တိုကျိုမြို့ရဲ့အန္တရာယ်အရှိဆုံးနေရာက ?

တိုကျိုမှာနေထိုင်တဲ့သူ၊ တိုကျိုကိုပြောင်းရွှေ့နေထိုင်ဖို့တွေးနေကြတဲ့သူတွေအတွက် “ဘေးကင်းလုံခြုံတဲ့မြို့” ဟုတ်မဟုတ်သိဖို့ဆိုတာ အရမ်းကိုအရေးကြီးတဲ့အချက်လို့ထင်ပါတယ်။ ကြီးမားတဲ့မြို့ဖြစ်နေလို့ ဘေးကင်းလုံခြုံတယ်လို့ပြောလို့ရလားဆိုတော့? အဲလိုလဲပြောလို့မရပြန်ဘူး။

လွန်ခဲ့တဲ့တစ်နှစ်ကကောက်နုတ်ချက်အရ တိုကျိုမြို့ရဲ့ အန္တရာယ်အရှိဆုံးနေရာကတော့Adachi ရပ်ကွက်ဖြစ်ပြီး ကျွန်တော်မွေးဖွားကြီးပြင်းခဲ့တဲ့မြို့ဖြစ်ပါတယ်။
သေချာတာကတော့ အခြားဒေသတွေမတူကွဲပြားတဲ့ သွင်ပြင်တွေအများကြီးရှိပါတယ်။

https://www.flickr.com/photos/69710617@N02/6684521533/

Adachiရပ်ကွက်ရဲ့ဗဟိုဖြစ်တဲ့နေရာကတော့ Kitasenju ဘူတာပါ။ အဲဒီဘူတာရဲ့အနီးနားမှာ အရက်ဘားဆိုင်တွေရှိပါတယ်။
နေ့အချိန်ကစပြီးဖွင့်ထားတဲ့အရက်ဆိုင်တွေလည်းရှိပြီး အလုပ်ရှိပုံမပေါ်ပဲ အရက်မူးနေတဲ့ဦးလေးကြီးကိုလည်းတွေ့ရလေ့ရှိပါတယ်။
အရင်တုန်းကဆို အဲနေရာက Yakuzaတွေလည်းတော်တော်များများရှိခဲ့တဲ့ နေရာပါ။

အဲဒါကြောင့် ရာဇ၀တ်မှုတွေတော်တော်များများရှိတယ်လို့ယူဆနိုင်ပေမယ့် တကယ်တမ်းတော့ ၂၃ရပ်ကွက်ရှိတဲ့အထဲမှာ မှအန္တရာယ်အရှိဆုံးအဆင့်က 22ပါ။
တိုကျိုမြို့ရဲ့ ၂၃ ရပ်ကွက်ထဲမှာ အဆင့်က၂၂ဆိုတော့ ရာဇ၀တ်မှု အနည်းငယ်သာရှိတယ်လို့ပြောတာပါပဲ။
ဒါ‌ပေမယ့် ပြည့်တန်ဆာကျက်စားတဲ့နေရာတွေလည်းရှိပြီး တချို့အန္တရာယ်ရှိတဲ့နေရာတွေတော့ရှိပါတယ်။
ဘာပဲဖြစ်ဖြစ်ပြောရမယ်ဆိုရင်တော့ အဲလိုအန္တရာယ်ရှိတဲ့နေရာမျိုးတွေကိုမချဉ်းကပ်ရင်တော့ အလွန်ဘေးကင်းလုံခြုံတဲ့မြို့တစ်မြို့ပါပဲ။

အခုတစ်ခေါက်ရဲ့ အဆင့်သက်မှတ်ချက်တွေက ရာဇဝတ်ဖြစ်ပေါ်မှုအများဆုံးကိုစီတန်းထားတဲ့ နှစ်စဉ်ရာဇဝတ်ဖြစ်ပွားမှုတွေကိုနှိုင်းယှဉ်ဖော်ပြထားတာပါ။

ရာဇဝတ်မှုအများဆုံးပထမနေရာကတော့ Chiyoda ရပ်ကွက်ဖြစ်ပါတယ်။

https://www.abc-tenpo.com/contents/town/20336.html

လူအများကအားကျရတဲ့မြို့ကြီးလည်းဖြစ်ပါတယ်။ ရုံးအဆောက်အအုံတွေများစွာနဲ့စီတန်းလျက်ရှိနေတာက တိုကျိုမြို့ရဲ့ပုံရိပ်တစ်ခုလိုပါပဲ။ ရုံးခန်းတွေရှိတဲ့နေရာဖြစ်လို့ လူနေအိမ်တွေတော့မရှိပါဘူး။ နေ့ဘက်နဲ့ညဘက်လူဦး‌ရေကွာခြားချက်က ၁၇ဆရှိပါတယ်။ ရုံးတွင်းပြဿနာတွေရှိတယ်ဆိုတာကလည်း ရေတွက်လို့ရနိုင်ပြီး ရာဇဝတ်မှုတွေမြင့်မားလာစေနိုင်လောက်တဲ့အခြေအနေမျိုးတော့မဟုတ်ပါဘူး။ စိတ်မကောင်းပေမယ့်လည်းအခုလိုအန္တရာယ်ရှိတဲ့နေရာအဖြစ် ရလဒ်ထွက်လာပါတယ်။ဒါပေမယ့် အန္တရာယ်အရမ်းရှိတဲ့မြို့လို့ဆိုရအောင်လည်း အဲလောက်ကြီးမဟုတ်ဘူးထင်ပါတယ်။

 

ဒုတိယနေရာကတော့ Shibuya ရပ်ကွက်ဖြစ်ပါတယ်။

https://sitter.kidsna.com/article/childcare/1237

Shibuya ရပ်ကွက်ကိုတော့လူတော်တော်များများသိကြမယ်ထင်ပါတယ်။
ရုံးတွေလည်းအများကြီးရှိပြီး လူငယ်တွေ စုရုံးနေတဲ့မြို့လည်းဖြစ်ပါတယ်။
Halloween နဲ့ နှစ်သစ်ကြိုဆိုပွဲလိုနေ့မျိုးတွေဆို ဘူတာရုံရှေ့ရဲ့လမ်းဆုံမှာလူတွေအရမ်းများလို့
ဒုက္ခတွေအများကြီးလည်းဖြစ်စေတဲ့မြို့တစ်မြို့ပါ။
တကယ်တော့မြို့နဲ့သိပ်မဝေးတဲ့နေရာမှာ တိတ်ဆိတ်ပြီးအေးချမ်းတဲ့လူနေအိမ်လေးတွေလည်းရှိပါတယ်။
နေထိုင်ဖို့အတွက်လည်းအလွန်အဆင်ပြေတဲ့နေရာပါ။
ဘာပဲဖြစ်ဖြစ်ဒီမြို့မှာကတော့ လူအများအပြားရှိတဲ့အတွက် အဆင်မပြေတာတွေကိုတော့ ဘူတာရုံတွေရဲ့အရှေ့လမ်းဆုံတွေမှာတွေ့နိုင်ပါတယ်။
Maruyamacho လို့ခေါ်တဲ့ အချစ်‌ဟော်တယ်နားကိုသွားဖို့
ရှောင်ရှားမယ်ဆိုရင်တော့ ရာဇ၀တ်မှုနှုန်းကိုလျှော့ချနိုင်မယ်ထင်ပါတယ်။
ဒါပေမယ့်လည်း သွက်လက်တဲ့လူငယ်တွေအများကြီးရှိတဲ့မြို့ဆိုတော့ အနည်းငယ်တော့အန္တရာယ်ရှိပါတယ်။ ကျွန်တော်ဒီမြို့မှာ ၁၀ နှစ်ကျော်အလုပ်လုပ်ခဲ့ဖူးပြီး ညဘက်မှာ အနည်းငယ်ကြောက်စရာကောင်းတဲ့ အတွေ့အကြုံတွေတော့ရှိဖူးပါတယ်။

တတိယနေရာကတော့ Shinjuku ပါ။ အဲဒီမှာတော့ကြီးမားတဲ့မြို့လယ်ခေါင်မှာKabukichoရှိပြီး၂၄နာရီလုံးလုံးနိုးကြားနေတဲ့ဘယ်တော့မှမအိပ်တဲ့မြို့တစ်မြို့အဖြစ်နာမည်ကြီးပါတယ်။
Host Club နဲ့ Gay Bar(လိင်တူချစ်သူဘား)များစွာရှိပြီး အခြားမြို့တွေနဲ့အနည်းငယ်ကွာခြားတဲ့သူတွေစုရုံးလေ့ရှိကြပါတယ်။

စတုတ္ထနေရာကတော့ Toshima ရပ်ကွက်မှာပါဝင်တဲ့ Ikebukuro ဒေသဖြစ်ပါတယ်။
ပဉ္စမနေရာကတော့ Taitoရပ်ကွက်မှာပါဝင်တဲ့ Uenoဒေသနဲ့ Asakusa‌ဒေသ တို့ဖြစ်ပါတယ်။

အကယ်၍ ခင်ဗျားသာ ဂျပန်မှာနေဖို့နေရာရှာနေတဲ့သူဆိုရင်တော့
သေချာပေါက်ဘေးကင်းလုံခြုံတဲ့မြို့ကိုသေသေချာချာရွေးချယ်ပါနော်။

 

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: