အပြင်လောကနဲ့ အဆက်အသွယ်ဖြတ်ပြီး သီးသန့်ကမ္ဘာမှာနေကြသူတစ်ချို့

ကလေးတွေဟာ ကျောင်းမသွားချင်ရင် အိမ်ထဲမှာပဲနေပြီး အိမ်တွင်းအောင်းနေတတ်ကြပါတယ်။ ကလေးသဘာ၀မို့ အဲ့ဒီလိုအခြေအနေတွေရှိတာ မဆန်းပါဘူး။ ဒါပေမဲ့ ဂျပန်နိုင်ငံမှာတော့ လူကြီးတွေလည်း ပတ်၀န်းကျင်နဲ့ အဆက်အသွယ်ဖြတ်ပြီး အိမ်တွင်းအောင်းနေကြသူတွေလည်း ရှိနေပါတယ်။

 

မိဘဆိုတာက ကိုယ့်ထက်ပိုစောပြီး သေဆုံးကြရတာပါပဲ။ အဲ့ဒီနောက်ပိုင်းမှာတော့ ဘယ်လိုနေထိုင်သွားမလဲ…? မိဘနေရာကနေ စဥ်းစားပေးပြီး အဲ့ဒီလိုလူတွေကို ထောက်ပံ့ပေးတဲ့ အဖွဲ့အစည်းရဲ့ လုပ်ရှားမှုတွေကို ကြည့်လိုက်ပါ။

 

 

 

ကလေးတွေအတွက်ပဲမဟုတ်၊ အိမ်ထဲမှာ လူမသိသူမသိ စိတ်ဓါတ်ကျနေတဲ့ လူကြီးတွေအတွက်ပါရည်ရွယ်ပြီး ဆောင်ရွက်ပေးနေတဲ့ အခမဲ့စာသင်ကျောင်းမှ ၀န်ထမ်းတွေဟာ ပုံမှာပြထားတဲ့နေရာကို သွားခဲ့ပါတယ်။

 

 

 

မိဘကအလုပ်နားပြီး ပင်စင်လစာလေးနဲ့ ခြိုးခြံချွေတာပြီး အသက်ရှင်နေတဲ့အခြေအနေ ဖြစ်ပါတယ်။

ဒါပေမဲ့ အဲ့ဒီပင်စင်လစာရဲ့ အများစုကတော့ အလုပ်မလုပ်ဘဲ အိမ်မှာပဲနေတဲ့ ၄၇ နှစ်အရွယ် သားက ထိုင်စားပါတယ်။

အလုပ်လုပ်ဖို့ ဖျောင်းဖျမယ်ကြံတိုင်း တံခါးတွေနဲ့ ပစ္စည်းတွေကို ရိုက်ချိုးဖျတ်ဆီးပစ်ပြီး၊ စူးစူး၀ါး၀ါးအသံနဲ့ အော်ဟစ်တဲ့အတွက် မိဘတွေကလည်း ကြောက်ပြီး ဘာမှမပြောရဲလောက်တဲ့ အထိပါပဲ။

 

 

 

 

အဲ့ဒီလူဟာ တံခါးအလွန်မှာ သိမ်သိမ်မွေ့မွေ့နဲ့ စကားပြောနေတဲ့ အခမဲ့စာသင်ကျောင်းက ၀န်ထမ်းကို ရိုင်းရိုင်းစိုင်းစိုင်း ပြုမူပြောဆိုပါတယ်။

 

အဲ့တံခါးကိုဖွင့်လိုက်တာနဲ့ ချက်ချင်း လာထွက်ရိုက်မှာနော်

အိပ်နေတဲ့လူကို လာခေါ်နိုးစရာလား

၀င်ရဲရင် ၀င်ကြည့်စမ်း!!!!!

 

အဲ့ဒီ၀န်ထမ်းဟာ လော့ချထားတဲ့ တံခါးအပြင်ကနေ သူထက်ပိုပြီး ကျယ်ကျယ်ပြန်ပြောပါတယ်။ အခြား၀န်ထမ်းတွေကလည်း နားချပြီး ခေါ်ထုတ်ပေမဲ့ အခြေအနေကတော့ မထူးခြားလာခဲ့ပါဘူး။

 

အဲ့ဒါနဲ့ သူ့အမေဆီက ခွင့်ပြုချက်ယူပြီး တံခါးကိုဖျတ်ဆီးကာ ၀င်သွားခဲ့ပါတယ်။

တံခါးကခံနေတဲ့အတွက် စကားပြောလို့မရမယ့်အတူတူတော့၊ တံခါးကိုဖျတ်ဆီးပြီး တိုက်ရိုက်ပြောဆိုနိုင်ဖို့ ကြိုးစားခဲ့တာပဲဖြစ်ပါတယ်။ ၀န်ထမ်းဟာ လေသံတွေလည်း တဖြည်းဖြည်းတင်းမာလာခဲ့ပါတယ်။

 

 

နောက်ဆုံးမှာတော့ အသက် ၄၇ နှစ်အရွယ် အမျိုးသားကို မြင်တွေ့ခဲ့ရပါပြီ။

 

သူဟာအရင်က အိမ်ကနေထွက်ပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်မယ်လို့ မိဘတွေကို အကြိမ်ပေါင်းများစွာ ကတိပေးခဲ့ပေမဲ့၊ ကတိမတည်ခဲ့ပါဘူး။

 

ရည်မှန်းခဲ့တဲ့ နာမည်ကြီးတက္ကသိုလ်ရဲ့ ၀င်ခွင့်စာမေးပွဲကို ရှုံးနိမ့်ပြီးကတည်းက၊ ကျောင်းဆက်တက်ဖို့ စိတ်ကူးကို အပြီးစွန့်ပစ်ခဲ့ပါတယ်။ မိဘတွေဆီက ယန်းသောင်း ၄၀၀ ချေးပြီး၊ ကွန်ပျူတာ ဆော့၀ဲလ် ကုမ္ပဏီကို တည်ထောင်ခဲ့ပေမဲ့၊ ၅ နှစ်အတွင်းမှာပဲ စီးပွားပျက် အရှုံးပေါ်ခဲ့ပါတယ်။

 

ရှယ်ရာတွေကနေလည်းထွက်ပြီးတော့ မိဘတွေဆီမှာ စုစုပေါင်း အကြွေး ယန်းသောင်း ၈၀၀ နဲ့အတူ အိမ်ကိုပြန်ရောက်လာခဲ့ပါတယ် အခုလို အိမ်တွင်းအောင်းဘ၀ ဖြစ်သွားခဲ့တယ်လို ပြောပါတယ်။

 

နောက်ဆုံးမှာတော့ စကားစပြောလာခဲ့ပါပြီ။

ဒါပေမဲ့ အကြောင်းအရာတွေအထဲမှာ ကွာဟချက် ရှိနေခဲ့ပါတယ်။

 

 

 

သူကတော့ပြောပါတယ်…. အခုတိုးတက်နေတဲ့ ဆော့၀ဲလ်လုပ်ငန်းတွေကို ပြီးစီးအောင်လုပ်ပြီးမှ အိမ်ကနေထွက်ချင်ပါတယ်။ အခုလည်းပဲ သူ့ရဲ့ လုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်လျက်ရှိပါတယ် လို့ ပြောနေပေမဲ့၊

လက်တွေ့မှာတော့ သူပြောနေတာတွေက တစ်ခုမှအမှန်မဟုတ်ခဲ့ပါဘူး။

 

 

အသက်အရွယ်တစ်ခုကို ရောက်နေသူအဖို့ အပြင်ကိုအဆက်အသွယ်ဖြတ်ပြီး အိမ်ထဲမှာပဲနေခြင်းရဲ့ လက္ခဏာအနေနဲ့ သူဟာ စိတ်ကူးအကြံတစ်ခုကို ပြင်းပြင်းထန်ထန်ထုတ်ပြီး အဲ့ဒီအရာဟာ အလိမ်အညာတစ်ခုလား၊ တကယ့်လက်တွေ့ဖြစ်နေတာလား ဆိုတာကို သေသေချာချာ ရေရေရာရာ မသိတော့တဲ့ အဖြစ်မျိုးကို ရောက်သွားခြင်းပဲ ဖြစ်ပါတယ်။

 

 

အခုအချိန်မှာတော့ သူ့ကိုလက်တွေ့ဘ၀ထဲပြန်ခေါ်လာဖို့ ဆွေးနွေးစကားပြောပေးနေတာ ၇ နာရီတိတိ ကြာခဲ့ပါပြီ။

 

အခုလိုမျိုး စိတ်ဓါတ်ကျပြီး အိမ်ထဲမှာပဲ အတွေးတွေနဲ့ပြည့်နေသူဟာ ဂျပန်နိုင်ငံရဲ့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လူပေါင်း ၇ သိန်းလောက် ရှိပါမယ်။

တဖက်မှာလည်း အလုပ်မလုပ်တော့ဘဲ အိမ်ထဲမှာပဲ ပြင်ပနဲ့အဆက်အသွယ်ဖြတ် နေထိုင်နေကြတဲ့ အရံတပ်သားတွေဟာလည်း ၁.၅ သန်းလောက်ရှိပါတယ်။

 

တီဗွီအစီအစဥ်မှာတော့ နောက်ထပ်၀န်ထမ်းတစ်ယောက်ဟာ အိမ်တွင်းအောင်းသူတစ်ယောက်ကို ထပ်ပြီးမေးမြန်းခဲ့ပါတယ်။

သူကတော့ သီးခြားအိမ်တစ်လုံးထဲမှာနေထိုင်တဲ့ အသက် ၇၃ နှစ်အရွယ် အမျိုးသားတစ်ယောက်ပဲ ဖြစ်ပါတယ်။

သူ့အတွက် ပြုစုစောင့်ရှောက်ပေးဖို့က မလိုအပ်တာတော့မဟုတ်ပေမဲ့ သူနဲ့အတူနေပြီး သူကိုစောင့်ရှောက်ပေးရတာဟာ အတိုင်းအတာတစ်ခုထက် ပိုပြီးပင်ပန်းတာကိုတွေ့ရပါမယ်။ ဘာကြောင့်များလဲ….? သူ့သား အတူလာနေဖို့ကို တားဆီးရန်အတွက်ပဲ ဖြစ်ပါတယ်။

အဲ့ဒါဆို အဲ့ဒီသားဟာ ဘယ်လိုမျိုးနေထိုင်လိုလဲ…?

 

 

 

 

 

 

အိမ်ထဲကို ၀င်လိုက်တာနဲ့ အမှိုက်တွေချည်းပါပဲ။

အပုပ်အနံတွေလည်း ထွက်တဲ့အတွက် ပတ်၀န်းကျင်က တိုင်းကြားမှုတွေလည်း ရှိပါတယ်တဲ့။

 

 

 

ရေချိုးခန်းလည်း မ၀င်တာတစ်နှစ်နီးပါးလောက်ရှိနေပါပြီး။

အိပ်တဲ့အခန်းမျာလည်း အမှိုက်တွေချည်းပါပဲ။

 

မုတ်ဆိတ်မွေးတွေလည်း သူကိုယ်တိုင်ရိတ်ပြီး စနစ်တကျ လွှတ်ပစ်ပုံလည်းမရပါဘူး။

 

သူဟာ တက္ကသိုလ်ဘွဲ့ရပြီးတဲ့အချိန် အလုပ်ရှာတဲ့အခါ ဘယ်ကုမ္ပဏီမှ သူ့ကိုမခေါ်ခဲ့ပါဘူး။ ရတဲ့အလုပ်လေးမှာလည်း အတည်တကျမလုပ်နိုင်ဘဲ အချိန်ပိုင်းအလုပ်လုပ်ဖို့လည်း စိတ်မ၀င်စားခဲ့ပါဘူး။

 

လွန်ခဲ့တဲ့ ၁၁ နှစ်မတိုင်ခင်ကစပြီး အခုလိုမျိုး အိမ်မှာပဲနေရင်းနဲ့၊ ဒီ ၆ နှစ်မတိုင်ခင်မှာတော့ သူ့ရဲ့မိခင်ကဆုံးပါးသွားပါတယ်။ အဲ့ဒီလိုနဲ့ပဲ အမှိုက်ကို စနစ်တကျစွန့်ပစ်ပေးမယ့်သူ မရှိတော့ ဒီလိုအခြေအနေအထိ ဖြစ်လာတာပါပဲ။

 

 

ယခုလက်ရှိ နေထိုင်စာရိတ်ကိုတော့ အသက် ၇၃ နှစ်အရွယ် ဖခင်က အပတ်တိုင်းလာပို့ပေးတဲ့ပုံပါပဲ။

အဲ့ဒီပိုက်ဆံကလည်း ကြာကြာမခံပါဘူး။

 

ဒါပေမဲ့ သူ့ရဲ့ လက်ရှိအခြေအနေကို တိုးတက်လာအောင် ပြန်ပြီးဖျောင်းဖျပေးနိုင်မယ်သာဆိုရင် အလုပ်လုပ်ချင်တဲ့စိတ်လည်း ပြန်ဖြစ်လာမယ်လို ထင်ပါတယ်။

 

 

 

ဒီဘ၀ကနေလည်း လွတ်မြောက်နိုင်မှာမဟုတ်ဘူး !

ကိုယ်ကိုကိုယ်လည်း လွတ်မြောက်နိုင်မယ်လိုမယုံကြည်ဘူး !

ဘာမှမတတ်နိုင်တော့လို့ ဒီလိုအခြေအနေမှာပဲ ထားလိုက်ကြပါတော့ !

 

 

ဒါဟာ လက်တွေ့ဘ၀တွေမှာ အမှန်တကယ် ဖြစ်ပျက်နေတာတွေပဲ ဖြစ်ပါတယ်။

 

သူ့ကိုဆွေးနွေး ဖျောင်းဖျပေးနေတာလည်း ၃ နာရီတောင်ကြာသွားခဲ့ပါတယ်။

ဆွေးနွေးဖျောင်းဖျပေးတဲ့ အပြီးမှာတော့ သူဟာ အခမဲ့စာသင်ကျောင်းရဲ့ အဆောင်မှာလိုက်နေဖို့ ရွေးချယ်လိုက်ပါပြီး။ သတင်းကောင်းတစ်ခုလို့ပဲ ပြောရပါမယ်။

 

သူဟာ ဘ၀အသစ်ကနေ တစ်ဖန်ပြန်စတော့မှာပဲ ဖြစ်ပါတယ်။

 

အဲ့ဒီလိုအခြေအနေတွေကိုတော့ သိကြတဲ့သူနည်းပါတယ်။ ဒါပေမဲ့ အဲ့ဒီလို စိတ်ဓါတ်ကျပြီး ပြင်ပလောကနဲ့အဆက်အသွယ်ဖြတ် နေထိုင်ခြင်းဟာ ဂျပန်လူမျိုးတွေအတွက် တဖြည်းဖြည်းနဲ့ လွှမ်းမိုးလာတဲ့ အမှောင်ထုတစ်ခုလိုပါပဲ။

အကယ်၍ သင့်မိသားစုထဲက သင့်ကလေးသာ အဲ့ဒီလိုအခြေအနေမျိုးမှာ နစ်မြုပ်သွားခဲ့မယ်ဆို သင်ကောဘယ်လိုနေမလဲ…?

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: