ဒီအောက်ဘက်မှာ အိမ်မဆောက်ပါနဲ့! ဟုဆိုကာ အသက်တွေကို ကာကွယ်ပေးနေသော အထိမ်းအမှတ်ကျောက်တုံး

၂၀၁၁ ခုနှစ်၊ မတ်လ ၁၁ ရက်မှာ ကျွန်တော်ဟာ ချိဘခရိုင်မှာ ရှိနေတုန်း အရမ်းပြင်းထန်တဲ့တုန်ခါမှုကြောင့် မတ်တပ်တောင်မရပ်နိုင်ခဲ့ပါဘူး။ အိမ်ကိုအမြန်ပြန်ပြီး တီဗီကို ဖွင့်လိုက်တဲ့အခါ ဒေသတစ်ခုစီမှာရှိတဲ့ ပျက်စီးဆုံးရှုံးမှုအခြေအနေအကြောင်းတွေ ပြသနေပြီး တစ်ခါမှမကြုံဖူးသေးတဲ့ ကြောက်စရာကောင်းတဲ့ ဘေးအန္တရာယ်တစ်ခုဖြစ်ခဲ့တယ်ဆိုတာ သိခဲ့ရပါတယ်။

 

အဓိကပြဿနာက ငလျင်မဟုတ်ပါဘူး၊ ငလျင်နောက်ဆက်တွဲ ဆူနာမီပါ။

ကျွန်တော့အဖေရဲ့ ဇာတိမြေ အိဝတဲ့ခရိုင် မိယခိုမြို့က ပင်လယ်ပြင်ကို မျက်နှာမူထားပြီး ငါးလုပ်ငန်းလုပ်တဲ့နေရာပါ။ အဲ့ဒီနေရာက မြင်နေကျဆိပ်ကမ်းလေးကတော့ ဆူနာမီကြောင့် ရေလွှမ်းသွားပါပြီ။

https://www.youtube.com/watch?v=kkXmieHhPp4

ဒီလိုပုံတွေ ထပ်ခါထပ်ခါမြင်နေရင်းနဲ့ပဲ ရင်ထဲမှာတောင် နေလို့မကောင်းတော့ပါဘူး။

အသိမိတ်ဆွေတွေနဲ့ ဆွေမျိုးအတော်များများကလည်း ဆူနာမီကြောင့်သေဆုံးခဲ့ရပြီး အလောင်းတောင်ရှာမတွေ့တဲသူတွေလည်း အများအပြားပါ။

ဒါပေမယ့် ဒီမိယခိုမြို့မှာ ရှေးလူကြီးတွေရဲ့စကားကို အလေးထားလို့ ပျက်စီးမှုမရှိတဲ့ နေရာရှိပါတယ်။ အဲ့ဒီနေရာကတော့ အိဝတဲ့ခရိုင် မိယခို့မြို့ အို့မို့အနဲ့ရို့ရှိဒေသပါ။ အဲ့ဒီဒေသမှာ အောက်ကပုံလိုမျိုး အထိမ်းအမှတ်ကျောက်တုံးရှိပါတယ်။

https://ja.wikipedia.org/wiki/大津浪記念碑

 

ဒီဒေသမှာ ဘေးအန္တရာယ်ကြီးကို ကြုံတွေ့ထားတဲ့ ရှေးလူကြီးတွေက နောင်လာနောက်သားတွေအတွက် ချန်ထားတဲ့ ကျောက်တုံးပါ။ “ဒီအောက်ဘက်မှာ အိမ်မဆောက်ပါနဲ့ “ဆိုပြီး ရေးသားထားခဲ့ပါတယ်။

ဒီအထိမ်းအမှတ်ကျောက်တိုင်ကို ၁၉၃၃ ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ဆူနာမီဘေးဒဏ်ခံခဲ့ရသူတွေက တည်ဆောက်ခဲ့တာပါ။ ဆိပ်ကမ်းကနေ မီတာ ၈၀၀ လောက်အမြင့်မှာရှိတဲ့နေရာမှာ တည်ဆောက်ထားခဲ့ပြီး ပင်လယ်ပြင်အမြင့် ၆၀ မီတာ တောင်စောင်းနားမှာရှိပါတယ်။

အဲ့ဒီ ၁၉၃၃ ခုနှစ် ပျက်စီးမှုကြောင့် ဒီဒေသမှာ လူ ၄ ဦး သာ အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။ ဒါ့အပြင် ၁၉၃၃ ခုနှစ်မတိုင်မီက ဖြစ်ပွားခဲ့တဲ့ဆူနာမီမှာဆိုရင် အသက်ရှင်ကျန်သူနှစ်ဦး သာ ရှိတယ်လို့ဆိုပါတယ်။ ဒါတွေကြောင့် နှစ်တွေဘယ်လောက်ကြာကြာ ဆူနာမီကိုတော့ သတိပြုပါလို့ ဆိုပြီး ရှေးလူကြီးတွေက လက်ဆင့်ကမ်းပြောကြားလာခဲ့ကြပါတယ်။

ဒါ့အပြင် ၂၀၁၁ ခုနှစ်မှာ ကြီးမားတဲ့ပျက်စီးမှုကို ဖြစ်စေခဲ့တဲ့ ငလျင်ကြောင့်ဖြစ်လာတဲ့ ဆူနာမီဆိုရင်လည်း ဒီကျောက်တုံးကြီးရှေ့မှာ ရပ်တန့်ခဲ့ပြီးတော့ ဆူနာမီလှိုင်းတွေက ရွာထဲကိုလည်း မရောက်ရှိခဲ့ပါဘူး

ဒါ့ကြောင့် ငလျင်လှုပ်ချိန်မှာလည်း ကမ်းခြေအနီးမှာရှိတဲ့ ဒေသခံတွေက အိမ်ကို ချက်ချင်းပြန်လာနိုင်ကြပြီး ဘေးကင်းခဲ့ကြပါတယ်။ ဒီလိုမျိုး ပျက်စီးထိခိုက်မှုလုံးဝမရှိခဲ့တာပါ။

အနီးအနားပတ်ဝန်းကျင်မှာ လူတွေအများကြီးသေဆုံးတာတွေရှိပေမယ့်, ရှေးလူကြီးတွေရဲ့ ညွှန်ကြားမှုကို လိုက်နာတဲ့ဒေသကတော့ ဘေးကင်းခဲ့ပါတယ်။ ဒီလိုမျိုးသွန်သင်ညွှန်ကြားမှုတွေက တစ်နိုင်ငံလုံးမှာ ရှိပါတယ်။ ကျောက်တိုင်နဲ့သာမကဘဲ နတ်ကွန်းအကြောင်းပုံပြင်တွေလည်း အများကြီးရှိပါတယ်။

နတ်ကွန်းဟောင်းရှိတဲ့နေရာဆိုရင် သဘာဝဘေးအန္တရာယ်တွေကြောင့် ပျက်စီးခြင်းမရှိဘူးလို့ ပြောကြပါတယ်။ ဆူနာမီသာမကဘဲ ငလျင်၊ မိုးကြီးခြင်းစတဲ့ အမျိုးအမျိုးသောအန္တရာယ်တွေ ဖြစ်ပွားတဲ့ဂျပန်နိုင်ငံမှာ ဒီနတ်ကွန်းတွေ ဒီနေ့ခေတ်အချိန်ထိ တည်ရှိနေတယ်ဆိုတာ အဲ့ဒီနေရာတွေမှာ ဘေးအန္တရာယ်တွေ မကျရောက်ခဲ့လိုပါပဲ။

တစ်နည်းပြောရမယ်ဆိုရင် ဒေသတွင်း မြေပြင်ဟာလည်း လုံခြုံတည်ငြိမ်နေတဲ့အတွက် မြေငလျင်လှုပ်ခြင်းကြောင့် ပျက်စီးမှုနည်းပါးပြီး အမြင့်မှာရှိတဲ့အတွက် ဆူနာမီဖြစ်လည်း စိုးရိမ်စရာမရှိပါဘူး။မိုးသည်းထန်စွာရွာသွန်းတာကြောင့် ရေကြီးခြင်း ဒါမှမဟုတ် မြေပြိုခြင်းတွေ မရှိတာကြောင့်လည်း လုံခြုံမှုရှိပါတယ်။

ဒီလိုမျိုး ဘိုးဘွားတွေ အဆင့်အဆင့်လက်ဆင့်လာခဲ့ကြတဲ့စကားတွေမှာ အဓိပ္ပာယ်တွေ၊ ဆုံးမအသိပေးစာတွေနဲ့ ပြည့်ဝနေပါတယ်။ ဒါကြောင့် ရှေးလူကြီးတွေရဲ့ သွန်သင်မှုတွေကို လျစ်လျူမရှုသင့်တာတော့အမှန်ပါဘဲ။

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: