နှင်းတွေနဲ့ဆောက်ထားတဲ့ Kamakura အိမ်ကလေး

နှင်းတွေကို ပထမဆုံးမြင်ဖူးတဲ့အခါမျိုးမှာ အရမ်းကိုပျော်ရပေမယ့် အကြိမ်ကြိမ်တွေ့ရတာများလာရင်တော့ စိတ်အနှောင့်အယှက်တစ်ခုအနေနဲ့ ဖြစ်လာပါတယ်။

အေးကလည်းအေး၊ ရေခဲလိုခဲသွားရင်လည်း အရမ်းချောလို့ ခဏခဏချော်လဲနိုင်ပါတယ်။

ဒါပေမယ့်လည်း ဆီးနှင်းတွေကြားထဲမှာ ပျော်စရာကောင်းတဲ့နည်းလမ်းအမျိုးမျိုးကို ကြံစည်ကြပါတယ်။

 

အဲ့ဒီထဲမှာမှ ထူးခြားတာလေးတွေ တစ်ခုရှိပါတယ်။

https://www.jalan.net/news/article/130411/

 

Kamakura ဆိုတဲ့နာမည်နဲ့ နှင်းတွေနဲ့ဆောက်ထားတဲ့အိမ်ဖြစ်ပါတယ်။

တိုကျိုစတဲ့မြို့ကြီးတွေမှာ နှင်းနည်းတာကြောင့် ဒါမျိုးကြုံဖို့ခဲပေမယ့် Tohoku နဲ့ Hokkaido စတဲ့မြို့တွေဘက်မှာ နှင်းထူထပ်တာကြောင့် ဆောင်းတွင်းရောက်ရင် ပျော်ပျော်ကြီးဆော့လို့ရပါတယ်။

အထူးသဖြင့် နှင်းထူထပ်တဲ့နေရာကိုပြောပါဆိုရင် အခိတခရိုင်နဲ့ နိဂတခရိုင် စတဲ့ဒေသတွေဖြစ်ပြီး နှင်းတွေကိုပျော်ပျော်ကြီး ကြည့်ရှု့ခံစားနိုင်ပါတယ်။

နှင်းလို့ပြောရမယ်ဆိုရင် ရေခဲလိုပါပဲ မြင်လိုက်တာနဲ့ကို အေးလာပါတယ်။

နှင်းနဲ့ဆောက်ထားတဲ့အိမ်ဆိုတော့အေးမှာပေါ့ ? ဂျပန်လူမျိုးတွေက ရူးနေကြတာလား ? ?

လို့တွေးကောင်းတွေးမိနိုင်ပေမယ့် တကယ်တော့ အထဲမှာတော်တော်လေးကိုနွေးပါတယ်။

ဆောင်းရဲ့အအေးဒဏ်မှာ အဆိုးဆုံးက လေတိုက်တာပါ။ လေတိုက်လိုက်ရုံနဲ့ ခန္ဓာကိုယ်အပူချိန်ကို သိသိသာသာကျဆင်းစေပါတယ်။

အေးတယ်ဆိုတာထက်ကို အေးလွန်းပါတယ်။

ဒါပေမယ့် Kamakura အိမ်လေးထဲမှာ တိုက်နေတဲ့လေတွေကို နံရံလိုကာပေးထားတာကြောင့် လေတိုက်တာမခံရတော့ပါဘူး။

နောက်ပြီးအထဲမှာ မီးလှုံလို့လည်းရပါတယ်။

https://www.jalan.net/news/article/130411/

ဒီလိုမီးလှုံနေရင် အရည်တွေပျော်ကုန်မှာပေါ့ လို့ထင်ခဲ့ပေမယ့် အံ့ဩစရာကောင်းတာက အရည်လုံးဝမပျော်ပါဘူး။

မီးသုံးတဲ့ပမာဏပေါ်မှာမူတည်ပေမယ့်လည်း မီးဘယ်လောက်ပဲများများ Kamakura အိမ်လေးကတော့ အရည်လုံးဝမပျော်သွားပါဘူး။

အတွင်းပိုင်းမှာနွေးနေပေမယ့်လည်း အပြင်ဘက်အအေးဒဏ်က နံရံထဲကိုထိုးဖောက်နိုင်တာကြောင့် အရည်မပျော်နိုင်တာဖြစ်ပါတယ်။

လက်တိုလေးနဲ့တောင်နေလို့ရလောက်တဲ့အထိတော့ မနွေးပေမယ့်လည်း နွေးတယ်ဆိုရုံထက်တော့ နည်းနည်းပိုနွေးလိမ့်မယ်ထင်ပါတယ်။

အားလုံးအတူတူမီးဖိုလေးမှာဝိုင်းပြီး အေးအေးဆေးဆေးစကားပြောရင်း ကစားစရာကဒ်လေးတွေကစားရင်း ညကိုဖြတ်ကျော်မယ်ဆိုရင် အဲ့ဒီညလေးက တကယ့်ကို အမှတ်ရစရာညလေးဖြစ်နေမှာပါ။

ဂျပန်နိုင်ငံရဲ့ဆောင်းတွင်းရဲ့ ကောင်းကင်မှာ တိမ်တွေကအရမ်းကိုလှပပြီး ကောင်းကင်ကြီးကလည်း အရမ်းကိုလှနေတာကို တွေ့ရပါတယ်။

Kamakura အိမ်လေးထဲမှာ အေးအေးဆေးဆေးနဲ့ အပြင်ဘက်က ကြယ်လေးတွေကိုကြည့်ပြီးမှ ဟိုတယ်ကိုပြန်ပြီး ရေနွေးလေးစိမ်ပြီးရေချိုးလိုက်ပါ။

ဒါနဲ့ Kamakura ဆောက်တဲ့နည်းလေး ကြည့်လိုက်ဦးနော်။

https://www.youtube.com/watch?v=mb16ISW4Lio

 

တော်တော်လက်ဝင်မယ့်ပုံပဲနော်။ ဗီဒီယိုထဲကိုကြည့်လိုက်တော့ မီးလှုံရုံတင်မကဘဲ အစားအစာတွေတောင် ချက်စားလို့ရတယ်နော်။

ဒါကြောင့် Kamakura အိမ်လေးတွေကိုဆောက်ထားတဲ့နေရာကိုသွားရင် ပျော်ဖို့ကောင်းမယ်ထင်တယ်နော်။

ဒီလိုအခွင့်အရေးမျိုးကို ဂျပန်နိုင်ငံရဲ့ဆောင်းရာသီမှာပဲ ကြုံနိုင်တာနော်။

အအေးကြောက်တယ် လို့ပဲပြောမနေဘဲ တစ်ခေါက်လောက်တော့ရောက်ဖူးအောင်သွားလိုက်ပါနော်။

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: