ဆောင်းတွင်းက ကြောင်လေးတွေ ချစ်စရာအကောင်းဆုံးအချိန်

ကြောင်လေးတွေ ချစ်တတ်လား?

ဒီဆောင်းပါးလေးကတော့ ကြောင်ချစ်သူတွေအတွက် ရည်ရွယ်ပြီး ရေးပေးထားတာပါ။ ဒါကြောင့် ကြောင်မချစ်တတ်တဲ့သူတွေအတွက် အရင်ဆုံးတောင်းပန်ချင်ပါတယ်။

အမြဲချစ်ဖို့ကောင်းနေတဲ့ ကြောင်လေးတွေက ဂျပန်နိုင်ငံရဲ့အေးလွန်းတဲ့ ဆောင်းတွင်းမှာဆို ကြောင်လေးတွေရဲ့ နေပုံထိုင်ပုံလေးတွေက ပြောင်းလဲသွားတတ်ပါတယ်။ ဒါကလည်း တစ်မျိုးချစ်ဖို့ကောင်းနေတာပါပဲ။

ဘယ်လောက်ချစ်ဖို့ကောင်းလဲ ကြည့်လိုက်ကြရအောင်နော်။

 

  1. ကွေးကွေးလေးအိပ်တယ်

http://festa0511.blog.fc2.com/blog-entry-347.html

 

ကြောင်လေးတွေက ဆောင်းတွင်းရောက်ပြီဆိုရင် ကယ်လိုရီလောင်ကျွမ်းမှုကို လျှော့ချဖို့အတွက် ပိုပြီးတော့အိပ်ကြပါတယ်။

အရွယ်ရောက်ပြီဖြစ်တဲ့ ကြောင်ကလေးတွေဆိုရင် ၁၄ နာရီလောက်အိပ်ပြီး မွေးခါစ ကြောင်သေးသေးလေးတွေဆိုရင်တော့ နာရီ ၂၀ လောက်အိပ်ကြပါတယ်။

အိပ်နေတဲ့အချိန်မှာ ခန္ဓာကိုယ်ရဲ့အပူချိန်ကို ထိန်းထားဖို့အတွက် ကိုယ်ပိုင်အသိစိတ်နဲ့ ကွေးကွေးလေးအိပ်ကြတာဖြစ်ပါတယ်။

နေရာလည်းသိပ်မယူဘဲ ကြောင်လေးတွေကအသက်ရှုထုတ်လိုက်တဲ့အခါ လေတွေကြောင့် ပိုပြီးတော့နွေးစေတာပေါ့။

နွေရာသီရောက်ပြန်တော့လည်း အားရပါးရအိပ်တာပဲနော်။

 

 

 

  1. အမွေးလေးတွေက ပွနေတတ်တယ်

https://nlab.itmedia.co.jp/nl/articles/1801/12/news099.html

ဆောင်းတွင်းမရောက်ခင်မှာ ကြောင်လေးတွေက အမွေးလဲလေ့ရှိပါတယ်။

အပေါ်မှာပြထားတဲ့ပုံနှစ်ပုံမှာ ကြောင်ကတစ်ကောင်တည်းဖြစ်ပြီး ဘယ်ဘက်ကပုံက နွေရာသီတုန်းကအမွေးပုံနဲ့ ညာဘက်က ဆောင်းရာသီရဲ့အမွေးပုံဖြစ်ပါတယ်။

ဒါပေမယ့် အမွေးလဲတာတင်မဟုတ်ပါဘူး။

ဆောင်းတွင်းမှာအဆီတွေပိုလာဖို့အတွက် အစာတွေလည်းပိုစားလာကြပါတယ်။ ဝတုတ်ကလေးဖြစ်နေတာပေါ့နော်။

 

 

  1. လူနားကပ်တယ်

https://machicon.jp/animalcafe/column/4279

 

ဆောင်းတွင်းမှာ အေးအေးဆေးဆေးနဲ့ စာအုပ်လေးဖတ်လိုက် အလုပ်လေးလုပ်လိုက်နဲ့ ငြိမ်ငြိမ်လေးနေနေတဲ့အချိန် ကြောင်လေးတွေက ပေါင်ပေါ်ရောက်လာပါပြီ။

ပြီးရင်ပေါင်ပေါ်မှာ အိပ်ပျော်နေတတ်ပါတယ်။

အိပ်နေတာလေးကချစ်ဖို့ကောင်းနေလို့ အိမ်သာထသွားဖို့ဆိုရင်တောင် မထရက်လို့ ဒုက္ခတွေ့ရတတ်ပါတယ်။

 

အိမ်မှာကြောင်လေးတွေရှိတယ်ဆိုရင် ဆောင်တွင်းရောက်တဲ့အခါ သူတို့ရဲ့ချစ်စရာကောင်းတဲ့ လှုပ်ရှားမှုလေးတွေကို ကြည့်ကြည့်လိုက်ပါနော်။

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: