ခရစ်စမတ်ဖိုးဖိုးတာဝန်တွေ ရပ်တန့်တော့မှာဖြစ်ကြောင်းအသိပေးစာ

ဂျပန်နိုင်ငံမှာ ခရစ်စမတ်ရောက်ခါနီးပြီဆိုရင် အိမ်တိုင်းမှာ ခရစ်စမတ်သစ်ပင်လေးတွေထားရှိကြပါတယ်။

အိမ်မှာရှိတဲ့ကလေးလေးတွေက လိုချင်တဲ့ပစ္စည်းကို ခရစ်စမတ်ဖိုးဖိုးကြီးဆီကနေရဖို့ ဆုတောင်းစာလေးကိုရေးပြီး ခရစ်စမတ်သစ်ပင်လေးမှာချိတ်ဆွဲထားကြပါတယ်။

ခရစ်စမတ်အကြိုညမှာ လိမ္မာတဲ့ကလေးလေးတွေအိပ်နေတဲ့အချိန် ခရစ်စမတ်ဖိုးဖိုးကြီးက လိုချင်တဲ့ပစ္စည်းလေးကို ဝယ်လာပေးတယ်။

ဒီလိုယုံကြည်နေတာ ကျွန်တော်တစ်ယောက်တည်းမဟုတ်ပါဘူး။

ဒါပေမယ့် တစ်ချိန်ချိန်မှာ ခရစ်စမတ်ဖိုးဖိုးဆိုတာ တကယ်မရှိဘူး၊ လိုချင်တာတွေကို လက်ဆောင်အဖြစ်ဝယ်ပေးနေတာက မိဘတွေဖြစ်နေတယ်ဆိုတာကို အရွယ်ရောက်မှပဲ သိခဲ့ရပါတယ်။

အရွယ်ရောက်လာတဲ့အခါ ခရစ်စမတ်ဖိုးဖိုးကြီးက ဒီလိုစာလေးရေးပြီး ပို့လာတဲ့အကြောင်းလေးတစ်ခုက အင်တာနက်ပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။

https://twitter.com/sakusaku3939399/status/1209615342449741824?fbclid=IwAR1JuyEk0nbJtdHVllAUHY0YyZJ2jFmrG5e0zl4kQECUabxhSnt6ZFc5jqo

 

ဆန်တာစနစ်ရပ်နားတော့မှာဖြစ်ကြောင်းအသိပေးခြင်း

၂၀၁၉ ကုန်ရင် ဆန်တာစနစ်ကိုရပ်တန့်တော့မယ်လို့ ဆုံးဖြတ်လိုက်ပါပြီနော်။

၂၀၀၀ ခုနှစ်ကနေစတင်ခဲ့တာဆိုတော့ ၁၇ နှစ်အတွင်း ဆက်ပြီး ချစ်စရာကောင်းတာလေးတွေရဦးမယ်ဆိုပေမယ့် မကောင်းတဲ့အရာတွေနဲ့ လောဘကြီးပြီးတောင်းရမ်းတာတွေဖြစ်မှာစိုးလို့ ခုချိန်မှာအသိပေးဖို့ဆုံးဖြတ်လိုက်တာပါ။

ဒီဘက်ခေတ်ရောက်လာတဲ့အခါ ရှားပါးမှုတွေဖြစ်တယ်၊ အချိန်မှီပြင်ဆင်ရတယ်၊ များသထက်များလာတယ်၊ အရုပ်ဆိုင်တွေရှာပြီးမရမကရှာဝယ်ရတယ်၊ ကုတင်အောက်မှာမသိအောင် ဖွက်ထားရတယ်၊ ဘယ်ဘက်လက်မှာ အင်္ဂလိပ်လိုရေးထားပေးရတယ်၊ သမီးလေးက ဆန်တာကိုပေးတဲ့မုန့်တွေကို စားပေးရတယ်၊ ခရစ်စမတ်ဖိုးဖိုးရဲ့မုတ်ဆိတ်မွေးကျ အမွေးတွေချထားရတယ် စတဲ့ပြင်ဆင်မှုတွေ အများကြီးလုပ်ခဲ့ရတယ်။

ခုလက်ရှိမှာ အခက်အခဲဆုံးကတော့ သမီးတို့ရဲ့အိပ်ချိန်နောက်ကျလာတာတွေရယ် လက်ဆောင်ပစ္စည်းတွေထုပ်ပိုးဖို့အတွက် ညသန်းခေါင်မှာ ထပြီးလုပ်ရတာတွေပါ။

ကလေးတို့နှစ်ယောက်ရဲ့ ဆန်တာအဖြစ် ၁၇ ကြိမ်တောင် လုပ်ပေးနိုင်ခဲ့လို့ အရမ်းကိုပျော်ခဲ့ရပါတယ်။

အရွယ်ရောက်လာတဲ့အခါ ကလေးတွေရလာရင်လည်း ၁၇ ကြိမ်ထက်ကျော်အောင် လုပ်ပေးနိုင်ပါစေနော်။

မနက်ရောက်ရင် ကလေးတို့ရဲ့တုံ့ပြန်မှုတွေကို မြင်ရတဲ့အခါမှာ အရမ်းကိုစိတ်ချမ်းသာရပါတယ်။

၂၀၂၀ ခုနှစ်ရဲ့ ခရစ်စမတ်လက်ဆောင်က ပါပါးဆီကနေရမှာနော်…

ကျေးဇူးတင်ကြောင်းပြောဖို့ လုံးဝမမေ့နဲ့။

ကဲ … Merry Christmas ပါ။

ချစ်တဲ့မေမေ

 

ငွေသား ယန်း ၁ သောင်းနဲ့အတူ ဒီစာလေးထည့်ပေးထားပါတယ်။

သမီးလေးအတွက် အချစ်တွေအပြည့်နဲ့ ပျော်ရွှင်ရယ်မောစရာလေးတွေကို ထည့်ပေးတဲ့ အကောင်းဆုံးလက်ဆောင်လေးပဲနော်။

အမြဲတမ်း ဆန်တာဆီကနေရတယ်လို့ ယုံကြည်ထားရင် မိဘတွေအနေနဲ့လည်း သိသွားမှာစိုးရိမ်ကြပါတယ်။

နောက်ပြီး ခရစ်စမတ်ဖိုးဖိုးကြီးလာမယ်ဆိုတာကို ယုံကြည်တဲ့ကလေးလေးတွေကိုကြည့်ပြီး ရုတ်တရက် ရောက်မလာတဲ့အခါ နည်းနည်းတော့အထီးကျန်လိမ့်မယ်လို့ထင်ပါတယ်။

ဒီလိုစာလေးနဲ့ သတိပေးထားတော့ ပိုကောင်းတာပေါ့နော်။

 

ကဲနောက်နှစ်တွေမှာ ပါပါးဆီကနေစောင့်ယူပြီးတော့ နောက်အကြိမ်တွေအတွက် ကိုယ့်ချစ်သူကို ဆန်တာနေရာပို့လိုက်ရင် မကောင်းဘူးလားနော် ?

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: