中二病 ဆိုတာ ရောဂါအသစ်တစ်ခုများလား…?

ဂျပန်နိုင်ငံမှာတော့ ပေါင်းသင်းဆက်ဆံမှုမှာအားနည်းတဲ့လူတွေက များလာပါတယ်။ ဒါဟာ လူ့အဖွဲ့အစည်းပြဿနာတစ်ခု အနေနဲ့ဖြစ်လာပါတယ်။

ဒါက 中二病 အလယ်တန်းကျောင်း ဒုတိယနှစ်မှာ စဖြစ်တဲ့ရောဂါပဲဖြစ်ပါတယ်။

 

လူမှုကွန်ယက်မှာတော့ Kanji စာလုံးပြောင်းပြီး 厨二病 လို့ရေးပါတယ်။

ဆေးပညာအရကတော့ အသိအမှတ်မပြုရသေးပေမဲ့ ဘယ်လိုရောဂါလဲဆိုတာ သိကြပါသလား…?

အဓိပ္ပါယ်ကလည်း ရောဂါရဲ့ နာမည်အတိုင်းပဲ အလယ်တန်းဒုတိယနှစ်မှာ စဖြစ်ကြပါတယ်။

 

“အလယ်တန်းဒုတိယနှစ်လောက်ကစတဲ့ မထီလေးစားခြင်းအပြုအမူ” ကိုပြောခြင်းဖြစ်ပါတယ်။

 

ဒီရောဂါက အချိန်အတိုင်းအတာတစ်ခုထိကျော်လွန်ပြီး ဆက်ဖြစ်ရင်တော့ လူမှုပေါင်းသင်းဆက်ဆံရေးမှာ အတားအဆီးတစ်ခုအနေနဲ့ ဖြစ်လာပါလိမ့်မယ်။

Otaku (မိမိကြိုက်နှစ်သက်တာကိုပဲ တစ်ဖက်စောင်းနင်းလုပ်သူ) နဲ့လည်း နည်းနည်းတော့ကွဲပါတယ်။

Game နဲ့ anime လောကထဲမှာ နှစ်မြှုပ်သွားတယ်ဆိုတဲ့အဓိပ္ပါယ်နဲ့ ဆင်တူပေမယ့်၊ တကယ်ကော အဲ့ဒီဇာတ်ကောင်တွေနဲ့ ကိုယ်ဟာ တူရဲ့လား…..? လို့နေ့စဥ်ဘ၀မှာ ဒီလိုပြောနေကြပါလိမ့်မယ်။

 

“အနောက်ကိုတော့ ပြန်မလှည့်နိုင်ဘူး။ ပြန်လှည့်ဖို့နည်းလည်း မတွေ့နိုင်တော့ဘူး။”

 

https://anoarata.com/chuuni-best-word/

 

ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့ နေရာတွေဆီသွားပြီး၊ နဂိုအခြေအနေကို ပြန်လာခဲ့ပါ။

 

 

“ဘုရင်လေးပါးဖြစ်ပေမဲ့ ငါးယောက်ပါပဲ”

 

https://anoarata.com/chuuni-best-word/

 

အရမ်းတော်ကြတာမဟုတ်ပါဘူး၊ သာမန်လူငါးယောက်ပဲမဟုတ်လား..?

 

“Tokyo ရဲ့ မြို့လယ်ခေါင်မှာရှိနေတာတောင်၊ တစ်ချိန်ထဲမှာပဲ သီးခြားကမ္ဘာကလည်းရှိနေတယ်……

ဒါကိုဘာလို့အကျယ်ချဲ့ပြီး ပြောနေကြတာလဲ….. “

 

https://anoarata.com/chuuni-best-word/

 

 

သွားတော့မယ်

 

“ကမ္ဘာကြီးက အဆုံးသတ်မှာလည်းမဟုတ်တော့သလို၊ အစကိုလည်းပြန်မရောက်နိုင်တော့ဘူး။

ဒါနဲ့ပဲ ကျွန်တော်တော်တော်ကြောက်နေပါပြီး…..”

 

မင်းကကော ဘယ်သူလဲ..?

 

 

“လူသားတွေဆိုတာ ဒါပါပဲ….”

ဘယ်သူပဲဖြစ်ဖြစ်ပေါ့……

 

 

“ကျွန်တော့ရဲ့ စွမ်းအားတွေ ပေါက်ကွဲနေပြီး “

ပေါက်ကွဲစရာလား… မရှိပါဘူး

 

“ကျွန်တော် ပြန်စရာနေရာလည်းမရှိပါဘူး”

အိမ်မှာအမေ ထမင်း၀ိုင်းပြင်ပြီးစောင့်နေတယ်လေ……

 

“ကျွန်တော်က ရွေးချယ်ခံရတဲ့လူသားပါ၊ ခင်ဗျားတို့တွေနဲ့ မတူဘူးလေ”

…ဟုတ်ရဲ့ လား…?

 

အလယ်တန်းဒုတိယနှစ်လောက်မှာ ဖြစ်ခဲ့တဲ့အရာတွေကို ကိုယ်တိုင်ပြန်မှတ်မိနိုင်တဲ့သူက၊ ဒီလိုရူးကြောင်ကြောင် ကလေးတစ်ယောက်ရဲ့ အခြေအနေကို ကိုယ်ချင်းစာပေးနိုင်တယ် မဟုတ်ဘူးလား….?

 

ဒီလိုကြုံတွေးပြီး ကြီးပြင်းလာတာကို 中二病  (chuunibyou)   “ middle two disease” လို့ခေါ်ပါတယ်။

အင်တာနက်ဘန်းစကားကနေ နာမည်ပေးထားတဲ့ ကလေးတွေမှာဖြစ်တတ်တဲ့ ရောဂါနာမည်ဖြစ်ပြီး၊ တကယ်ကတော့ လက်ရှိမှာလည်း ဆရာ၀န်တွေတောင်မှန်ကန်တဲ့ကုသမှုနည်းလမ်းကို ရှာဖွေနေဆဲဖြစ်လို့ စိုးရိမ်ဖွယ်ရှိပါတယ်…..။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: