ရန်ဖြစ်ပြီးတဲ့နောက်တစ်နေ့ကိုကြောက်တယ်

ဂျပန်မှာ ထမင်းဘူးနဲ့ပတ်သတ်တဲ့ယဉ်ကျေးမှုရှိပါတယ်။ တစ်ချို့ကျောင်းတွေမှာ နေ့လည်စာရနိုင်ပေမယ့် ကိုယ်ပိုင်ထမင်းဘူးယူသွားတဲ့သူတွေလည်းရှိကြပါတယ်။ အလုပ်သွားတဲ့သူတော်တော်များများဟာလည်း ကျန်းမာရေးအရအစားအသောက်ထိန်းသိမ်းပြီး ပိုက်ဆံချွေတာတဲ့အနေနဲ့ ထမင်းဘူးယူသွားကြပါတယ်။

ငယ်ငယ်တုန်းကတော့ အမေကထမင်းဘူးထည့်ပေးတယ်။ လက်ထပ်ပြီးတဲ့အခါမှာတော့ဇနီးသည်ကထမင်းဘူးထည့်ပေးတာများတယ်။ ဟုတ်ပါတယ်။ နေ့စဉ်ဘဝတွေကိုအလွှမ်းမိုးနိုင်ဆုံးကတော့ အမေနဲ့ဇနီးသည်ပါပဲ။ သူတို့နဲ့ရန်ဖြစ်လို့မရပါဘူး။ ဘာလို့လဲဆိုတော့ ရန်ဖြစ်မိတဲ့နောက်တစ်နေ့မှာ ထည့်‌ပေးလိုက်တဲ့ထမင်းဘူးအဖုံးကိုဖွင့်လိုက်တာနဲ့ကြောက်စရာကောင်းတဲ့အရာကိုအမြဲကြုံတွေ့ရလို့ပါ။

အမေနဲ့ရန်ဖြစ်လာတဲ့သူငယ်ချင်းရဲ့ထမင်းဘူး

https://twitter.com/doi_inari/status/568606737353166849

クソ (Shit) လို့ရေးထားတဲ့ အမေရဲ့ အဆဲစကား !

“ချီးပဲ” ဆိုပြီးထမင်းပေါ်မှာရေးထားတာပါ။

မနက်စောစောထပြီး ထမင်းဘူးအဆင့်သင်လုပ်ပေးတဲ့အမေနဲ့ရန်ဖြစ်တဲ့ရလဒ်။

 

https://twitter.com/bis_cota/status/563898622077440000

အမေ့ရဲ့ဒေါသကိုဖော်ကျူးထားသလိုမျိုးမဲတူးနေအောင်ကြော်ထားတဲ့ဆော်လမွန်ငါး

 

ဟိုးအရင်တုန်းကပေါ့၊ ပိုက်ဆံသိပ်မရှိတဲ့ခေတ်တုန်းက ဂျပန်ထမင်းဘူးဆိုတာ ထမင်းရဲ့အပေါ်မှာ မက်မန်းသီး‌ခြောက်အကြီးကြီးတစ်လုံးတင်ထားတဲ့ 日の丸弁当 (Hinomaru Bento) လို့ခေါ်တဲ့နေ့လည်စာထမင်းဘူးပါ။

https://ja.wikipedia.org/wiki/日の丸弁当

 Hinomaru ထမင်းဘူးက ဂျပန်နိုင်ငံအလံနှင့်ဆင်ပါတယ်။
အဲဒီအပြင်ပုပ်သိုးသွားတာတွေ၊အင်းဆက်ပိုးမွှားတွေကိုကာကွယ်နိုင်လို့
ယခုအချိန်အထိအသုံးပြုနေဆဲပါပဲ။ ထမင်းဘူးအပြင် အရံဟင်းအနေနဲ့လည်းပါဝင်ပါတယ်။

 

အမျက်ဒေါသထွက်တဲ့အခါမှာတော့ ထမင်းဘူးကဒီလိုပုံစံဖြစ်သွားပါရော

https://twitter.com/kyaraben_no1/status/567933864124899329

အမေရေ. . . ထမင်းထက်မက်မန်းသီးခြောက်တွေကများနေပါ‌ရောလား ?

 

ဒီဟာကိုလည်းကြည့်လိုက်ပါဦး . . .အမေ့ရဲ့ထမင်းဘူးက စာတောင်ပါလိုက်သေးတယ်။

https://twitter.com/kyaraben_no1/status/567933864124899329

အပြစ်နှင့်ပြစ်ဒဏ်။ နာမည်တူတဲ့နာမည်ကြီးစာအုပ်တစ်အုပ်ရှိပါတယ်။
မချက်ရသေးတဲ့ ဆန်ပဲထည့်ထားတဲ့နေ့လယ်စာထမင်းဘူးနဲ့စာစောင်။စာဖွင့်ဖတ်ရမှာတောင်တော်တော်ကြောက်တယ်။

ဒါလေးကတော့ချစ်စရာကောင်းတဲ့ပုံစံလေးပဲနော်။

https://matome.naver.jp/odai/2142492102865869701

အပြစ်ဒဏ်ဆိုပြီးစာ‌‌ရေးးထားပေမယ့်အရသာရှိရှိစားလို့ရနိုင်တာကိုပဲကျေးဇူးတင်ရမှာပါ။

 

ထမင်းမပါတဲ့ထမင်းဘူး

https://twitter.com/barasaku15/status/302991882668109824

တို့ဖူးပေါ်မှာ ပဲပိစပ်ဆော့စ်ကိုစမ်းထားတဲ့ဟာပေါ့။ ကျမ်းမာရေးအရတော့ကောင်းတယ်လို့တွေးမိပေမယ့် . . .

 

ဒါကတော့ စမတ်ကျတဲ့သူတွေရဲ့တိုက်ခိုက်မှုပါ။

https://twitter.com/xcocototox/status/540760593691467777

 

လူတွေရဲ့အရှေ့မှာ ထမင်းဘူးကိုဖွင့်လိုက်တာနဲ့အရမ်းကိုရှက်သွားစေမယ့်ပုံစံပေါ့။ ကြောက်ဖို့ကောင်းတဲ့ထမင်းဘူးတွေထက် ဇနီးသည်ဆီကဒီလိုရှက်ဖို့ကောင်းတဲ့ထမင်းဘူးကိုရလိုက်ရင်တော့ အဆ၁၀၀ပိုကြောက်ဖို့ကောင်းပါတယ်။

ဒီလိုစာပါတဲ့ထမင်းဘူးတွေလည်းအများကြီးရှိပါတယ်။

  https://matome.naver.jp/odai/2142492102865869701

ထမင်းတစ်ထပ်ဟင်းတစ်ထပ်ဖြစ်ရမှာကို ကြည့်ပါဦး နှစ်ထပ်စလုံးကထမင်းတွေချည်းပဲ။

https://matome.naver.jp/odai/2142492102865869701

သရဲရုပ်နဲ့ထမင်းဘူး။

https://matome.naver.jp/odai/2142492102865869701

ရုတ်တရက်ထမင်းဘူးဖွင့်လိုက်တာနဲ့ ထအော်မိမှာသေချာတယ်။

 

နောက်ဆုံးတစ်ခုကတော့ ချစ်ဖို့ကောင်းတဲ့ထမင်းဘူးလေးပေါ့။

https://matome.naver.jp/odai/2142492102865869701?page=2

တိုက်ရိုက်ပြောဖို့ခက်တဲ့အခါ ထမင်းဘူးမှာ တောင်းပန်ပါတယ်လို့‌‌ရေးထားတဲ့စာသားလေး။ ဒါလေးကတော့ချစ်ဖို့ကောင်းတယ်နော်။ ဘာတွေဖြစ်ခဲ့ပါစေခွင့်လွှတ်ပေးချင်မိသွားမယ်ထင်တယ်။

ကဲ. . . ဘယ်လိုလဲ ? အိမ်တစ်အိမ်ရဲ့အဓိကပဲ့ကိုင်ရှင်အာဏာရှိတဲ့သူက အမျိုးသမီးဖြစ်နေလို့ သူတို့ကို ဒေါသထွက်အောင်လုပ်လို့မရဘူးနော်။ မီးပွင့်သွားမယ် ဘာမှတ်!  နောက်တစ်နေ့ထမင်းဘူးမှာကြောက်ဖို့ကောင်းတာတွေမတွေ့ချင်ရင်တော့ အဆင်‌ပြေအောင်နေကြစို့နော်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: