ဂျပန်မှာ စစ်ပွဲတွေ မပျောက်ကွယ်သေး

ယခင်တုန်းက ရုရှားပိုင်နက်အတွင်းရှိခဲ့တဲ့ လွတ်လပ်သောနိုင်ငံတစ်ခု ဖြစ်တဲ့ မွန်တီနီဂရိုးနိုင်ငံ ဆိုတာရှိပါတယ်။
ဥရောပ၏အရှေ့တောင်ပိုင်း ဘော်လကန်ကျွန်းဆွယ်တွင် တွင်ရှိပြီး လူဦးရေ ၆၂၀,၀၀၀ ရှိပါတယ်။
ဂျပန်မှာတော့ ဒီနိုင်ငံရဲ့တည်ရှိမှုကို သိတဲ့လူအများကြီးမရှိပေမယ့် ဒီနိုင်ငံနဲ့ဂျပန်နိုင်ငံဟာ နှစ်ပေါင်း ၁၀၀ ကျော်စစ်ပွဲတွေ ဆင်နွှဲနေပါတယ်။

လွန်ခဲ့သော ၁၉၀၅ပြည့်နှစ် ခန့်က
တဟုန်ထိုး တိုးတက်လာနေတဲ့ ဂျပန်နိုင်ငံဟာ အဲ့ဒီအချိန်ကတည်းက အင်အားကြီးနိုင်ငံတစ်ခုဖြစ်တဲ့ ရုရှားနဲ့ စစ်ဖြစ်နေခဲ့ပါတယ်။


https://www.pilotguides.com/wordpress/wp-content/uploads/2018/11/Russo-Japanese-War-1904-05.jpg

အဲ့ဒီအချိန်တုန်းက မွန်တီနီဂရိုးနိုင်ငံဟာ ရုရှားနိုင်ငံရဲ့ အုပ်ချုပ်မှုအောက်မှာ ရောက်နေခဲ့ပြီး၊ ရုရှားနိုင်ငံက စစ်ကြေညာလိုက်တာနဲ့ သူကလည်း ဂျပန်နိုင်ငံကို စစ်ကြေညာခဲ့ပြီး ဝင်တိုက်ခဲ့ပါတယ်။
စစ်တပ်များလည်း စေလွှတ်ခဲ့ပေမယ့် အမှန်တကယ် ဝင်ရောက်တိုက်ပွဲဝင်ခဲ့ခြင်း မရှိသောကြောင့် သူတို့ရဲ့ စစ်ကြေငြာချက်ကို လျစ်လျူရှုခဲ့ကြပြီး၊ စစ်ပြီးချိန် ငြိမ်းချမ်းရေးညီလာခံကိုတောင် ဖိတ်ကြားခြင်း မခံခဲ့ရပါဘူး။
နောက်ပိုင်း ၁၉၁၈ မှာတော့ မွန်တီနီဂရိုး၏ စည်းမျဉ်းများ ပျောက်ကွယ်သွားပြီး၊ အိမ်နီးချင်းနိုင်ငံများနှင့် ပေါင်းစည်းသွားခဲ့ပါတယ်။
ထို့နောက် တစ်ဖန် လွတ်လပ်ရေးပြန်လည်ရရှိခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် မွန်တီနီဂရိုး၏ စည်းမျဉ်းများကို ပြန်လည် အသက်သွင်းခဲ့ပါတယ်။
နိုင်ငံပျောက်ကွယ်သွားတာမဟုတ်ဘဲ စည်းမျဉ်းများကို ပြန်လည် အသက်သွင်းခဲ့ပါတယ်ဆိုတာက ရှုပ်နေပါတယ်။

နိုင်ငံတကာ ဉပဒေရဲ့ အောက်မှာတော့ ဂျပန်နဲ့ မွန်တီနီဂရိုးဟာ ပြည်သူတွေတောင်မသိဘဲ စစ်ဖြစ်နေကြတယ် ဆိုပြီး သတ်မှတ်ထားကြပါတယ်။
မွန်တီနီဂရိုးနိုင်ငံ လွတ်လပ်ရေးရလာတဲ့အခါ ဂျပန်နိုင်ငံအနေနဲ့ လွတ်လပ်ရေးကိုလက်ခံခြင်းအားဖြင့် သံတမန်ဆက်ဆံရေးဟာ ပြန်လည်ရှင်သန်လာခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းကတော့ ဂျပန်နိုင်ငံမှာ စစ်ပွဲနဲ့ ပက်သက်ပြီး ပြဿနာများဟာ ပြောစရာတွေ ဖြစ်နေခဲ့ပေမယ့် ဂျပန်နိုင်ငံအနေနဲ့ မွန်တီနီဂရိုးရဲ့ စစ်ကြေညာခဲ့တဲ့ အချက်ကိုမှတ်မထားတာကြောင့် အပစ်အခတ်ရပ်ဆဲတာတွေ၊ စစ်ပြေငြိမ်းရေးဆွေးနွေးပွဲတွေလည်း မရှိခဲ့ပါဘူး။
အဲ့ဒီလိုတွေ ဂျပန်နဲ့ မွန်တီနီဂရိုးရဲ့ စစ်ကြေညာားတာတွေကြောင့် စစ်ပွဲဟာဟာ ဘယ်တော့မှ ပြီးမှာလဲဆိုတာ မသိနိုင်လောက်အောင်ပါပဲ။
စစ်တကယ် ဖြစ်နေတာတော့ မဟုတ်လို့ အပျက်အစီးတော့ မရှိပေမယ့် ထူးဆန်းနေပါတယ်။
လက်ရှိမှာ နှစ်နိုင်ငံစလုံးဟာ စီးပွားရေးမိတ်ဖက်များ ဖြစ်လို့နေပါတယ်။
ဂျပန်နိုင်ငံက ရေနံထွက်ပစ္စည်း၊ ကား၊ သတ္တုထုတ်ကုန်များ၊ မွန်တီနီဂရိုးနိုင်ငံက သတ္တုထုတ်ကုန်၊ သံမဏိနှင့် သစ်တောထွက်ပစ္စည်းများကို အပြန်အလှန် တင်ပို့နေကြပါတယ်။
နှစ်နိုင်ငံဆက်ဆံရေးဟာ အရမ်းကို ထူးဆန်းလွန်းလှပါတယ်။
ဆက်လက်ပြီးလဲ အခုလို ကောင်းမွန်တဲ့ ဆက်ဆံရေးကို တည်ဆောက်သွားချင်ပါတယ်။

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: