အထပ်မြင့်တိုက်ခန်းတွေက သဘာဝဘေးအန္တရာယ်ကို ခံနိုင်ရည်ရှိလား ?
တိုကျိုမြို့ကြီးမှာတော့မိုးမျှော်တိုက်ကြီးတွေတိုးပွားလျက်ရှိပါတယ်။ မြေဈေးနှုန်းတွေမြင့်တက်နေတဲ့မြို့ကြီးတစ်မြို့ရဲ့ အဆင်ပြေတဲ့နေရာတွေမှာနေထိုင်ချင်ရင်တော့ အထပ်မြင့်တိုက်ခန်းတွေကရွေးချယ်စရာတစ်ခုဖြစ်လာပါတော့တယ်။
https://www.fujitsu.com/jp/group/fri/knowledge/opinion/2018/2018-10-4.html
လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီး ပြတင်းပေါက်ကနေမြင်ရတဲ့မြင်ကွင်းကအရမ်းလှပါတယ်။
သဘာဝဘေးအန္တရာယ်တွေကိုလည်းခံနိုင်ရည်ရှိတယ်လို့ဆိုထားပါတယ်။
အဲဒါက တကယ်ပဲလား ?
ဂျပန်ဆိုတာငလျင်များစွာရှိတဲ့တိုင်းပြည်ဖြစ်ပါတယ်။ ၁၉၈၁ ခုနှစ်တွင်
ပြန်လည်ပြင်ဆင်ထားသောငလျင်စံချိန်စံညွှန်းများအရ တည်ဆောက်ခဲ့တဲ့အထပ်မြင့်တိုက်ကြီးတွေဟာဆိုရင်
ငလျင်လှုပ်လို့ ပြိုကျသွားတယ်ဆိုတဲ့ တိုက်အမြင့်ကြီးတွေဆိုတာသိပ်မရှိပါဘူး။
တကယ်တော့ ၂၀၁၁ ခုနှစ်မှာ ဂျပန်အရှေ့ပိုင်းတိုကျိုမှာငလျင်အပြင်းအထန်လှုပ်ခဲ့ပါတယ်။
ငလျင်စံနှုန်းများကိုလိုက်နာပြီးဆောက်လုပ်ခဲ့တဲ့အဆောက်အဦး အားလုံးနီးပါးကတော့ လုံခြုံမှုရှိခဲ့ပါတယ်။
နောက်ထပ်ဖြစ်ပေါ်လာတဲ့ သဘာဝကပ်ဘေးတစ်ခုကတော့မိုးသည်းထန်စွာရွာတာပါပဲ။
တဖန်၊ တိုကျိုမြို့ဆိုတာကမ္ဘာပေါ်မှာအဆင့်မြင့်ဆုံးနည်းပညာတွေနဲ့ ရေနုတ်မြောင်းစနစ်တွေကိုတည်ဆောက်ထားပြီးလုံခြုံစိတ်ချရတဲ့နေရာတစ်ခုပါ။
သဘာဝဘေးအန္တရာယ်တွေကို စူးစမ်းလေ့လာတဲ့ကိရိယာတွေတပ်ဆင်ထားလို့ အားလုံးလုံခြုံပါတယ်လို့လည်း ပြောကြပါတယ်။
ဒါပေမယ့် 2019 ခုနှစ်မှာတိုင်ဖွန်းမုန်တိုင်း 19 ကြောင့် ဒီလုံခြုံမှုရှိပါတယ်လို့ပြောကြတာတွေဟာ အားလုံးပြိုကျသွားပါတယ်။
Musagikosugi၊ Kanagawa စီရင်စုမှာရှိတဲ့ ၄၇ ထပ်တိုက်ခန်းဟာ ဘယ်လိုမှမထင်မှတ်ထားတဲ့ အခြေအနေမျိုးမှာ . . .
https://www.kanaloco.jp/article/entry-201821.html
ထိုတိုင်ဖွန်းမုန်တိုင်းကြောင့်မိုးရွာသွန်းမှုပမာဏမှာမကြုံစဖူးဖြစ်ပြီး ထိုတိုက်ခန်းအနီးမှာရှိတဲ့မြစ်ကမ်းရဲ့တစ်စိတ်တစ်ပိုင်းကပြိုကျသွားပြီးရေတွေလည်းပြည့်လျှံသွားပါတယ်။
အဆိုပါတိုက်ခန်းကတိုက်ခန်းအဆောက်အအုံရဲ့မြေအောက်ခန်းထဲသို့ ကျွန်၀င်သွားပြီး switchboard ကိုချိုးဖောက်ကာလျှပ်စစ်ဓာတ်အားပြတ်တောက်စေတဲ့အထိဖြစ်သွားပါတယ်။
ဓာတ်လှေကားတွေအားလုံးရပ်တန့်ထားလို့ အထပ်၄၀ထက်မြင့်တဲ့အမြင့်အထိလမ်းလျှောက်ရပြီး
အဲယားကွန်းတွေတီဗွီတွေလည်းလုံးဝသုံးမရတော့ပါ။ လျှပ်စစ်မီးမရတော့ရေလည်းအသုံးပြုလို့မရ။စိတ်ညစ်စရာကြီးပေါ့။
အဆိုးဆုံးကတော့မိလ္လာရဲ့နောက်ပြန်စီးဆင်းမှုကြီးပါ။ အပေါ်ထပ်ရှိလူတွေကအိမ်သာကိုသုံးပြီးတဲ့ရေတွေဟာ အောက်ထပ်မှာရှိတဲ့သူတွေရဲ့အိမ်သာသုံးတဲ့သူတွေဆီထပ်ရောက်လာပါတော့တယ်။ မစင်တွေနဲ့ပြည့်နှက်နေပါတော့တယ်။
ဆိုးဝါးတဲ့အနံ့တွေရယ်၊ အလုပ်မလုပ်တော့တဲ့ဓာတ်လှေကားရယ်. . .
နေထိုင်လို့ရတဲ့အခြေအနေမဟုတ်ဘဲပြန်လည်ထူထောင်ဖို့အချိန်များစွာကြာမြင့်ခဲ့ပါတယ်။
တစ်ချိန်ကဇိမ်ခံအိမ်ဖြစ်တဲ့ဒီမျှော်စင်တိုက်ခန်းကိုအခုချိန်မှာတော့မည်သူမျှမဝယ်လိုကြတော့ပါ။
ဒါကြောင့်ပဲချေးငွေနဲ့ဝယ်ဖို့အတွက်ကြီးမားတဲ့သဘောတူညီချက်ဖြစ်ခဲ့ပါတယ်။
ပိုပြီး ပြင်းထန်တာကတော့ ကယ်ဆယ်ရေးစခန်းများရဲ့တုန့်ပြန်မှုဖြစ်တဲ့
အဓိကဘေးအန္တရာယ်တစ်ခုကြုံတွေ့ရတဲ့အခါ၊ ဒေသခံများအနီးအနားရှိကျောင်းတွေမှာစုဝေးစေဖို့ပါ။ အဲလိုနေရာတွေကကာကွယ်ဖို့၊ ခိုလှုံဖို့နေရာရှိပေမယ့်
အထပ်မြင့်တိုက်ခန်းတွေကတော့ထိုကဲ့သို့သောနေရာမျိုးမရှိလို့ အသက်ကယ်ဆယ်ရေးလုပ်ဖို့ခက်ပါတယ်။
ဆိုလိုတာက ရွှေ့ဆိုင်းလို့ရတဲ့နေရာနဲ့ကယ်ဆယ်ရေးလုပ်ဖို့အတွက်မလွယ်ကူတာပါ။
ထိုကဲ့သို့သောဒေတာရှိပါတယ်။
၂၀၁၆ခုနှစ်၊ ကနေဒါ၊ တိုရွန်တိုရှိအရေးပေါ်ဝန်ဆောင်မှုရဲ့အသင်းဝင်တစ်ယောက်ဟာ နှလုံးသွေးကြောဆိုင်ရာနဲ့ပတ်သတ်တဲ့သူကိုကယ်ဆယ်တဲ့တစ်ခုစီအတွက်စာရင်းပြုစုတဲ့အခါမှာ 25ထပ်(သို့မဟုတ်)ထိုထက်ပိုတဲ့အလွှာမှာရှိတဲ့သူကိုအရေးပေါ်ကယ်တင်ဖို့ဆိုရင်
ရှင်သန်နိုင်နှုန်းဟာ 0% ရှိခဲ့တယ်လို့ဆိုပါတယ်။ အချိန်ကန့်သတ်ချက်အရ၊ အချိန်ကာလကြာမြင့်ချိန်အရ မြင့်မားတဲ့တိုက်ခန်းအလွှာမှာနေသူမဟုတ်ရင်တော့ကူညီနိုင်ဖြစ်ခြေ၊ဖြစ်နိုင်ခြေပိုပြီးမြင့်မားလိမ့်မယ်လို့သုံးသပ်ခဲ့ပါတယ်။
ဒီသတင်းကိုကြားပြီးတော့ ငလျင်တို့တိုင်ဖွန်းမုန်တိုင်းတို့ ဂျပန်လောက်မရှိတဲ့ မြန်မာမှာ နေရတာ လုံခြုံတယ်လို့ဆိုရပေမယ့်. . . အထပ်မြင့်မှာနေတဲ့မြန်မာပြည်သားတွေအတွက် ကတော့ အနည်းငယ်တော့စိတ်မသက်မသာဖြစ်ရတယ်နော်။
အဲဒါတောင် အထပ်မြင့်တိုက်ခန်းမှာနေချင်တယ်လို့တွေးမိသေးလားဆိုတော့ကာ. . . ?