အခွန်ဆောင်ရင် လက်ဆောင်ရမယ်

အခွန်ဆောင်ပြီးရင် ဒီလိုအသားမျိုးရောက်လာပါလိမ့်မယ်။

https://26p.jp/

ဒီလိုကောင်းမွန်တဲ့စနစ်မျိုး ဂျပန်နိုင်ငံမှာရှိပါတယ်။

ဇာတိအခွန်ပေးဆောင်တဲ့စနစ်ဆိုတာကို ကြားဖူးလား?

အရင်တုန်းကနေ နေထိုင်ခဲ့တဲ့ဒေသအတွက် အခွန်တွေကိုပေးဆောင်ရတာဖြစ်ပါတယ်။

 

ဒါပေမယ့်ဒီအပိုင်းက နေထိုင်တဲ့သူတွေများတဲ့ မြို့ပြဒေသတွေကိုပဲ ကောက်ခံလို့ရပါတယ်။ တစ်ချို့ဒေသတွေမှာက ငွေလုံလောက်မှုမရှိတာကြောင့် ငွေတွေကို ချိန်ညှိလို့မရပါဘူး။

အဲ့ဒီကနေ ဇာတိအခွန်ပေးဆောင်ခြင်းဆိုတဲ့စနစ် ပေါ်ပေါက်လာခဲ့တော့တာပေါ့။

ဥပမာ အပေါ်မှာပြခဲ့တဲ့ကအသားတုံး ၆၀၀ ဂရမ်အသားကင်ကို ယန်း ၂၀,၀၀၀ အဖြစ် မြို့တော်စည်ပင်ကနေသတ်မှတ်ထားပြီး၊ ဒီအသားကိုဝယ်တာနဲ့ အခွန်ဆောင်တာနဲ့ အတူတူပါပဲ။

အဲ့ဒီ ယန်း ၂,၀၀၀ ကိုနုတ်ထားပြီး ယန်း ၁၈,၀၀၀ ကို နောက်နှစ်အတွက် နေထိုင်ခွင့်အခွန်ကိုနုတ်ယူတာဖြစ်ပါတယ်။

ဒေသခံတွေဆိုရင်တော့ အလှူငွေသဘောမျိုးနဲ့ ကောက်ခံကြပြီး အခွန်ဆောင်တဲ့သူတွေကိုတော့ အသားရောင်းလို့ရတဲ့ငွေအနေနဲ့ ကောက်ခံတာဖြစ်ပါတယ်။

ဘယ်လိုအမျိုးအစားတွေရှိလဲဆက်ကြည့်လိုက်ရအောင်နော်။

နီဂတခရိုင် မူရခမိမြို့မှာ အမဲသား ၃၀၀ ဂရမ်ကို ယန်း ၁၀,၀၀၀ ဖြစ်ပါတယ်။

https://26p.jp/

 

ဝါကယာမခရိုင် အရိတမြို့မှာ ငါးရှည့်အတုံးကြီး ၂ တုံးကို ယန်း ၁၀,၀၀၀ ဖြစ်ပါတယ်။

https://26p.jp/

ခါနဂဝခရိုင် မိနမိအရှိဂရမြို့မှာ ဘီယာ ၃၅၀ မီလီလီတာ ၂၄ ဘူး

https://26p.jp/

 

နဂနော့ခရိုင် အိအိယမမြို့မှာ ၁၅.၆ လက်မ laptop တစ်လုံးကို ယန်း ၃၃၅,၀၀၀

https://26p.jp/

 

ယမနရှိခရိုင် ဖုဂျိဂဝမြို့က ဒေသထွက်အစားအစာ ၂ ညစာ တစ် set စီကို ယန်း ၆၀,၀၀၀

https://26p.jp/

ဒေသတစ်ခုစီရဲ့ ဒေသန္တရအစိုးရတွေဟာ အမျိုးမျိုးသတ်မှတ်ကြတာဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အခွန်ဆောင်ရတာဖြစ်တာကြောင့် လက်ထဲမှာပစ္စည်းတစ်ခုပြန်ရောက်လာမယ်ဆိုတာက အရမ်းကောင်းတဲ့အစီအစဥ်ပဲနော်…

ဒီလိုသာဆိုရင် အခွန်တွေကို ပျော်ပျော်ကြီးပြေးဆောင်ကောင်း ဆောင်နိုင်ပါတယ်။

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: