ဂျပန်လူမျိုးတွေက ဆူညံသံကိုမကြိုက်ကြဘူး

ဂျပန်လူမျိုးတွေဟာ ဘယ်နေရာပဲရောက်ရောက် ဆူညံသံတွေကြားရတဲ့အပေါ်မှာ တုံ့ပြန်မှုတွေရှိတတ်ကြပါတယ်။ ဒါဟာ ကမ္ဘာပေါ်မှာ ဆူညံသံကြောင့် တုံ့ပြန်တတ်ကြဆုံးလူမျိုးတွေ ဖြစ်မယ်လို့ထင်ပါတယ်။

http://chunichieizo-tachi.blog.jp/archives/3663089.html

ရထားပေါ်မှာလည်း အသံမထွက်ပဲ တိတ်ဆိတ်နေတတ်ကြပါတယ်။ ရထားပြောမှာ ပြောစရာစကားမရှိလောက်အောင် တိတ်ဆိတ်နေတတ်ကြပြီး စပီကာကနေ အသံထွက်လာတယ်ဆိုတာမျိုးလည်း လုံးဝမရှိပါဘူး။

နားကြပ်ထဲကနေ အသံသေးသေးလေးကြားရရင်တောင်မှ လူကြည့်တာခံရပါတတ်ပါတယ်။

တိုက်ခန်းမှာဆိုရင် အောက်ထပ်ကမကြားအောင် ခြေသံဖွဖွလေးနဲ့လျှောက်ရပါတယ်။

ကိုယ်ဖော့သိုင်းနဲ့ နင်ဂျာလိုပေါ့နော်…

ကလေးတွေရှိတဲ့အိမ်တွေမှာဆိုရင် ဆူညံသံတွေမဖြစ်ဖို့အတွက် ဒီလိုဖျာတွေခင်းထားရပါတယ်။

https://www.renoco.jp/knowledge/213/

နောက်ပြီး ဒီတစ်ခေါက်ပြဿနာဖြစ်နေတဲ့ ကိစ္စတစ်ခုရှိပါတယ်။

https://www.fnn.jp/posts/00049463HDK/201912181700_FNNjpeditorsroom_HDK

 

ဟုတ်ပါတယ်။ဘုန်းကြီးကျောင်းထဲက ခေါင်းလောင်းကြီးပါ။

ရှေးခေတ်တုန်းက ခေါင်းလောင်းသံနဲ့ အချိန်တွေကို အသိပေးခဲ့ပေမယ့် အခုချိန်မှာတော့ နာရီတွေပေါ်လာတာကြောင့် မလိုအပ်တော့ပါဘူး။

ဒါပေမယ့် နှစ်သစ်ကူးမှာတော့ တီးဖြစ်အောင်တီးလေ့ရှိပါတယ်။

12 လပိုင်း ၃၁ ရက်နေ့ညသန်းခေါင်လောက်ကနေ မနက်မိုးလင်းတဲ့အချိန်အထိ ဒေါင်း၊ဒေါင်းဆိုပြီး ဖြည်းဖြည်းချင်းထွက်လာတဲ့အသံနဲ့ နှစ်သစ်ရောက်ပြီဖြစ်ကြောင်းခံစားမိစေတဲ့ ပုံစံလေးကို ဖန်တီးခဲ့ကြပါတယ်။

ညခေါင်းလောင်း လို့ခေါ်တဲ့ခေါင်းလောင်းကြီးကို အဲ့ဒီညမှာ ၁၀၈ ကြိမ်ထိုးပါတယ်။

လူသားတွေရဲ့လိုအင်ဆန္ဒပေါင်း ၁၀၈ မျိုးလောက်ရှိတယ်လို့ပြောကြပြီး ဒါတွေကို ပယ်ချပြီးနှစ်သစ်ကိုရောက်ရှိနိုင်ဖို့အတွက် ခေါင်းလောင်းတီးရခြင်းဖြစ်ပါတယ်။

Shizuoka စီရင်စုမှာရှိတဲ့ ဘုန်းကြီးကျောင်းကို အဲ့ဒီအနီးအနားတစ်ဝိုက်က နားငြီးတယ်ဆိုပြီး ဖုန်းဆက်ခဲ့တာရယ် ၂၀၁၄ ခုနှစ်မှာ ညခေါင်းလောင်းတီးတာကို ရပ်တန့်ခဲ့ရပါတယ်။

စိတ်ညစ်စရာကောင်းတဲ့အသံလို့ပြောခဲ့ကြပြီး ၂၀၁၄ ခုနှစ်ကနေစပြီး ၁၂ လပိုင်းရဲ့ ၃၁ ရက်နေ့နေ့လည်မှာ ခေါင်းလောင်းတီးခဲ့ကြပါတယ်။

ဘယ်လိုပါလိမ့် ….. ကျေးဇူးတောင်တင်ရဦးမှာမဟုတ်လား….

 

ဘယ်ကတည်းကနေ ဘာကြောင့်နားငြီးတတ်တဲ့သူတွေဖြစ်သွားကြတာလဲ ?

စာရေးသူငယ်စဥ် လွန်ခဲ့တဲ့နှစ် ၄၀ လောက်က ဒီလိုမဟုတ်ပါဘူး။

ရထားပေါ်မှာဆိုလည်း အဖိုးကြီးတွေက စကားကျယ်ကျယ်ပြောကြပြီး လမ်းသွားလမ်းလာတွေလည်း သီချင်းတွေဖွင့်ထားကြပါတယ်။

ညခေါင်းလောင်းသံကို တိုင်းကြားတဲ့သူကလည်း ကလေးအသံလေးတွေနဲ့ တိုင်ကြားတာမျိုးလည်း မဟုတ်ပါဘူး။

 

လူသားတွေရှိနေမှတော့ အသံဆိုတာထွက်နေမှာပါပဲ။

ဒါကိုဂျပန်လူမျိုးတွေက တစ်ဦးနဲ့တစ်ဦးအငြင်းပွားနေကြပါတယ်။

“ ဒေါသရှေ့ထားမှားတတ်သည် ”

ဒီစကားပုံလေးကို လူတိုင်းကြားဖူးကြလိမ့်မယ်ထင်ပါတယ်။

ရထားပေါ်မှာ အသံကျယ်ကြီးနဲ့ စကားပြောမိတဲ့အခါ တစ်ယောက်ယောက်က နားငြီးတယ်လို့ ပြောမှာသေချာပါတယ်။ ဒါပေမယ့် နည်းနည်းလေးသည်းခံလိုက်တာကရော အကောင်းဘူးလား?

ခုခေတ်ဂျပန်လူမျိုးတွေဟာ ကိုယ်နေရထိုင်ရကျပ်မယ့် လူမှု့ပတ်ဝန်းကျင်ကို ဖန်တီးနေကြတာပါ။

ဂျပန်နိုင်ငံကို သွားမယ့်သူတွေဆိုရင် ဆူညံသံမပြုလုပ်မိဖို့ အထူးဂရုစိုက်ကြပါနော်။

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: