စိတ်တိုလာရင် ဇွန်းကိုသတိရလိုက်ပါ!!!

အမြဲတမ်း တခြားသူနဲ့ယှဥ်မိခဲ့ရင် ကိုယ်ချည်းပဲကျရှုံးနေတယ်
ဒီလိုမျိုးတွေးရင်းနဲ့ စိတ်တိုလာတဲ့သူ မရှိဘူးလား?? အဲ့ဒီလိုအချိန် ဇွန်းကိုသတိရလိုက်တာက ပိုကောင်းပါလိမ့်မယ်။
https://mainichigahakken.net/hobby/article/10-1.php
အလုပ်မှာကော၊ မိမိရဲ့ ကိုယ်ပိုင်ကိစ္စတွေမှာကော၊ ကိုယ်ထင်ထားတဲ့အတိုင်း ဖြစ်မလာဘူး။ အဲ့ဒီလိုအချိန် စိတ်ပျက်တာတို့၊ ဒေါသထွက်တာတို့ ဖြစ်လာမှာပုံမှန်ပါပဲ။
ဒါပေမဲ့ စိတ်တိုလိုက်ခြင်းဖြင့် ဘာကိုရရှိမလဲ?? စိတ်တိုလိုက်ခြင်းဖြင့် ဆုံးရှုံးသွားမယ့်အရာတွေကတော့ အများကြီးပါပဲ။
အတိတ်ကိုပြန်ကြည့်လိုက်ပါ။
တစ်ဖက်လူကိုစိတ်ဆိုးပြီး၊ အဓိကကျတဲ့ ပြဿနာကကိုဖြေရှင်းလိုက်နိုင်တယ်ဆိုတာက မရှိသလောက်ရှားတယ် မဟုတ်လား?
သက်ရောက်မှုတွေက ယာယီပဲလို့တွေးနေပေမယ့်၊ ပတ်၀န်းကျင်နဲ့၀ေးကွာသွားခြင်းကဲ့သို့သော အခြေခံပြဿနာလေးတွေကိုတော့ ဖြေရှင်းနိုင်မှာမဟုတ်ပါဘူး။
ဒါဆိုဘာလို့ ဇွန်းကိုသတိရခိုင်းတာလဲ??
တူညီတဲ့ မီးဖိုချောင်သုံးပစ္စည်းဖြစ်တဲ့ ဓါးကတော့ လှီးဖြတ်တဲ့ပစ္စည်းဖြစ်တဲ့အတွက်၊ တစ်ဖက်လူကိုအနာတရဖြစ်စေတဲ့ ဖြောင့်တန်းတဲ့ပုံသဏ္ဍာန်ရှိပါတယ်။
ချွန်ထက်တဲ့အစွန်အဖျားတွေပါတဲ့ ခက်ရင်းလည်းပဲ တစ်ဖက်လူကို ထိုးနိုင်တဲ့ပုံသဏ္ဍာန် ဖြစ်တဲ့အတွက် ရန်လိုမှုကိုပြပါတယ်။
ဒါဆိုရင် ဇွန်းကရောဘယ်လိုမျိုးလဲ??
တစ်ဖက်လူကို ညှင်သာစွာ တို့နိုင်တဲ့ပုံစံမျိုးပဲဖြစ်ပါတယ်။
ဇွန်းနဲ့ အမြှောင်းလိုက် အသားကိုလှီးဖြတ်တဲ့လူလည်းပဲရှိပေမဲ့၊ ဒါဟာဇွန်းကိုသုံးရမယ့် မူလပုံစံမဟုတ်ပါဘူး။
ဘယ်လောက်ပဲစိတ်ဆိုးပါစေ တစ်ဖက်လူကို ညှင်သာစွာပဲတုံံ့ပြန်ရမှာပဲ ဖြစ်ပါတယ်။ ဇွန်းဆိုရင်တော့ အသင့်တော်ဆုံးပါပဲ။
“ရန်လိုနေတဲ့တစ်ဖက်လူကို ညှင်သာစွာနဲ့ထိတွေ့ရမယ်ဆိုတာက အဓိပ္ပါယ်မရှိလိုက်တာ!”
ဟုတ်ပါတယ်၊ အဲ့ဒီခံစားချက်ကို နားလည်ပါတယ်။ အဲ့ဒီလိုအချိန်မှာဒီလိုတွေးလိုက်ပါ။
ဒေါသထွက်ပြီးရန်လိုနေတဲ့ တစ်ဖက်လူကို ဇွန်းနဲ့ညှင်သာစွာ ထိတွေ့လိုက်ပါ။ အဆိုပါတစ်ဖက်လူက ဒီဇွန်းဖြင့် သေးငယ်တဲ့လုပ်ဆောင်မှုကို ထပ်ပြီးတောင်းဆိုလာပါလိမ့်မယ်။
ကိုယ့်ကိုကိုယ်ပြန်ကြည့်ရင်တော့ အနည်းငယ်ဟာသဖြစ်နေတယ်လို့ မြင်ရမယ်မဟုတ်လား?
လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ခုနစ်တုန်းက၊ တရုတ်နိုင်ငံရဲ့ အတွေးအခေါ်ပညာရှင်အသက်ကြီးသူတစ်ယောက်က ဒီလိုပြောခဲ့ပါတယ်။
ကောင်းစွာတိုက်ခိုက်သောသူတို့သည် အမျက်ဒေါသထွက်ကြသည်မဟုတ်။
ရန်သူကိုအနိုင်ယူသောသူတို့လည်း မတိုက်ခိုက်ကြပါ။
“အမြဲတမ်းအောင်နိုင်သူတွေက ဘယ်တော့မှဒေါသမထွက်တတ်ဘူး၊ ဒီလိုပဲ တိုက်ပွဲမှာ level တူသွားတာမျိုးမဟုတ်ဘဲ အမြဲကွဲထွက်တတ်ကြတယ်” ဆိုတဲ့ အဓိပ္ပါယ်ပဲဖြစ်ပါတယ်။
ဇွန်းကိုမြင်ယောင်ရင်းနဲ့ ရင့်ကျက်လာခြင်းပဲဖြစ်ပါတယ်။
အပြောကတော့လွယ်ပေမဲ့၊ တကယ့်လက်တွေ့မှာတော့ ခက်ခဲတယ်မဟုတ်လား……….။
Kengo Abe