အိမ်ထောင်ကွာရှင်းတယ်ဆိုတာ ပင်ပန်းစရာ!!!

ချစ်သူ ၂ ဦး အရမ်းချစ်ကြတဲ့အတွက် သေချာပေါက်လက်ထပ်ကြမှာဖြစ်ပေမဲ့…

ဒီမျက်မှောက်ခေတ်ဂျပန်နိုင်ငံမှာ လက်ထပ်ကြတဲ့အတွဲတွေရဲ့ ၃၅ ရာခိုင်နှုန်းလောက်ဟာ ကွာရှင်းပြတ်စဲကြပါတယ်။

 

ဂျပန်လိုနိုင်ငံမှာ ကွာရှင်းပြတ်စဲမယ်ဆိုရင်တော့ ဘာတွေဖြစ်လာမလဲ?

၁။ နာမည်တွေ ပြန်ပြောင်းလဲရမယ်။

 

https://www.w-us.co.jp/html/page07y.html

 

ဂျပန်နိုင်ငံဟာ လက်ထပ်တယ်လို့ပြောလိုက်ရင် အိမ်ထောင်မိသားစုတွေ စေ့စပ်ပေါင်းစည်းတယ် ဆိုတဲ့ပုံရိပ်ကိုမြင်ရပါလိမ့်မယ်။ ပြောချင်တာကတော့ တူညီတဲ့မိသားစုနာမည်ကို အခြေခံကြတယ်ဆိုတာပါ။

အမျိုးသမီးက အမျိုးသားဖြစ်သူရဲ့ နာမည်ကို ခံယူရမှာပဲဖြစ်ပါတယ်။

အိမ်ထောင်ကွဲသွားပြီးတဲ့နောက်မှာတော့၊ ဒီနာမည်ကိုပြန်ပေးအပ်ရတဲ့အတွက် နိုင်ငံသားစီစစ်ရေးကဒ်၊ passport၊ ကုမ္ပဏီဝန်ထမ်းကဒ် အစရှိသဖြင့် ဒါတွေမှာ မိမိရဲ့ မူရင်းနာမည်ပြန်ဖြစ်အောင် ပြန်လျှောက်ရပါတယ်။ တော်တော်လေးအလုပ်ရှုပ်စရာကောင်းပါတယ်။

 

၂။ ဖျန်ဖြေခြင်းနှင့် ရုံးတင်စစ်ဆေးခြင်း

 

https://style.nikkei.com/article/DGXZZO46888710T00C19A7000000/

နောက်ပိုင်းမှာဖြစ်လာတာက ပိုင်ဆိုင်မှုကိစ္စတွေနဲ့ ကလေးကိစ္စတွေမှာ ညှိုနှိုင်းလို့မရတဲ့အခြေအနေတွေရှိလာတဲ့အတွက် ကြားဝင်ဖျန်ဖြေပေးရတာတို့ တရားရုံးတွေမှာ ရင်ဆိုင်ရတာတို့ဖြစ်လာပါတယ်။

တရားခွင်မှာ တစ်ယောက်နဲ့တစ်ယောက်ရဲ့ ရှေ့နေတွေကလည်း အပြိုင်အဆိုင်တရားရင်ဆိုင်ရပြီး၊ ဘယ်သူ့ဘက်ကမှန်ကန်လဲဆိုတာအတည်ပြုဖို့ စုံစမ်းစစ်ဆေးရေးမှူးလည်းရှိနေရပါတယ်။

ကြားဝင်ဖျန်ဖြေတာတို့ တရားရုံးမှာရုံးတင်စစ်ဆေးတာတို့ လုပ်ပေမဲ့ သဘောတူညီမှုမရသေးဘူးဆိုရင်တော့ အယူခံဝင်ရတာတွေလည်း ရှိတဲ့အတွက်၊ နှစ်တွေအကြာကြီး ဒီအမှုကိုရင်မဆိုင်လို့မရပါဘူး။

ဒီအရာလည်း တော်တော်လေးပင်ပန်းမယ့်အရာတစ်ခုပဲ…။

 

 

၃။ သံယောဇဥ်အနှောင်အဖွဲ့ ပြဿနာ

 

http://kdkits.jp

 

အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေရှိတဲ့အခါ ဘယ်သူကကလေးပြုစုခွင့်ရမလဲဆိုတာနဲ့ပတ်သက်ပြီး စကားများရတာတွေလည်း ရှိပါတယ်။ ကွာရှင်းပြတ်စဲလိုက်တယ်ဆိုတာက အိမ်ခွဲနေလိုက်ပြီဆိုတဲ့သဘောမျိုး ဖြစ်တဲ့အတွက်၊ တစ်ယောက်ယောက်ကတော့ ကလေးကိုသေချာပေါက်ကြည့်ရှု့ကျွေးမွေးရပါမယ်။

ကလေးကိုကျွေးမွေးဖို့ ပိုက်ဆံရှိမရှိ? ဝင်ငွေရှိမရှိ?

ကလေးကိုစောင့်ရှောက်ပေးမယ့် ပတ်ဝန်းကျင်ရော အဆင်သင့်ရှိရဲ့လား?

ဒီလိုမေးခွန်းတွေကို စုံစမ်းစစ်ဆေးသူက မေးမြန်းပြီးအတည်ပြုပေးပါတယ်။ သေချာပေါက် ကလေးရဲ့ ဆန္ဒကိုလည်းမေးတဲ့အတွက် ကွာရှင်းပြတ်စဲတာရဲ့ စိတ်ရှုပ်ထွေးစရာက အပြစ်မဲ့တဲ့ကလေးကိုပါသွားပြီး သက်ရောက်စေပါတယ်။ ကလေးတွေ သနားဖို့ပါတယ်!!

 

၄။ ပိုင်ဆိုင်မှုခွဲဝေရခြင်း

 

https://gentosha-go.com/articles/-/3709

 

လက်ထပ်ပြီးနောက် ၂ ဦးသားတည်ဆောက် စုဆောင်းထားတဲ့အရာတွေရဲ့ တစ်ဝက်ကို ပြန်ခွဲဝေယူနိုင်တဲ့ အခြေခံစည်းမျဥ်းရှိပါတယ်။ ပိုက်ဆံပဲစုထားတယ်ဆိုရင်တော့ အလွယ်တကူပဲဖြေရှင်းနိုင်ပေမဲ့၊ လက်ရှိနေထိုင်နေတဲ့ အိမ်ကတော့ ဒီအတိုင်းပဲထားရင် ပျက်စီးသွားနိုင်တဲ့ပါတယ်။ ဒါ့ကြောင့် ရောင်းလိုက်ပြီး ၂ ယောက်သား ပြန်ခွဲဝေယူမှာလား?

အိမ်ကိုယူလိုက်ပြီး အိမ်ရဲ့ တန်ဖိုးတစ်ဝက်ကို ပိုက်ဆံနဲ့ပေးမှာလား?

 

အမျိုးသားဖြစ်သူက ကုမ္ပဏီရဲ့ရာထူးရှိသူတစ်ယောက်ဖြစ်ပြီး၊ ကုမ္ပဏီရဲ့ ရှယ်ယာရှင်တစ်ယောက်ဆိုရင်တော့ အဲ့ဒီရှယ်ယာတွေကိုလည်း ဇနီးသည်ကိုတစ်ဝက်ပေးရပါတယ်။

 

၅။ ကလေးထောက်ပံ့စားရိတ်

 

http://www.kosen.ac.jp

 

အများအားဖြင့်ကလေးတွေကို မိခင်နဲ့ပဲအပ်ပေမဲ့၊ ဖခင်ဖြစ်သူကလည်း ကလေးရဲ့ထောက်ပံ့စားရိတ်ကို လတိုင်းပေးရမှာဖြစ်ပါတယ်။ ဒါက ဝင်ငွေနဲ့ ကလေးရဲ့ အသက်ရွယ်အပေါ်လိုက်ပြီး ကွဲပြားမှုတွေရှိပါတယ်။

ကလေးက အသက် ၁၄ နှစ်အောက်အခြေအနေမှာတော့၊ ဝင်ငွေက ယန်းသောင်း ၃၀၀ လောက်ရှိမယ်ဆို လတိုင်း ၂ သောင်းကနေ ၆ သောင်းအထိ ထောက်ပံ့ပေးရပါတယ်။

ယန်းသောင်း ၈၀၀ ရမယ်ဆိုရင်တော့ ၈ သောင်းကနေ ၁၄ သောင်းအထိ ထောက်ပံ့ပေးဖို့ပဲဖြစ်ပါတယ်။ ကလေးအရေအတွက်နဲ့လိုက်ပြီးလည်း ထောက်ပံ့ကြေးတွေမတူသေးတဲ့အတွက် ယျေဘုယျအားဖြင့်တော့ တိတိကျကျမပြောနိုင်ပါဘူး။ ဒါပေမဲ့ တော်တော်လေးကိုပိုက်ဆံကုန်ကျမယ့်အခြေအနေပါ။

 

 

 

၆။ နစ်နာကြေး

 

https://machicon.jp/ivery/column/46956

 

 

ကွဲချင်တယ်လို့ ပြောလာသူဘက်က နစ်နာကြေးကိုပေးရမယ်လို့ သတ်မှတ်ချက်တွေရှိလည်းပဲ၊ များသောအားဖြင့်တော့ အမျိုးသားတွေဘက်ကနေ ပေးရတယ်လို့ဆိုလိုချင်တာပါ။

ဒီအရာကလည်း ကွာရှင်းချင်တဲ့အကြောင်းအရင်းနဲ့ ဝင်ငွေကိုလိုက်ပြီး နစ်နာကြေးမတူပါဘူး။

ပုံမုန်ဆိုရင်တော့ ယန်းသောင်း ၅၀ ကနေ သောင်း ၁၀၀ အထိပေးရပါတယ်။

ဖောက်ပြန်တာကြောင့်ဆိုရင်တော့ နစ်နာကြေးက ယန်းသောင်း ၂၀၀ ကနေ သောင်း ၃၀၀ အထိဖြစ်သွားပါတော့တယ်။

 

ကွာရှင်းမယ်လို့စဥ်းစားလိုက်တဲ့အချိန်မှာ နောက်အသစ်တစ်ယောက်ရှိနေပြီဆိုတာထက်၊ တကယ့်တကယ်ကွာရှင်းပြီဆိုရင် အရင်ဦးဆုံးနစ်နာကြေးပေးရမှာက တော်တော်လေးကိုခေါင်းခဲစေမှာပါ။

 

ပြောင်းပြန်အနေနဲ့ ယောကျ်ားလေးဘက်က နစ်နာကြေးရတဲ့ကိစ္စတွေလည်းရှိပါတယ်။

ဇနီးဖြစ်သူကဖောက်ပြန်တဲ့အခြေအနေဆိုရင်တော့ ယောကျ်ားလေးဘက်က နစ်နာကြေးရရှိပေမဲ့၊ ပတ်ဝန်းကျင်မှာ “ဒီကောင်လေးနစ်နာကြေးရလိုက်တယ်တဲ့၊ သနားစရာလေးပါ” ဆိုပြီးအပြောခံရတာမျိုးလေးတွေလည်း ရှိပါတယ်။

 

ဒီလိုကွာရှင်းပြတ်စဲဆိုတဲ့ အခြေအနေကိုမရောက်ခင် ၂ ဦးသား ရန်ဖြစ်စကားများကြတာကနေအစပြုမှာမို့လို့ ဒီလိုမျိုးစိတ်ပင်ပန်းမှုတွေက မြန်မာလူမျိုးတွေအနေနဲ့လည်း အတူတူလောက်ပဲလို့ထင်မိပါတယ်။

 

ဂျပန်နိုင်ငံမှာတော့ ပိုက်ဆံတော်တော်ကုန်မယ့်ကိစ္စပါ။

ဒီအချက်တွေကြောင့်လူငယ်တွေက ချစ်ပေမဲ့လည်း လက်ထပ်ရမှာကိုကြောက်ရွံ့သွားကြတာများလားလို့တော့ ပြောကောင်းပြောရမှာပေါ့ဗျာ!!!

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: