ဂျပန်နိုင်ငံတွင် မြန်မာလူမျိုးချင်းဓါးထိုးသတ်မှုဖြစ်ပွားခဲ့!!!!

၂၀၂၀ ခုနှစ် ၊ ၂ လပိုင်း ၁၇ ရက်နေ့မနက် Mie ခရိုင် Yokkaichi မြို့မှာရှိတဲ့ ဆေးသုတ်လုပ်ငန်းကုမ္ပဏီရဲ့ အလုပ်သမားအဆောင်မှာ မြန်မာနိုင်ငံသားတစ်ဦး ဓါးထိုးအသတ်ခံရပြီး သေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။

https://headlines.yahoo.co.jp/hl?a=20200217-00214861-nbnv-l24

 

အခင်းဖြစ်ပွားခဲ့တာကတော့ ၁၆ ရက်နေ့ တနင်္ဂနွေ ညနေလောက်မှာလို့ခန့်မှန်းရပြီး Mie ခရိုင်ရှိရဲတပ်ဖွဲ့ထံဆက်သွယ်မှုရရှိခဲ့တာကတော့ ၁၇ ရက်နေ့ မနက်အစောပိုင်းလို့ သိရပါတယ်။ သေဆုံးသူ မြန်မာနိုင်ငံသား နည်းပညာသင် သင်တန်းသား မောင်ရဲထက်ဇော် (မွေးသက္ကရာဇ် ၂၃-၅-၁၉၉၄ ) エイ・テツ・ジョーさん(25)ဟာ နောက်ကျောမှာဓါးထိုးဒဏ်ရာနဲ့ သွေးထွက်လွန်ပြီးသေဆုံးနေပါတယ်လို့ ဂျပန်ရဲဌာနကနေပြောကြားခဲ့ပါတယ်။

 

အခင်းဖြစ်ပွားတဲ့နေရာက ကုမ္ပဏီရဲ့ အလုပ်သမားအဆောင်မှာပါ။ ကျူးလွန်သူလို့ထင်ရတဲ့ အခန်းဖော် နည်းပညာသင် သင်တန်းသား မောင်ကောင်းကျော်ထက် (မွေးသက္ကရာဇ် ၂၆-၆-၁၉၉၁ )カン・ジョ・テッ容疑者(28)က  ၁၇ရက်နေ့ တစ်နေ့လုံးအလုပ်ကိုလည်း ခွင့်မတိုင်အကြောင်းမကြားဘဲ ခြေရာဖျောက်နေခဲ့ပါတယ်။ ဓါးကိုတစ်ပါတည်းယူဆောင်သွားပြီး ထွက်ပြေးတိမ်းရှောင်နေတယ်လို့ ပြောပါတယ်။

နောက်ပြီးသေဆုံးသူနဲ့ ကောင်းကျော်ထက်တို့ရဲ့ ဆက်ဆံရေးကလည်း သိပ်မကောင်းဘူးလို့ company manager ပြောပြချက်အရသိရပါတယ်။

Mie ခရိုင်ရှိ ရဲတပ်ဖွဲ့က သံသယရှိသူရဲ့ အသက်၊ အမည်နဲ့ ရုပ်ပုံကို မီဒီယာကိုချပြလိုက်ပြီးတဲ့နောက်မှာတော့ ပြည်သူတွေရဲ့အကူအညီနဲ့အတူ အဆိုပါသံသယရှိသူကို ၁၈ ရက်နေ့မနက်အစောပိုင်းမှာ ဖမ်းဆီးရမိသွားကြောင်း ပြောကြားခဲ့ပါတယ်။ သံသယရှိသူကို ဖမ်းဆီးရမိချိန်မှာတော့ ဓါးကိုမတွေ့ခဲ့ရပါဘူး။

ရဲတပ်ဖွဲ့ကလည်း ရဲမှုခင်းအရဆက်လက်စစ်ဆေးဆောင်ရွက်မှုတွေပြုလုပ်လျက်ရှိကြောင်း အသိပေးခဲ့ပါတယ်။

 

တိုကျိုမြို့ရှိ မြန်မာသံရုံးက သေဆုံးသူရဲ့ မိဘတွေနဲ့ ချိတ်ဆက်မှုရရှိသွားပြီး လိုအပ်တဲ့ထောက်ပံ့ကူညီမှုတွေပြုလုပ်ပေးတယ်လို့သိရပါတယ်။

မြန်မာသံရုံးကလည်း ဂျပန်နိုင်ငံရှိ နိုင်ငံခြားသားနည်းပညာအလုပ်သင်တန်း ကြီးကြပ်ရေးကော်မတီ Organization for Technical Intern Training (OTIT) မှတာဝန်ရှိသူတွေနဲ့ နှစ်ကြိမ်တိတိတွေ့ဆုံခဲ့ပြီး၊ သေဆုံးသူနဲ့ပတ်သက်ပြီး လိုအပ်တဲ့ထောက်ပံ့ကူညီမှုတွေ ပေးအပ်ဖို့နဲ့ အလားတူကိစ္စရပ်တွေ ထပ်မံမဖြစ်ပွားစေဖို့ ဂျပန်နိုင်ငံမှာရှိတဲ့ ကြီးကြပ်ရေးကုမ္ပဏီများသို့ နှိုးဆော်သတိပေးရန် တိုက်တွန်းပြောကြားခဲ့ကြောင်းကိုလည်း သံရုံးရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၉  ရက်နေ့က ရေးသားဖော်ပြပေးခဲ့ပါတယ်။

 

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: