နိမ့်ကျလာနေသော ဂျပန်လူမျိုးများ၏ အကျင့်စရိုက်

ဂျပန်လူမျိုးတွေဟာ စိတ်ရင်းကောင်းကြတယ်။

လို့ ချီးကျူးတဲ့ နိုင်ငံခြားသားတွေ တော်တော်များများ ရှိပေမယ့်၊ စိတ်မကောင်းစွာနဲ့ပဲ အဲ့ဒါက အရင်တုန်းကပါလို့ ပြောရမလို ဖြစ်နေပါတယ်။

အောက်တိုဘာလ ၂ရက် ကမ္ဘာပေါ်မှာ စီးနင်းလိုက်ပါသူ ခရီးသည်အများဆုံးရှိတဲ့ ရှင်းဂျုခုဘူတာမှာ လူသေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။

သေဆုံးသူဟာ အသက် ၄၇နှစ်ရှိ အမျိုးသားဖြစ်ပြီး၊ အခင်းမဖြစ်ခင်မှာ သူဟာ မျက်စိမမြင်သူများကိုင်သည့် တုတ်(White Cane)ကို ကိုင်ဆောင်ထားခဲ့တယ်လို့ မျက်မြင်သက်သေ သတင်းရှိခဲ့ပါတယ်။ သေဆုံးသူဟာ မျက်စိ မမြင်ရတဲ့ လူများဖြစ်နေသလား? လို့ တွေးစရာပါပဲ။

သံလမ်း ပလက်ဖောင်း ပေါ်မှာ လမ်းလျှောက်နေချိန် အောက်သံလမ်းပေါ်ပြုတ်ကျကာ ရထားနဲ့ တိုက်ခံခဲ့ရတာပါ။

အဆိုပါ အမျိုးသားကို ကယ်ဆယ်ဖို့အတွက် ရထားဟာ ၁နာရီလောက် ရပ်နေခဲ့ရပြီး လူ ၄သောင်းလောက် ခရီးဖင့်ခဲ့ရပါတယ်။

 

https://news.livedoor.com/article/detail/17194181/

 

ကယ်ဆယ်တယ်ဆိုတဲ့ စကားလုံးသုံးထားပေမယ့်လည်း ရထားနဲ့ တိုက်မိတဲ့လူတစ်ယောက်ကို ကယ်နိုင်ဖို့ရာနှုန်းကတော့ လုံးဝမရှိသလောက်ပါပဲ။

အဲ့ဒီအမျိုးသားရဲ့ ခန္ဓာကိုယ်လည်း ဒါဏ်ရာ ပြင်းပြင်းထန်ထန် ရနေလောက်ပါတယ်။

အဲ့ဒီလို အခင်းဖြစ်ပွားတဲ့ မြင်ကွင်းကို မမြင်စေချင်လို့ ကယ်ဆယ်ရေးအဖွဲ့ဟာ အပြာရောင်ပိတ်ကားနဲ့ ကွယ်ထားလိုက်ပါတယ်။

အဲ့ဒီလို အခင်းဖြစ်ပွားနေတာကို ဖုန်းတွေနဲ့ ဓာတ်ပုံရိုက်ယူကြတယ်။

အဲ့ဒီအထိကတော့ နားလည်ပေးနိုင်ပါသေးတယ်။

သို့သော် လူတစ်ချို့က ကာထားတဲ့ အပြာရောင်ပိတ်ကားအောက်ကို ဖုန်းတွေထိုးထည့်ပြီး ဓာတ်ပုံရိုက်ယူနေကြပါတယ်။

facebook,  Instagram စတာတွေမှာ ပို့စ်တင်ဖို့လို့ ယူဆရတာပေါ့နော်။

ရနိုင်သလောက် လူတွေထိတ်လန့်သွားစေနိုင်တဲ့ ပုံတွေရိုက်ယူပြီး Like များများရအောင် ဒီလိုတွေလုပ်နေကြတယ်လို့ ထင်ပါတယ်။

မီးရထားဝန်ထမ်းတွေဟာ ကိုယ်ကျင့်တရားလေးတွေ ထိန်းကြပါ! လို့ အော်နေကြတာကို ကြည့်ရတာ စိတ်နှလုံးနာရပါတယ်။

ဒီလိုဖြစ်ရတဲ့ အဓိကအချက် ၂ချက်ရှိပါတယ်။

ပထမတစ်ချက်က စမတ်ဖုန်းများ တိုးပွားလာခြင်း ဖြစ်ပါတယ်။

လူတိုင်းနီးပါး စမတ်ဖုန်းကိုင်ဆောင်နေတဲ့ ယနေ့ခေတ်မှာ လူတိုင်းရဲ့ အိတ်ကပ်ထဲမှာ ဓါတ်ပုံရိုက်လို့ရတဲ့ ကိရိယာတစ်ခုကတော့ ပါနေတတ်ကြပါတယ်။

အရင်ခေတ်တွေတုန်းကတော့ ဒီလို အဆင်ပြေတဲ့ ပစ္စည်းမရှိခဲ့လို့ ဓါတ်ပုံရိုက်ချင်ရင်တောင် ရိုက်လို့မရခဲ့ပါဘူး။

 

နောက်တစ်ချက်ကတော့ Mass media ရဲ့ ပြဿနာပဲ ဖြစ်ပါတယ်။

သတင်းမီဒီယာမှာ အလုပ်လုပ်သူက တခြား မီဒီယာတွေထက်ကို ပိုကောင်းတဲ့ပုံကို တင်မယ်ဆိုတဲ့ အတွေးနဲ့ ပြဿနာတစ်ခုခု၊ အခင်းတစ်ခုခု ဖြစ်ပွားတာနဲ့ အင်တာနက်ပေါ်က သူများတင်ထားတဲ့ ပို့စ်တွေကိုရှာပြီး အခင်းဖြစ်ပွားတဲ့ ဗီဒီယိုကိုတောင် တောင်းတတ်ကြပါသေးတယ်၊၊

အဲ့ဒီတော့ သာမန်လူတွေကလည်း “ ဗီဒီယိုကောင်းကောင်းတစ်ခု ရိုက်ထားနိုင်ရင် ပိုက်ဆံရနိုင်တယ်” ဆိုတဲ့ အတွေးနဲ့ ရိုက်ယူနေကြတာပေါ့။

အဲ့ဒီလောက်အထိလုပ်ပြီး ဗီဒီယိုတစ်ခု တင်နိုင်သွားတော့ရော ဘာဖြစ်သွားမှာလဲ?

မီဒီယာတွေလည်း သိပ်ပြီး မဟုတ်တော့ဘူးလို့ တွေးမိပါတယ်။

အကျင့်စရိုက်တွေ နိမ့်ကျလာတာလား ဒါမှမဟုတ် ကိုယ်ကျင့်တရားဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကပဲ ပြောင်းသွားတာများလား?

ဘယ်လိုပဲ ဆိုဆို သေဆုံးသူဘက်ကိုလည်း ကိုယ်ချင်းစာတရားလေး ထားစေချင်ပါတယ်။

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: