ဂျပန်နိုင်ငံရဲ့ စစ်ဆင်ရေးမှာ အားအပြင်းဆုံးလက်နက် ! ?

ဂျပန်နိုင်ငံဟာ စစ်ပြီးကတည်းက စစ်တပ်ဆိုတာ မရှိတော့တဲ့အထိ ဖြစ်သွားခဲ့ပေမဲ့၊ မိမိကိုယ်ကို ခုခံကာကွယ် နိုင်ဖို့အတွက်ကတော့ လက်နက်နည်းဗျူဟာတွေ ရှိပါသေးတယ်။

အဲ့ဒါကိုတော့ 自衛隊 Jieitai , SDF ( Self-Defense Force) လို့ခေါ်ပါတယ်။

 

ကြည်းတပ်၊ ရေတပ်၊ လေတပ် ဆိုပြီးတပ် ၃ ခုကိုခွဲကာ အမျိုးမျိုးသောလက်နက်တွေကို စစ်ဆင်ရေးအတွက်ရော၊ ဂျပန်နိုင်ငံရဲ့ ကာကွယ်ရေးနဲ့ သဘာ၀ဘေးအန္တရာယ် ကျရောက်ရာနေရာတွေမှာ ကယ်ဆယ်ရေးအတွက် ဆိုပြီး ဆောင်ရွက်လျှက်ရှိပါတယ်။

 

အဲ့ဒီလိုမျိုး SDF စစ်ဆင်ရေးတွေမှာရှိတဲ့ အင်အားအပြင်းဆုံး ကိရိယာနဲ့ မိတ်ဆက်ပေးပါမယ်။

 

တင့်ကားလား ? တိုက်လေယာဉ်လား ? ရေငုတ်သင်္ဘောများလား ?

 

အဲ့ဒါတွေတစ်ခုမှ မဟုတ်ပါဘူး။ ပုံမှာပြထားတဲ့ ကားကတော့ ဒီတစ်ခေါက်မိတ်ဆက်ပေးမယ့် လက်နက်ပါပဲ။

 

 

https://web.smartnews.com/articles/g4UZ1wjsyBF

 

တစ်ချက်ကြည့်လိုက်တာနဲ့ ဒီကားဟာ ဘာမှသိပ်ပြီး မစွမ်းဆောင်နိုင်တဲ့ ပုံပါပဲ။ တကယ်တော့ ဂျပန်နိုင်ငံမှလွဲပြီး တခြားနိုင်ငံတွေမှာ မရှိတဲ့စွမ်းဆောင်ချက်တွေ ပါ၀င်နေပါတယ်။

စွမ်းဆောင်ချက်ကတော့ အဲ့ဒီကိရိယာကိုအသုံးပြုလိုက်တာနဲ့ ဒီလို အပြာရောင်မိုးကာလို အချပ်ပြားကနေ စတီးချောင်းတွေနဲ့ ပြုလုပ်ပြီး ကန်ပုံစံမျိုးလေးဖြစ်သွားတာကို တွေ့ရမှာပဲ ဖြစ်ပါတယ်။

 

 

https://web.smartnews.com/articles/g4UZ1wjsyBF

 

 

အဲ့ဒီအထဲကို ရေနွေးနွေးလေး ထည့်လိုက်ပါမယ်။

 

 

https://web.smartnews.com/articles/g4UZ1wjsyBF

 

 

ကဲ. ရေချိုးကန်လေးတော့ ဖြစ်သွားပါပြီ။

 

https://web.smartnews.com/articles/g4UZ1wjsyBF

 

 

 

အ၀တ်လဲတဲ့အခန်းကတော့ ပုံမှာမြင်ရတဲ့အတိုင်း ဂျပန် tatami ဖျားလေးတွေကိုပါ ခင်းကျင်းထားပါတယ်။

 

 

https://web.smartnews.com/articles/g4UZ1wjsyBF

 

 

ရေချိုးခန်းကတော့ လူ ၁၅ ယောက်စာချိုးနိုင်တဲ့ ကြီးမားတဲ့ ရေချိုးကန်ကြီးထဲမှာ ၀င်စိမ်နိုင်သလို Shower နဲ့လည်း ချိုးနိုင်တဲ့ပုံစံမျိုး ဖန်တီးထားတာပဲ ဖြစ်ပါတယ်။

 

 

 

https://web.smartnews.com/articles/g4UZ1wjsyBF

 

Boiler ပါတစ်ခါတည်းပါတဲ့အတွက်၊ တစ်နာရီမှာတစ်ခါ ၅.၄ တန် အလေးချိန်ရှိတဲ့ ရေးနွေးကိုထုတ်ပေးပါတယ်။ တစ်ရက်ထဲမှာပဲ လူပေါင်း ၁၂၀၀ ဟာ ရေ၀င်ချိုးနိုင်ပါတယ်။

 

 

ကဲ. ၀င်စိမ်လိုက်တဲ့အခါမှာတော့ အရမ်းကောင်းတဲ့ ခံစားချက်ကို ရရှိမှာပဲဖြစ်ပါတယ်။

 

 

 

https://web.smartnews.com/articles/g4UZ1wjsyBF

 

 

ရေစိမ်ရတာကို အရမ်းကြိုက်တဲ့ ဂျပန်လူမျိုးတွေကလွဲပြီး ဘယ်သူမှမခန့်မှန်းနိုင်တဲ့ လက်နက်ပါပဲနော်….

 

အခုနောက်ပိုင်းမှာတော့ မုန်းတိုင်းတွေနဲ့ ငလျင်တွေ စတဲ့သဘာ၀ဘေးအန္တရာယ်တွေ မကြာခဏကျရောက်တဲ့ ဂျပန်နိုင်ငံမှာတော့ အဲ့ဒီပစ္စည်းဟာ သဘာ၀ဘေးအန္တရာယ်နဲ့ ကြုံတွေ့ရပြီး ပင်ပန်းနေသူတို့အတွက် အရမ်းကို စိတ်အေးသက်သာမှုကို ပေးစွမ်းပါတယ်။ အဲ့ဒီရေချိုးကန်ကိုလည်း သန့်သန့်ရှင်းရှင်းနဲ့ထားနိုင်ပါတယ်။

ပင်ပန်းနေတဲ့ ကယ်ဆယ်ရေးအဖွဲ့သားတွေလည်း အဲ့ဒီရေချိုးကန်ထဲ ၀င်စိမ်ပြီး လန်းဆန်းသွားကြပါတယ်။ အဲ့ဒီလို လန်းဆန်းစေမယ်ဆိုရင် နောက်တစ်ခေါက် အားအင်အပြည့်နဲ့ စစ်ဆင်ရေး ဒါမှမဟုတ် ကယ်ဆယ်ရေး လုပ်ငန်းတွေကို ပြန်စနိုင်တော့မှာပဲ ဖြစ်ပါတယ်။ ဒီအတိုင်းသာတွေးမယ်ဆို အဲ့ဒီရေချိုးကန်ဟာ ဂျပန်လူမျိုးတွေအတွက်ရော စစ်သားတွေအတွက်ပါ အားအပြင်းဆုံး လက်နက်တစ်ခုပဲ မဟုတ်ဘူးလား…?  စာဖတ်သူတို့ရော ဘယ်လိုထင်ပါသလဲ….?

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: