ဂျပန်နိုင်ငံမှာဘာကြောင့် ဘယ်မောင်းစနစ်ဖြစ်နေတာလဲ?

ယာဥ်ကြောတွေရှင်းလင်းဖို့အတွက် စည်းကမ်းလေးတွေရှိဖို့လိုပါတယ်။

မြန်မာနိုင်ငံကလမ်းတွေက ညာဘက်မှာရှိပြီး လမ်းပြောင်းပြန်မောင်းတာတွေလည်း ရှိတတ်ပါတယ်။

ဂျပန်နိုင်ငံမှာကတော့ ဘယ်ဘက်ခြမ်းမှာဖြစ်ပါတယ်။

ဒါကြောင့် ကားတွေကလည်း ညာမောင်းတွေဖြစ်နေတာဖြစ်ပါတယ်။

ဒီလိုမတူတာတွေက ဘယ်ကတည်းကဖြစ်လာခဲ့တာလဲ ?

တကယ်တော့ ဆာမူရိုင်းခေတ်ကတည်းကဖြစ်လာခဲ့တယ်ဆိုတဲ့ ပုံပြင်လေးတစ်ပုံရှိပါတယ်။

ကမ္ဘာ့အတိုင်းအတာနဲ့ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံလို လမ်းကြောင်းကညာဘက်မှာရှိတာများတယ်ဆိုတာကို တွေ့ရပါတယ်။

အောက်ကမြေပုံထဲက အနီရောင်ခြယ်ထားတဲ့နေရာက ညာမောင်းဖြစ်ပြီး အပြာရောင်ခြယ်ထားတဲ့နေရာက ဂျပန်နိုင်ငံလို ဘယ်မောင်းတွေဖြစ်ပါတယ်။

https://ja.wikipedia.org/wiki/左側通行の国一覧

 

ဒါပမဲ့ ကားတွေမပေါ်ခင်ကတည်းကနေ နိုင်ငံတိုင်းလိုလိုမှာ ဘယ်မောင်းတွေဖြစ်ခဲ့တာဖြစ်ပါတယ်။

အရင်တုန်းက အခုချိန်လောက် အန္တရာယ်မကင်းဘဲ လက်နက်ကိုင်ထားရတဲ့သူတွေများပါတယ်။

အဲ့ဒီအချိန်တုန်းက ကိုယ်သန်တဲ့ညာဘက်လက်ကနေ အလွယ်တကူလက်နက်ဆွဲထုတ်လို့ရအောင် ညာဘက်ကိုအလွတ်ထားထားတဲ့ ပုံစံကပိုပြီးထိရောက်ပါတယ်။

ဘက်နက်တွေမကိုင်ထားရင်တောင် ညာဘက်မှာရှိတဲ့နှလုံးကိုကာကွယ်ဖို့ ညာဘက်လက်ကိုသုံးတာပိုပြီးအဆင်ပြေသလို ညာဘက်လက်က ကိုယ်ကြိုက်သလို အသုံးပြုတာက ပိုပြီးအရေးကြီးခဲ့တာဖြစ်ပါတယ်။

 

ဂျပန်နိုင်ငံမှာ ဘယ်မောင်းတွေဖြစ်နေရတာက အင်္ဂလန်နိုင်ငံရဲ့ယာဥ်စည်းကမ်းကနေယူထားတယ်လို့ ပြောကြတာတွေလည်းရှိပေမယ့် အဲ့ဒီမတိုင်ခင်ကတည်းကနေ ဒီလိုအကြောင်းအရင်းမျိုးရှိခဲ့တာဖြစ်ပါတယ်။

ဒီအောက်မှာပြထားတာကတော့ ဆာမူရိုင်းတွေရဲ့ အနေအထားဖြစ်ပါတယ်။

ဆာမူရိုင်းတွေက လက်နက်ကိုဘယ်ဘက်မှာ ကိုင်ထားလေ့ရှိကြပါတယ်။ နောက်ပြီး လမ်းကျဥ်းလေးမှာတစ်ယောက်နဲ့တစ်ယောက်ဖြတ်သွားတဲ့အခါ ထိမိပြီးရန်ဖြစ်စရာမလိုတော့ပါဘူး။

 

https://car-rider.jp/weblog/豆知識/なぜ日本は左側通行なのか?/

 

ဒီလိုဖြစ်နေတာကြောင့်ပါ။

ညာဘက်မှာသာဆိုရင် ဓားတွေထိမိနေမှာပေါ့နော်။

ခန္ဓာကိုယ်ချင်းဆိုရင် တိုက်မိမှာစိုးလို့ရှောင်ရင်ရပေမယ့် ခန္ဓာကိုယ်အစိတ်မပိုင်းမဟုတ်တဲ့ ဓားကတော့ မရှောင်တတ်လို့ တိုက်မိနိုင်ခြေပိုများပါတယ်။

ဆာမူရိုင်းတစ်ယောက်မှာ ဓားကအရမ်းကိုအရေးကြီးပါတယ်။

ဆာမူရိုင်းရဲ့အသက်ဝိဥာဥ်လို့တောင်ခေါ်လို့ရပါတယ်။

ဓားအချင်းချင်းထိမိရင် တိုက်ပွဲတွေဖြစ်ကောင်းဖြစ်သွားနိုင်ပါတယ်။

ဂျပန်နိုင်ငံရဲ့ ဘယ်မောင်းစနစ်က တခြားနိုင်ငံတွေထက်တောင် ပိုပြီးလိုအပ်ပါသေးတယ်။

 

ဒါပေမယ့် ပြောင်းပြန်ဖြစ်နေတဲ့ညာမောင်းနိုင်ငံတွေက ဘာကြောင့် ညာဘက်အနေနဲ့ရှိနေရတာလဲ?

ဒါကတော့ ပြင်သစ်နိုင်ငံက နပိုလီယမ် ကြောင့်ဖြစ်ပါတယ်။

နပိုလီယမ်က ဘယ်သန်ဖြစ်ပါတယ်။

သူကပြင်သစ်စစ်တပ်ကို ညာဘက်လမ်းကြောင်းနဲ့သွားဖို့ စေခိုင်းခဲ့တာဖြစ်ပါတယ်။

နောက်ပြီး နပိုလီယမ်ရဲ့ အောင်မြင်မှုက တော်တော်လေးကို ကျယ်ပြန့်ခဲ့ပါတယ်။

အနိုင်ယူခဲ့တဲ့နိုင်ငံတွေက နပိုလီယမ်ရဲ့စည်းကမ်းချက်အတိုင်း ညာမောင်းစနစ်ကို ကျင့်သုံးခဲ့ရတယ်လို့ဆိုပါတယ်။

အဲ့ဒီနောက် ကိုလိုနီတွေသိမ်းပိုက်ခဲ့တဲ့နိုင်ငံတွေမှာလည်း ညာမောင်းစနစ်ဖြစ်ခဲ့တာကြောင့် ခုချိန်ထိ ညာမောင်းစနစ်ရှိနေရတာဖြစ်ပါတယ်။

United Kingdom ကတော့ နပိုလီယမ်လက်အောင်မှာမကျရောက်ခဲ့တာကြောင့် ညာမောင်းအတိုင်းရှိနေတာဖြစ်ပါတယ်။

အင်ဒိုနီးရှားနဲ့ ဩစတြေးလျ စတဲ့နိုင်ငံတွေမှာလည်း ဗြိတိသျှသြဇာလွှမ်းမိုးမှုရှိတာကြောင့် ညာဘက်အတိုင်းပဲရှိနေရတာဖြစ်ပါတယ်။

ဘယ်ဖြစ်ဖြစ်ညာဖြစ်ဖြစ် အကုန်လုံးအတူတူဖြစ်ရင်ကောင်းမှာပဲလို့ တွေးမိပေမယ့်လည်း အကြောင်းပြချက်တွေ သူဟာနဲ့သူရှိကြတာပဲနော်….

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: