ရောဂါကင်းတဲ့ ကိုယ်ခန္ဓာကိုရရှိဖို့ Diet လုပ်ချင်သူများအတွက် အစာစားနည်း

ဒီနေ့ခေတ်မှာ ပုံစံအမျိုးမျိုးနဲ့ Diet လုပ်နေကြပါတယ်။ ဘယ်ဟာက တကယ်သက်ရောက်မှုရှိလဲ မရှိလဲဆိုတာ သိပါသလား?

၀တ်ကျဖို့အတွက် ရှေးတုန်းကသက်ရှိလူသားတွေ နေထိုင်ခဲ့တဲ့ဘဝကို ပြန်သွားကြည့်ရအောင် !!!

 

ပိန်ချင်တယ်၊ ကျန်းမာချင်တယ် ဆိုတဲ့လူတွေအတွက် ကျန်းမာရေးကုထုံးကလည်း ပုံစံအမျိုးမျိုးနဲ့ ပေါ်ပေါက်လာပါတယ်။

ကျန်းကျန်းမာမာနဲ့ ပိန်ချင်ရင်တော့ ခေတ်ရေစီးကြောင်းအတိုင်းမဟုတ်ဘဲ နောက်ပြန်သွားတာက အကောင်းဆုံးပါပဲ။

ရှေးတုန်းကလူတွေရဲ့ အစာစားနည်း

 

 

လွန်ခဲ့သော နှစ်ပေါင်း ၂ သောင်းခန့်မတိုင်မီကတည်းက  လူတွေအသက်ရှည်ရှည်နဲ့ နေထိုင်ခဲ့ကြပါတယ်။

လယ်ယာစိုက်ပျိုးရေး အစပြုခဲ့တဲ့ လွန်ခဲ့တဲ့ နှစ် ၁ သောင်းခန့်မတိုင်မီက ရှေးလူတို့ရဲ့ အစားစားပုံကို ပြန်ကြည့်ရင် သူတို့က ကျန်းမာရေးအတွက် အထောက်အကူပြုမလား? ဆိုတာကိုပဲ စဥ်းစားပြီး စားဖြစ်ခဲ့ကြတယ်။  ဒီနေခေတ်နဲ့တော့ လုံး၀ကွာကြီးပေါ့….။

 

 

အစားအစာအသစ်တွေ့ပြီဆိုရင်လည်း လက်တွေ့ကျကျစဥ်းစားတယ်။ တကယ်စိတ်ချရတယ်၊ အာမခံပါတယ် ဆိုတာတောင်မှ နှစ် ၁၀၀ ဒါမှမဟုတ် နှစ် ၂၀၀ လောက်အထိကြာမှ တရား၀င်စိတ်ချရတယ်၊ စားသုံးဖို့အတွက် အန္တရယ်မရှိဘူးဆိုပြီး ယူဆကြတယ်။

 

ဒါပေမဲ့ နှစ်ပေါင်း ၂ သောင်းခန့်အတွင်းမှာ၊ လူမျိုးနွယ်တွေ သူတို့ဒေသနဲ့သူတို့စားကြတဲ့ အစားအစာထဲမှာ ကိုယ်ခန္ဓာအတွက် ကောင်းပါ့မလား? ဆိုပြီးစဥ်းစားတယ်။ ခန္ဓာကိုယ်ထဲမှာ မကောင်းတာဖြစ်သွားရင်တော့ လုံးဝ မစားတော့ဘူး၊

လူသားမျိုးနွယ်တွေရဲ့ နေထိုင်မှုက တဖြည်းဖြည်းဆင့်ကဲပြောင်းလဲမှုတွေဖြစ်လာပြီးတော့၊ ကြိုက်နှစ်သက်တဲ့အစားအစာတွေကလည်း ပြောင်းလဲလာပေမဲ့၊ မျိုးရိုးဗီဇ ကတော့ နှစ်တစ်ရာကြာလို့မှ မပြောင်းလဲပါဘူး။ အဲ့ဒီလို ကျွန်တော်တို့ရဲ့  ကိုယ်ခန္ဓာဇီ၀ဖြစ်စဥ်ဟာ ရှေးရှေးတုန်းကအသက်ရှင်ခဲ့တဲ့ လူသားမျိုးနွယ်တွေနဲ့ ပြန်နှိုင်းယှဥ်လိုက်ရင်လည်း ဘာမှ မပြောင်းလဲပါဘူး။ အတူတူပါပဲ…

 

ဥပမာ အသီးအရွက်စားသတ္တ၀ါတွေက အသားနဲ့ ငါးကိုစားဖို့ မသင့်တော်သလိုပဲ၊ ကျွန်တော်တို့ လူသားမျိုးနွယ်မှာလည်း မစားသင့်တဲ့အစာနဲ့ စားသင့်တဲ့အစာဆိုတာ ရှိပါတယ်။

လက်ရှိတရုတ်လူမျိုးတွေမှာ ဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကလည်း မစားသင့်တဲ့အစာကို စားမိလို့ပဲလို့ ယူဆရပါမယ်

 

ဒီလိုမျိုး မကိုက်ညီတဲ့အစားအစာကိုစားမယ်ဆို ခန္ဓာကိုယ်မှာ ဆိုးကျိုးတွေဖြစ်လာမှာ လွယ်လွယ်နဲ့တွေးကြည့်လို့တောင် ရပါတယ်။

လွန်ခဲ့သော နှစ်ပေါင်း ၂ သောင်းခန့်မှာ အသက်ရှင်နေထိုင်ခဲ့ကြတဲ့ ကျွန်တော်တို့ဘိုးဘွားတွေစားသုံးခဲ့တဲ့ အစားအစာတွေက ဒီမျက်မှောက်ခေတ်အသက်ရှင်နေတဲ့ ကျွန်တို့နဲ့လည်း ကိုက်ညီပါတယ်။ ဘာလို့ဆိုတော့ လူသားမျိုးနွယ် ဗီဇတွေတူကြလို့ပါပဲ

 

ဒါဆို သူတို့ဘာတွေစားခဲ့ကြလို့လဲ ?

  • အသားအမျိုးမျိုး
  • ခရုအမျိုးမျိုး
  • ဂဏန်း၊ ပုဇွန်အမျိုးမျိုး
  • ဟင်းသီးဟင်းရွက်၊ အာလူးနဲ့ မြေကြီးထွက် ဥအမျိုးမျိုး
  • မှိုအမျိုးမျိုး
  • သစ်သီးအမျိုးမျိုး(ချဥ်သောအသီးမှလွဲ၍)
  • ဥအမျိုးမျိုး
  • နို့ထွက်ပစ္စည်း

ဒီလိုဟာတွေကိုစားခဲ့တာပါ

နောက်ပိုင်း စိုက်ပျိုးရတဲ့အသီးအနှံ ဆန်စပါး၊ မုရော နဲ့မုန့်တွေ စတာတွေကတော့ ဟိုးအရင်ခေတ်မှာမရှိခဲ့ဘူး။

အချဥ်ဓါတ်ရှိတဲ့ အသီးအနှံတွေကိုတော့ အန္တရာယ်ရှိတယ်ဆိုပြီးတော့ မစားဖို့တားမြစ်ခဲ့ကြတယ်ပေါ့။

 

အဲ့ဒီလိုမျိုး ရှေးလူတွေစားခဲ့သလိုမျိုးသာစားမယ်ဆိုရင်

・肥満အ၀လွန်ခြင်း

 

・便秘ဝမ်းချုပ်ခြင်း

 

・高血圧သွေးတိုးရောဂါ

 

・糖尿病ဆီးချိုရောဂါ

 

・心臓病နှလုံးရောဂါ

 

・血管の病気သွေးကြောဆိုင်ရာရောဂါ

 

・骨粗鬆症 အရိုးပွရောဂါ

 

・リウマチဒူလာရောဂါ

 

・アトピー性皮膚炎 အရေပြားရောဂါ

・うつ病 စိတ်ကျရောဂါ

 

・近視 အဝေးမှုန်ခြင်း

 

・ガン ကင်ဆာ

 

・更年期障害 သွေးဆုံးခြင်း

 

・喘息 ပန်းနာရင်ကျပ်ရောဂါ

 

・認知症 စိတ်ဖောက်ပြန်ခြင်း

 

 

ဒီလိုရောဂါတွေဖြစ်လာစရာမလိုပဲ ကျန်းမာတဲ့ ဘဝကိုပျော်ပျော်ကြီးဖြတ်သန်းနိုင်ကြမှာပါ။ ဒီရောဂါတွေကလည်း ဒီနေ့ခေတ်ကိုရောက်လာတော့မှ တစ်ခုပြီးတစ်ခုပေါ်လာကြတာ……

စာဖတ်သူတို့လည်း မြင်တွေ့နေတယ်မဟုတ်လား?

ဒီနေ့ခေတ်အတွက်လည်း Diet လုပ်မယ်ဆို အကြံပေးချင်တဲ့ အစားအစာတွေကတော့!!!!

အသားအမျိုးမျိုး ဥပမာ

အမဲသား၊ သိုးသား၊ သမင်၊ ကြက်နဲ့ ဝက် တို့ပေါ့။ စားနိုင်ပါတယ်။ ဒါပေမဲ့ သူတို့မှာရှိတဲ့ အဆီတွေကိုတော့ လုံးဝမစားသင့်ပါဘူး။

ခရုနဲ့ ကဏန်း၊ ပုဇွန်တွေလည်း စားလို့ရပါတယ်။

သစ်ဥသစ်ဖု၊ အာလူးနဲ့ကန်ဇွန်းဥ၊ ပြီးရင်တော့ အစိမ်းရောင်ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်အမျိုးမျိုးပေါ့။

 

မှိုတွေထဲမှာတော့ စားလို့ရတဲ့ မှိုအမျိုးမျိုးပါပဲ။

သစ်သီးဝလံထဲမှာလည်း ထောပတ်သီး၊ ဖရဲသီး၊ သင်္ဘောသဖန်းသီး၊ လိမ္မော်သီး၊ မာလကာသီး၊ ဖရဲသီး၊ သစ်တော်သီး၊ သင်္ဘောသီး၊ ဘလူးဘယ်ရီ၊ ပျားလိမ္မော်၊ စပျစ်သီး၊ သရက်သီး အစရှိသဖြင့်။

 

အဲ့အချိန်တုန်းက သံပုရာသီးကိုတော့ အရမ်းချဥ်လို့ဆိုပြီး မစားခဲ့ပါဘူး။

 

ဥထဲမှာတော့ ငုံးဥကိုပိုစားပေးပါ။

ထောပတ်၊ ချိစ်၊ နဲ့ ဒိန်ချဥ်လည်း နည်းနည်းစားရင်တော့ ကောင်းပါတယ်။

 

 

သဘာ၀အတိုင်းအချိုဓါတ်ထဲမှာတော့ သကြားအညိုရောင်နဲ့ ပျားရည် ကလည်းသင့်တော်ပါတယ်။

 

 

ရှောင်ရမယ့်အရာတွေထဲမှာတော့ မုရောစပါးနဲ့ ခေါက်ဆွဲ။

 

ပဲနီလေး၊ ပဲ၀ါလေး၊ ပဲတောင့်ရှည်၊ ပဲထောပတ်၊ တို့ဟူး။

မြေပဲ၊ ဗာဒံသီး၊ နှမ်း။

ပင်လယ်ရေညှိ

နောက်ပြီးတော့ alcohol ပါပဲ။

 

ပြုပြင်ထားတဲ့အသားတွေထဲမှာတော့ ၀က်ပေါင်ခြောက်၊ ၀က်အူချောင်းအမျိုးမျိုး

ကွတ်ကီး၊ ကိတ်၊ ဒိုးနပ်လိုမျိုး ချိုတဲ့မုန့်တွေ။

ကော်ဖီ၊ သကြားတွေအလွန်အမင်းထည့်ထားတဲ့ အသီးဖျော်ရည် တွေလည်း သောက်ဖို့မသင့်ပါဘူး။

ဟင်းရွက်ဆီနဲ့ မြေပဲထောပတ်

ငါးကင်တို့ ငါးခြောက်တို့

 

 

ချက်ပြုတ်တဲ့ နည်းလမ်းတွေထဲမှာတော့ ဆီအများကြီးသုံးပြီး ချက်တာတို့၊ ကြော်တာတို့ကို မလုပ်သင့်ပါဘူး၊

စတူး (ဥပမာ ၀က်စတူး) ၊ ပြုတ်မယ်၊ ပေါင်းမယ်၊ oven ထဲမှာ bake လုပ်လိုက်တာတို့၊ မီးသွေးနဲ့ ကင်တာတို့လုပ်တာ ပိုပြီးကောင်းပါလိမ့်မယ်။

 

အရသာအနေနဲ့ကတော့ ရိုးရိုးဆား နဲ့ ငရုပ်ကောင်းမှုန့်နဲ့ဆိုလည်း အဆင်ပြေပါတယ်။

နောက်ပြီး ဆေးဖက်၀င်အပင်တွေ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ နဲ့ ဂျင်း

အချိုအရသာ လိုချင်ရင်တော့ သကြားအညှိရောင်ကိုပဲ သင့်တော်သလိုပဲသုံးပေးရပါမယ်။

အခုပေါ်မှာရှောင်ဖို့အတွက် ပြောသွားတဲ့အစားအစာတွေက Dietလုပ်ချင်တဲ့လူတွေအတွက်ပါ…….။

 

နေစဥ်မိမိစားနေတဲ့အစားအစာတွေမှာ ထူးဆန်းတာတွေ လိုက်မစားဘဲ ဒီလိုအာဟာရရှိတာလေးတွေကိုပဲ မျှစားဖို့ ဒီမျက်မှောက်ခေတ်အတွက်ကတော့ တော်တော်ကြီးကို ခက်ခဲသွားပါလိမ့်မယ်။

အစားအသောက်တွေကြောင့်ပဲ ရောဂါအသစ်အဆန်းတွေထွက်လာတာ မဆန်းပါဘူး။ ရှေးလူတွေကလည်း အပေါ်မှာပြောပြသွားတဲ့ အစားအစာ အာဟာရအုပ်စုတွေကိုပဲ စားပြီးအသက်ရှည်ရှည်နေသွားခဲ့ရပါတယ်။

 

ဒါပေမဲ့ မျက်မှောက်ခေတ်ရဲ့ ၈၀ ရာခိုင်နှုန်းသောလူတွေက အစားအစာဆိုရင် အချိုမှုန့်လေးပါလိုက်ရမှ၊ အရသာ စပ်စပ် ငန်ငန် ၊ စိမ့်စိမ့်လေးတို့မှ ကြိုက်ကြတယ်မဟုတ်လား။ ဒါတွေက ကိုယ်မသိလိုက်ချိန်မှာ ရောဂါတွေကို ဖိတ်ခေါ်နေတာပါ။

 

ဒါကြောင့်မို့လို့ အသစ်အဆန်းတွေကို လိုက်စားပြပြီး ရောဂါရနေမှာထက် ရှေးလူတွေစားခဲ့သလိုမျိုး၊ ကျန်းမာရေးအတွက်အဓိကတွေးပြီး ရောဂါကင်းတဲ့ ကိုယ်ခန္ဓာကိုတည်ဆောက်ကြပါစို့!!!!!!

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: