လက္ခဏာကို ပြောင်းလဲပြီး ဂျပန်နိုင်ငံရဲ့ နံပါတ်တစ်နေရာရောက်ခဲ့သူ

ဆာမူရိုင်းကမွေးတဲ့သားဆိုရင် ဆာမူရိုင်းပဲပြန်ဖြစ်ပါတယ်။

တောင်သူလယ်သမားရဲ့သားသမီးဆိုရင်တော့ လယ်စိုက်ရတာပေါ့။

ဟိုအရင်တုန်းက ဂျပန်နိုင်ငံဟာ ဒီလိုမျိုးပါ။

အဲ့ဒီထဲမှာမှ ပုံမှန်မဟုတ်တာတွေရှိပါတယ်။

https://mag.japaaan.com/archives/98738

 

ပုံထဲက ယောကျ်ားကြီးရဲ့နာမည်ကတော့ Toyotomi hideyoshi ဖြစ်ပါတယ်။

သူမွေးဖွားခဲ့တဲ့အချိန်တုန်းက မှတ်တမ်းတွေ ဘာမှမကျန်ခဲ့ပါဘူး။

ဆင်းရဲတဲ့အိမ်က မွေးဖွားလာခဲ့သူတစ်ယောက်ဖြစ်ပါတယ်။

 

ဒါဆိုဘယ်လိုလုပ်ပြီး ဂျပန်နိုင်ငံရဲ့ နံပါတ် ၁ နေရာကို ရောက်လာခဲ့တာလဲ? လက္ခဏာတော်တော်ကောင်းခဲ့တဲ့ ပုံပါပဲ။

 

Hideyoshi ဟာ တစ်ချိန်တုန်းက အရှိန်အဝါပြင်းပြင်းနဲ့ ဂျပန်နိုင်ငံနဲ့အတူပေါင်းစည်းရေးကို ကြိုးပမ်းခဲ့တဲ့ Oda nobunaga လက်အောက်မှာနေခဲ့ပါတယ်။

အစတုန်းကတော့ ဘာပြောပြောနားထောင်တတ်တဲ့ လက်အောက်ငယ်သားတစ်ဦးဖြစ်ပါတယ်။

ဒီလိုနဲ့သူရဲ့ကြိုးစားမှုတွေကို Nobunaga လက်ခံလာဖို့ဖြစ်လာခဲ့ပါတယ်။

နာမည်ကြီးတဲ့အပိုင်းကတော့ …

အေးချမ်းတဲ့ဆောင်းရာသီနေါတစ်နေ့မှာ Nobunaga အပြင်ထွက်တော့ Hideyoshi ဟာ သူ့ရဲ့အင်္ကျီထဲကနေ ဖိနပ်ကိုထုတ်လိုက်ပါတယ်။

နည်းနည်းနွေးသွားအောင်လို့ Nobunaga ရဲ့ ဖိနပ်ကို သူ့ရဲ့အင်္ကျီအိပ်ထဲ ထည့်ထားတာဖြစ်ပါတယ်။

ဒီလိုမျိုးအထပ်ထပ်အခါခါလုပ်ခဲ့ပြီး ကိုယ့်ရဲ့တပ်နဲ့ သွားတိုက်မယ်ဆို အမြဲအနိုင်ရခဲ့ပါတယ်။

တဖြည်းဖြည်းနဲ့ သူ့ရဲ့ဘဝဟာမြင့်တက်လာခဲ့ပြီး နောက်ဆုံးမှာတော့ Nobunaga Oda ဟာ ဂျပန်နိုင်ငံရဲ့ နံပါတ်နေရာကို ရောက်ရှိသွားခဲ့ပါတယ်။

စိတ်မကောင်းစရာတစ်ခုက သူကနေမွေးလာခဲ့တဲ့သားသမီးဟာ သူ့ရဲ့နေရာမဆက်ခံနိုင်ခဲ့ပေမယ့် ဂျပန်နိုင်ငံအမျှော်အမြင်ရှိသူတစ်ဦးဖြစ်ခဲ့ပါတယ်။

 

ဒီလိုသူရဲ့ လက်ရာလေးကျန်ရှိနေခဲ့ပါတယ်။

https://mag.japaaan.com/archives/98738

အကြီးချဲ့ကြည့်လိုက်ရင်တော့…

https://mag.japaaan.com/archives/98738

 

ဒေါက်လိုက်လက္ခဏာလမ်းကြောင်းရှည်ကြီးကို တွေ့ရပါတယ်။

ဒီလိုလက္ခဏာမျိုးကို “天下筋”(てんかすじ)tenkasuji လို့ခေါ်ပြီး အရမ်းကံကောင်းတဲ့လူမျိုးတွေရဲ့ လက္ခဏာဖြစ်ပါတယ်။

ထူးဆန်းတာက လက်ဖျားအထိ အဲ့ဒီမျဉ်းကရှည်ထွက်နေတာပါ။ လက္ခဏာရှိရမယ့်နေရာထက်တောင် ရှည်နေပါတယ်။

သိသိသာသာကို ထူးခြားနေတာပါ။

တကယ်တော့ Hideyoshi ဟာ သူ့ရဲ့ဓားနဲ့လက္ခဏာကိုပဲ ပြောင်းလိုက်သလားလို့ ပြောကြတာတွေလည်းရှိပါတယ်။

သူ့ဘာသူဖန်တီးထားတဲ့ လက္ခဏာကြောင့် ပိုပိုပြီးကံတက်လာမယ်ဆိုတာမဖြစ်နိုင်ပေမယ့်လည်း လူတိုင်းက အံ့ဩရလောက်တဲ့ အောင်မြင်မှုကြီးကို ပိုင်ဆိုင်ထားပါတယ်။

သင်ရော လက္ခဏာဗေဒင်တွေကို ယုံကြည်ပါသလား?

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: