Anatahan ကျွန်းရဲ့ ဘုရင်မဖြစ်သွားတဲ့ကောင်မလေး

ပစိဖိတ်သမုဒ္ဒရာရှိသီးခြားကျွန်းဖြစ်သည့် Anatahan ကျွန်းတွင် အမျိုးသမီးတစ်ဦးကြောင့် အမျိုးသားများ တစ်ယောက်ပီးတစ်ယောက် သေဆုံးသွားကြရသည့် 1994ခုနှစ် စစ်ပွဲအတွင်းဖြစ်ပွားခဲ့သောဖြစ်ရပ်မှန်တစ်ခုဖြစ်ပါတယ်။

https://tanken.com/anatahan.html

 Kazuko Higa လို့ခေါ်တဲ့ အမျိုးသမီးတစ်ဦးက သူမရဲ့ခင်ပွန်းနှင့်အတူ လယ်ယာစိုက်ပျိုးရန် Anatahan ကျွန်းသို့ပြောင်းရွှေ့နေထိုင်ခဲ့ကြပါတယ်။

ထိုကျွန်းတွင်လူဦးရေ ၄၇ ယောက်သာရှိပီး ငြိမ်းချမ်းသောကျွန်းတစ်ကျွန်းဖြစ်ပါတယ်။

သူတို့ထဲက ၃ယောက်က ဂျပန်လူမျိုးများဖြစ်ကြပီး ပင်ပင်ပန်းပန်းလုပ်ကိုင်ရသော်လည်း ဇနီးမယားနှင့်အတူ ပျော်ရွှင်စွာနေထိုင်လျက်ရှိကြပါတယ်။

တစ်နေ့ Kazuko၏ခင်ပွန်းသည် စစ်ဖြစ်နေသည့် Saipanကျွန်းတွင်ရှိသောညီမဖြစ်သူကိုစိတ်ပူ‌၍ “ငါ့ညီမကိုသွားခေါ်လိုက်ဦးမယ်” ဟုဆိုကာ လှေဖြင့်ထွက်သွားပီး ပျောက်ဆုံးသွားခဲ့ပါတယ်။

ထိုအချိန်မှစ၍ သူမ၏ကံကြမ္မာသိသိသာသာပြောင်းလဲသွားခဲ့ပါတယ်။

ထို နောက်ပိုင်းတွင် ဂျပန်ကိုအမေရိကန်စစ်တပ်မှတိုက်ခိုက်ခဲ့ပြီး ကျွန်းကိုလည်း လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပါတယ်။

Kazukoသည် ခင်ပွန်းဟောင်း၏သူ‌ဌေးဖြစ်သော Kikuichiro နှင့်အတူနေထိုင်ဖို့ဖြစ်လာခဲ့ပီး တောထဲသို့ ထွက်ပြေးခဲ့ကြပါတယ်။

အဲဒီစစ်ပွဲကြောင့် သ‌င်္ဘောဖျက်ဆီးခံခဲ့ရသော ဂျပန်စစ်သားများသည် ကျွန်းပေါ်သို့‌ရောက်ရှိလာကြပါတယ်။အတော်များများကဒဏ်ရာရပြီး Kazuko ကသူတို့ကိုကူညီစောင့်ရှောက်ခဲ့ပါတယ်။

လူအနည်းငယ်သာနေထိုင်သောကျွန်းသို့ လူများစွာထက်ရောက်ရှိလာပီး အစားကြီးသော အမျိုးသားများဖြစ်သောကြောင့်  စားနပ်ရိပ်ခါရှားပါးလာခဲ့ပါတယ်။အစားအစာ မလုံလောက်မှုသာမက ဗုံးကြဲတိုက်ခိုက်ခံရသောကြောင့်အဝတ်အစားများလည်းလောင်ကျွမ်းကာ Kazuko လည်းအဝတ်စုတ်ဖြင့်နေခဲ့ရပါတယ်။

အဲလိုကျပ်တည်းတဲ့အခြေအနေမျိုးဖြစ်နေတဲ့ အခြေအနေကနေ စားစရာလည်းရှိလာပြီး၊ မီးလောင်နေရာများကိုပြန်လည်ပြုပြင်ပြီးတဲ့အခါမှာ‌တော့ Kazuko ဟာ ချစ်သူလိုချင်‌တဲ့အခိုက်အတန့်သို့ရောက်ရှိလာပါတယ်။

ဤကျွန်းပေါ်တွင် အမျိုးသမီးဟုဆိုပါက Kazuko တစ်ဦးတည်းရှိသောကြောင့် သူမသည် နာမည်ကြီးလူကြိုက်များမှာ သေချာပါတယ်။

ယခင် ခင်ပွန်းသည်ကွယ်လွန်ပီးနောက် လက်ရှိခင်ပွန်းသည် Kikuichiroနှင့် အတူတကွပေါင်းသင်းနေထိုင်လျက်ရှိသော်လည်း သူမဟာအခြားသောစစ်သားများနှင့် စတင်ဖောက်ပြန်လာပါတော့တယ်။

 

နောက်ဆုံး ဘုရင်မတောင်ဖြစ်လာပါတယ်။ 

 

တစ်ကယ်ကို လက်ဖျားခါလောက်တဲ့ Kazuko မိန်းကလေးပါ။

ဆင်းရဲခေါင်းပါးသောဤကျွန်းတွင် သူမဟာ စိတ်ချမ်းသာစွာနှင့် စတင်နေထိုင်လာနိုင်ပါတယ်။

အဲလိုအချိန်မှာပဲ ရှုပ်ထွေးမှုတွေဖြစ်ပွားခဲ့ပါတယ်။အမေရိကန်စစ်တပ်များက စစ်ပွဲပြီးဆုံးကြောင်းအချက်ပြရန်ကမ်းလွန်သို့ရောက်ရှိသော်လည်း ကျွန်းသားများက မယုံခဲ့ကြပါဘူး။

အဲလိုနဲ့ ယူအက်စ်စစ်တပ်မှ လက်နက်ချရန်ရည်ရွယ်ချက်မရှိကြောင်းဝန်ခံကာ ထွက်ခွာသွားပီး ငြိမ်းချမ်းတဲ့ဘဝကိုပြန်ရပီလို့ တွေးမိစေသော်လည်း နောက်ထပ်ဝမ်းနည်းဖွယ်ရာအဖြစ်ဆိုးက ‌ရောက်ရှိလာပြန်ပါတယ်။

ယခင်က အမေရိကန်စစ်လေယာဉ်၏အကြွင်းအကျန်များတွင် ပျက်ကျခဲ့သော ပစ္စတို ၇၀ နှင့်ကျည်ဆံ ၇၀ ပါသော သေနတ်တစ်လက်ကို ရှာတွေ့ခဲ့တဲ့ စစ်သားနှစ်ယောက်ဟာ တစ်ခုခုကိုစီမံဖို့ ဖြစ်လာပါတယ်။ရက်အနည်းငယ်အကြာတွင်စစ်သား (၂) ဦး သည် Kazuko အတွက်နှင့် ခိုက်ရန်ဖြစ်ပွားရင်းဒေါသထွက်ပီး တစ်‌ယောက်က အခြားတစ်ယောက်ကို ပစ်သတ်လိုက်မိပါတယ်။

ယခုအချိန်အထိ သူမအတွက် ခိုက်ရန်ဖြစ်ပွားရုန်းကန်မှုများရှိနေသော်လည်းတစ်ယောက်ကိုတစ်ယောက်ရိုက်နှက်ရုံမျှသာ။

ဒါပေမဲ့ အခုတစ်ခေါက် ကတော့ သေနတ်ပါ ပါလာပါပြီ။

စကားများရန်ဖြစ်တဲ့ အခါတိုင်းလူသေတွေပေါ်လာပါတယ်…

ထိုသေနတ်ကိုင်ထားတဲ့ စစ်သားက Kikuichiiro ကိုသတ်ပြီး Kazuko ကိုလုယူရန်သွားခဲ့ပါတယ်။

 

ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ Kikuichiro က သေနတ်ကိုပြန်လုပြီး စစ်သားကိုပစ်သတ်လိုက်ပါတယ်။

အလောင်းကိုတော့ ပင်လယ်ထဲတွင်မျောပါသွားသလို မတော်တဆအဖြစ်ဖန်တီးလိုက်ပါတယ်။

ဒါနဲ့ပဲ Kazukoက Kikuichiko ထံသို့ ပြန်ရောက်လာပါတယ်။

 

ဒါပေမယ့်… နောက်ထပ် သေနတ်တစ်လတ်ကရှိသေးတယ်။

အဲ့ဒီသေနတ်ကိုင်ထားတဲ့စစ်သားက Kikuichiro ကိုပစ်သတ်ပြီးနောက် ကျန်အမျိုးသားများက Kazukoအတွက် စတင်တိုက်ခိုက်လာကြတယ်။

ဒီပြဿနာတွေကို ပြေလည်စေဖို့အတွက် အကြီးတန်းစစ်သားက သေနတ်ကို စွန့်ပစ်ရန် ဆုံးဖြတ်ခဲ့ပါတယ်။

ဒီပဋိပက္ခတွေကိုငြီးငွေ့နေသူအားလုံးက အဆိုပြုချက်ကိုလက်ခံပြီး လူအားလုံးရဲ့ရှေ့မှာ သေနတ်ကို ပင်လယ်ထဲသို့ပစ်ချလိုက်ပါတယ်။

 

ပဋိပက္ခတွေရဲ့ တစ်ခုတည်းသောအကြောင်းရင်းက သေနတ်ပဲလား…?

 

“ Kazuko ကသာ ပဋိပက္ခတွေရဲ့   တရားခံမလား။

Kazuko ရှိရင် ပဋိပက္ခတွေက ဖြစ်နေဦးမှာပဲ….

Kazuko ကို သတ်မယ်  ! ! ! “

ထိုကဲ့သို့သောထင်မြင်ချက်တွေစတင်လာပါတယ်။

 

Kazuko က တောအုပ်ထဲမှာလှည့်ပတ်ထွက်ပြေးရပါတော့တယ်။

တစ်လအကြာတောအုပ်ထဲပုန်းအောင်းနေစဥ် အမေရိကန်သင်္ဘောတစ်စီးကို ပင်လယ်ထဲမှာတွေ့လိုက်ပါတယ်။

သူမဟာ အနီးအနားရှိကျကျန်ခဲ့သော လေထီးရဲ့အပိုင်းအစအနများကိုအသုံးပြု၍ အလံပြုလုပ်ကာ ခက်ခက်ခဲခဲ အော်ဟစ်အကူအညီတောင်းခဲ့ပါတယ်။

 

ထိုအခါ သင်္ဘောသားများကသတိပြုမိတဲ့အတွက် အကူအညီခံရပြီး သူမဟာ ဂျပန်နိုင်ငံကို ပြန်နိုင်ခဲ့ပါတော့တယ်။

https://tanken.com/anatahan.html

 

သူမဂျပန်ပြန်ရောက်တဲ့အခါမှာတော့ Kazuko ဆိုတဲ့ သတင်းခေါင်းစဉ်မှာ နာမည်ကြီးဖြစ်လာပြီး ပြည်သူလူထုရှေ့တွင် ဖုံးကွယ်ရန် အပျော်မယ်၊ ဝတ်လစ်စားလစ်ကပြဖျော်ဖြေသူအဖြစ် ပြောင်းလဲလုပ်ကိုင်ခဲ့ပါသည်။

သူမဟာ အဲဒီကိစ္စမျိုးတွေနဲ့ပဲ နောက်ထပ်ပတ်သက်ရပြီး အဲ့လိုဘဝမျိုးကိုရောက်ရှိသွားခဲ့ပါတော့တယ်။

https://matome.naver.jp/odai/2139089217671287801

 

မိန်းကလေးတစ်ယောက်ကိုရဖို့ အလုအယက်ကြိုးပမ်းကြတဲ့ ယောက်ျား (၃၂) ယောက်မှာ

အသက်ပေးလိုက်ရတာက (၁၂) ယောက် ဆိုတဲ့ အံဖွယ်ဖြစ်ရပ်ပဲဖြစ်ပါတယ်။

တရားခံဘယ်သူလဲ ?

အရင်ဆုံးသေနတ်ပစ်တဲ့ စစ်သားလား ? ယောကျ်ားတွေကိုလှည့်စားတဲ့ Kazuko လား ?

ဒါမှမဟုတ် စစ်ပွဲကြောင့်လား ?

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: