တချို့ဆေးပညာအသိတွေဟာ အလိမ်အညာတွေဆိုတာတကယ်လား ?

စာရေးသူငယ်ငယ်ကတည်းကနေ သိလာခဲ့တာတွေထဲက အလွဲလေးတွေတော်တော်များနေတာကို သိလိုက်ရပါတယ်။

ဂျပန်နိုင်ငံမှာဒီလိုပြောကြပေမယ့် စာဖတ်သူတို့ရော ဒီလိုပြောမိကြသေးလား?

 

” တူးနေတာတွေစားရင် ကင်ဆာဖြစ်တတ်တယ် “

 

https://news.livedoor.com/article/detail/17538968/

ငါးကင်ဆိုရင်ပိုပြီးတော့တောင် အရသာရှိသေးတယ်နော်။ ဒါပေမယ့် သတိလွတ်သွားရင် တူးသွားတတ်ပါတယ်။

စားဖို့လုပ်နေတုန်းရှိသေးတယ် မိဘတွေက မစားနဲ့ကင်ဆာဖြစ်တတ်တယ်လို့ ပြောတတ်ကြပါတယ်။

ငါးနဲ့အသားတွေရဲ့ ပရိုတင်းဓာတ်တွေက တူးသွားတဲ့အခါမျိုးမှာ Nitrosamine ဓာတုပစ္စည်းတစ်မျိုးကို ထုတ်လုပ်ပေးပါတယ်။ ဒီဓာတ်က လူတစ်ယောက်ကို ကင်ဆာရောဂါဖြစ်ပွားစေတာဖြစ်ပါတယ်။ ဒါပေမယ့် အလွန်အကြူးမစားမိဘူးဆိုရင်တော့ ဘာပြဿနာမှမရှိပါဘူး။

တူးနေတဲ့အစားအစာတွေ များများမစားမိရင် ဘာမှမဖြစ်ဘူးဆိုပြီး ဂရုစိုက်နေစရာမလိုတော့ပါဘူး။

 

“ နွားနို့သောက်ရင် အရိုးတွေကိုသန်မာစေတယ်”

 

 

https://news.livedoor.com/article/detail/17538968/

အရိုးသန်မာစေတယ်၊ အရပ်ရှည်စေတယ်ဆိုပြီး နွားနို့သောက်ကြပါတယ်။

ကျောင်းမှကျွေးတဲ့နေလယ်စာမှာ နွားနို့ပါတယ်ဆိုတာက ဒီအကြောင်းပြချက်တွေကြောင့်ပါပဲ။

ဒီလိုဆိုပေမယ့်လည်း အခုဆိုရင် ငါးမှာပါတဲ့ဓာတ်က ဒီအကြောင်းပြချက်နဲ့ ပါလာပါတယ်။

နွားနို့ဟာလူတစ်ယောက်ကို ကယ်လ်ဆီယမ်ဓာတ်တွေပိုများစေတယ်ဆိုပေမယ့် ဒါတွေကိုစုပ်ယူနိုင်စွမ်းက တော်တော်လေးကိုနည်းတာတွေ့ရပါတယ်။

ဒီလိုဆိုရင် ငါးကလေးတွေကို အရိုးသန်မာဖို့အတွက်စားတာ ဟင်းနုနွယ်ရွက်တွေကိုစားမယ်ဆိုရင် ပိုပြီးတော့ထိရောက်မှုရှိစေနိုင်ပါတယ်။

နောက်ပြီးလတ်တလောမှာ နွားနို့ကအရိုးတွေကို ပိုပြီးအားနည်းစေတယ်ဆိုတဲ့ သုတေသနစစ်ဆေးချက်တွေ ထွက်ရှိလာခဲ့ပါတယ်။

 

” Mask တပ်လည်းဘာမှမထူးဘူး “

 

 

https://www.madameriri.com/2013/01/11/japanesetrendmask/

 

ဂျပန်နိုင်ငံရဲ့ တုပ်ကွေးရာသီရောက်ပြီဆိုရင် အားလုံးနီးပါး Mask တပ်ထားကြပါတယ်။

ရထားစီမယ်ဆိုရင် အများစုက mask တပ်ထားကြပြီး တကယ်တော့ ဗိုင်းရပ်စ်ပိုးတွေကို သိပ်ပြီးတော့ မကာကွယ်တားဆီးနိုင်ပါဘူး။

ဗိုင်းရပ်စ်ပိုးတွေကို ကာကွယ်နိုင်တဲ့ Mask တွေရှိတာကြောင့် ပုံမှန်အလှတပ်မျက်နှာဖုံးပုံစံ Mask မျိုးတပ်ထားရင်တော့ ဘာမှအဓိပ္ပာယ်ရှိမှာ မဟုတ်ပါဘူး။

ဒါတွေဟာလည်း တမင်သပ်သပ် လိမ်လည်ပြီးပြောခဲ့ကြတာ မဟုတ်ဘူးဆိုပေမယ့် ရလဒ်ကတော့ အမှားကြီးဖြစ်နေတာတွေ အမျိုးမျိုးရှိပါတယ်။

အခုချိန်မှာယုံကြည်လက်ခံထားတဲ့အရာတွေဟာ နောက် ၁၀ နှစ်လောက်ရောက်ရင် ပြောင်းလဲကောင်းပြောင်းလဲသွားနိုင်ပါတယ်။

Kengo abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: