုတ်တဲ့အတွက် လိမ်နေတာလား အမှန်ပဲလားဆိုတာမသိနိုင်ပါဘူး။ အဲ့ဒီနေရာမှာ စဥ်းစားလိုက်တဲ့အရာက ၅ ယောက်တစ်ဖွဲ့ဖွဲ့ဖို့ပဲ ဖြစ်ပါတယ်။

 

အနီးအနားမှာရှိတဲ့ ၅ ယောက် ဒါမှမဟုတ် ၅ အိမ်ကိုတစ်ဖွဲ့ဖွဲ့စေပြီး အဲ့ဒီအဖွဲ့ထဲမှာတစ်ယောက်ယောက်ကတော့ မမှန်ကန်တာကိုလုပ်မယ်ဆိုရင် စည်းလုံးညီညွတ်မှုတာဝန်ရှိတဲ့ ၅ ယောက်စလုံးက အပြစ်သားတွေလို့သတ်မှတ်ခံလိုက်ရတဲ့ စနစ်ပဲဖြစ်ပါတယ်။

 

ကိုယ်ကကြိုးစားရဲ့သားနဲ့ ပြစ်မှုဆိုင်ရာကျူးလွန်သူဖြစ်သွားရတာ မတန်ပါဘူး။

အဲ့ဒီလိုသာအဖွဲ့ဖွဲ့လိုက်မယ်ဆိုရင် အချင်းချင်းတစ်ယောက်နဲ့တစ်ယောက် စောင့်ကြည့်ဖြစ်သွားပါလိမ့်မယ်။

 

 

နောက်တစ်ခုကတော့ ဒုတိယကမ္ဘာစစ်ဖြစ်သွားတဲ့အချိန်မှာ 隣組(となりぐみ)Tonarigumi ဆိုတဲ့စနစ်ပေါ်လာတာပါ။

မြို့တစ်မြို့မှာ အိမ် ၅ အိမ်ကနေ ၁၀ အိမ်အထိစုလိုက်ပြီး တစ်ဖွဲ့ဖွဲ့စေပါတယ်။ ရည်ရွယ်ချက်ကတော့ စစ်ပွဲအတွင်းထောက်ပံ့ကူညီပေးမယ့်သူတွေအတွက် လွယ်ကူစေဖို့ပဲဖြစ်ပေမဲ့ သူပုန်တွေကိုဖော်ထုတ်ဖို့အတွက်လည်း ဒီစနစ်ကအသုံးတည့်သွားပါတယ်။

 

စစ်ပွဲပြီးသွားတော့ ဒီလိုစည်းကမ်းတွေကို မလိုက်နာလည်းကိစ္စတော့မရှိပေမဲ့၊ အဲ့ဒီစည်းလုံးညီညွတ်မှုတာဝန်ကို အခုထိလုပ်ဆောင်နေသူတွေ ရှိပါသေးတယ်။

ကျွန်တော်အလယ်တန်းကျောင်းသားဘဝက Volleyball အသင်းဝင်တစ်ယောက်ဖြစ်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ စီနီယာထဲကတစ်ယောက်က ဆေးလိပ်သောက်တာကိုတွေ့သွားတော့ စည်းလုံးညီညွတ်မှုတာဝန်စနစ်အတိုင်းပဲ အသင်းဝင်အဖွဲ့သားအားလုံး အပြစ်ဒဏ်အနေနဲ့ အားလုံးဆံပင်ညှပ်ခံရလိုက်ပါတယ်။

 

ဟိုအရင်အချိန်ကတည်းက ဒီစည်းကမ်းကိုသတ်မှတ်ခဲ့တာ အခုအချိန်အထိ ဂျပန်နိုင်ငံမှာပတ်ဝန်းကျင်ကို အနှောက်အယှက်ပေးလို့မရတာ ဓလေ့တစ်ခုလိုတောင်ဖြစ်နေပါပြီ။

ကိုယ့်ကြောင့် သူတစ်ပါးအနှောက်အယှက်မဖြစ်စေပါနဲ့ ဆိုတာကိုပြောချင်တာပေါ့!!!

 

ဂျပန်လူမျိုးတိုင်း စည်းကမ်းလိုက်နာတယ်၊ ပတ်ဝန်းကျင်ကိုအနှောက်အယှက်မပေးဘူးလို့ ပြောချင်တာမဟုတ်ဘဲ အများစုကလိုက်နာကြပါတယ်။ စည်းကမ်းမလိုက်နာကြတဲ့ လူနည်းစုလည်းရှိနေပြန်ပါတယ်။

 

 

စည်းလုံးညီညွတ်မှုတာဝန်ဆိုတဲ့စနစ်က မြန်မာနိုင်ငံမှာလည်းရှိမှာပဲနော်!!!

ဒီစနစ်ကိုရော စာဖတ်သူတို့ဘယ်လိုထင်ပါသလဲ?

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: