ဂျပန်လူမျိုးတွေရဲ့ ခရစ်စမတ်က ဘယ်လိုလဲ ? ?

ခရစ်စမတ်ပွဲတော်ကြီးလည်း တဖြည်းဖြည်းနဲ့နီးလာပါပြီ။

ခရစ်စမတ်ပွဲတော်ဆိုတာကတော့ ကမ္ဘာအတိုင်းအတာနဲ့ ကျင်းပတဲ့ပွဲတော်ကြီးဖြစ်ပြီး ဂျပန်နိုင်ငံမှာဆိုရင်လည်း စည်စည်ကားကားနဲ့ ကျင်းပကြပါတယ်။

တခြားနိုင်ငံတွေမှာလည်း ခရစ်စမတ်ပွဲတော်ကို ပုံစံအမျိုးမျိုးနဲ့ ကျင်းပသလို ဂျပန်နိုင်ငံမှာလည်း ရှေးကတည်းကနေရှိခဲ့တဲ့ ဂျပန်ခရစ်စမတ် ယဥ်ကျေးမှုတွေရှိပါတယ်။

ဂျပန်လိုဆိုရင်တော့ ခရစ်စမတ်ကို Kurisumasu လို့ခေါ်ပါတယ်။

ဂျပန်နိုင်ငံမှာ ခရစ်စမတ်ရောက်ပြီဆိုရင် လမ်းတိုင်းလမ်းတိုင်းမှာ မီးတွေအလှဆင်ထားတာကြောင့် ညဘက်မှာဆို အရမ်းကို လှပါတယ်။

ဒါဆို ဂျပန်လူမျိုးတွေရဲ့ ခရစ်စမတ်ပုံရိပ်ကို ပြောပြမယ်နော်။

 

  • ခရစ်စမတ်အထူးအစားအစာ

ဒါကတော့ တချို့နိုင်ငံတွေမှာလည်း ခရစ်စမတ်အစားအစာအနေနဲ့ ခရစ်စမတ်နေ့မှာ စားကြပါတယ်။

ဂျပန်မှာဆိုရင်တော့ ခရစ်စမတ်ရောက်ရင် ကြက်ကြော်စားကြပါတယ်။

https://www.businessinsider.in/photo

ဂျပန်လူမျိုးတွေရဲ့ မိသားစု ၃.၆ ဘီလီယံ လောက်က ကြက်ကြော်တွေကို ခရစ်စမတ်အစားအစာအနေနဲ့ စားသုံးကြတာဖြစ်ပါတယ်။

ခုချိန်ထိ ခရစ်စမတ်ရောက်ရင် မိသားစုနဲ့အတူတူ ပျော်ပျော်ရွှင်ရွှင်စားသုံးကြပါတယ်။ အရမ်းနာမည်ကြီးတဲ့ ကြက်ကြော်ဆိုင်တွေက မှာစားမယ်ဆိုရင် ၆ ပတ်ကြိုတင်မှာထားရပါတယ်။

 

  • ဂျပန်ခရစ်စမတ်ကိတ်

ခရစ်စမတ်ရာသီမှာဆိုရင် ဂျပန်ခရစ်စမတ်ကိတ်လေးတွေက အရမ်းကိုလူကြိုက်များပါတယ်။ ဂျပန်လိုဆိုရင်တော့ ‘kurisumasu keki’ လို့ခေါ်ပါတယ်။ ဒီကိတ်မုန့်လေးကတော့ ကိတ်သားပေါ်မှာခရင်မ်အုပ်၊ အပေါ်ကနေ စတော်ဘယ်ရီနဲ့ Santa Claus အရုပ်လေးနဲ့ အလှဆင်ထားတာမျိုးဖြစ်ပါတယ်။

https://images.japancentre.com/recipes/pics/1125/main/christmas-cake.jpg?1542709020

ဒီလိုကိတ်မုန့်တွေက ဂျပန်နိုင်ငံကနေ စတင်ပေါ်ပေါက်လာတာ မဟုတ်ဘူးဆိုပေမယ့် ၁၉၅၀ လောက်ကနေ ဒီလိုကိတ်မုန့်လေးတွေ ခေတ်စားလာခဲ့ရာ ပုံစံအမျိုးမျိုးထပ်ပေါ်လာခဲ့တာဖြစ်ပါတယ်။

 

  • ဆောင်းတွင်းရဲ့မီးရောင်စုံအလှ

ဂျပန်နိုင်ငံမှာ ပွဲတော်တွေကျင်းပပြီဆိုရင် မီးရောင်စုံနဲ့ အလှဆင်ကြပါတယ်။ဒီလိုခရစ်စမတ်အချိန်ကို ရောက်လာပြီဆိုရင် ဂျပန်နိုင်ငံရဲ့ ရှော့ပင်းစင်တာ၊ စားသောက်ဆိုင်၊ အများဆိုင်နေရာတွေမှာ မီးတွေအပြည့်ထွန်းထားတာကြောင့် တစ်နိုင်ငံလုံးလင်းထိန်နေပါတယ်။ ဒီလိုချိန်မှာ ဂျပန်နိုင်ငံမှာသာရှိနေခဲ့ရင်တော့ ရင်သတ်ရှု့မောစရာအလှကို ခံစားရမှာနော်။

.https://youtu.be/Ohk07k6YB-U

  • ခရစ်စမတ်ဈေးရောင်းပွဲတော်

ခရစ်စမတ်ရောက်ပြီဆိုရင် ဈေးရောင်းပွဲတော်တွေ ကျင်းပကြပြီး ဂျပန်နိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ ဈေးရောင်းပွဲတော်တွေက တစ်ကမ္ဘာလုံးက နိုင်ငံခြားသားခရီးသွားတွေကို ဆွဲဆောင်နိုင်ပါတယ်။

https://cdn.cheapoguides.com/wp-content/uploads/sites/2/2014/12/16106517416_415898afe1_k-770×432.jpg

ဂျပန်နိုင်ငံမှာတော့ ဆောင်းတွင်းတစ်တွင်းလုံးကျင်းပတာဖြစ်ပြီး ရာသီနဲ့လိုက်ဖက်တဲ့ပစ္စည်းတွေ၊ ခရစ်စမတ်သစ်ပင်နဲ့ အလှဆင်ပစ္စည်းတွေနဲ့ ဝိုင်၊နာမည်ကြီးသောက်စရာတွေကို ဒီလိုအချိန်မှာရောင်းချကြတာဖြစ်ပါတယ်။

 

  • Disney Magic

တိုကျိုမြို့မှာရှိတဲ့ Disneyland and Disneysea တို့က ဒီလိုချိန်ဆိုပိုနာမည်ကြီးပြီး ခရစ်စမတ်ပိတ်ရက်တွေမှာ ခရစ်စမတ်နဲ့ လိုက်ဖက်တဲ့ အပြင်အဆင်တွေ မီးရောင်စုံတွေနဲ့ အလှဆင်ထားတာဟာ တကယ့်ကိုမှော်ဆန်တဲ့အလှအဖြစ်ပါတယ်။

နောက်ပြီး အဲ့ဒီမှာ ခရစ်စမတ်နဲ့သက်ဆိုင်တဲ့ အရုပ်ကလေးတွေ၊ မီးရှူးမီးပန်းအလှ၊ အရသာရှိတဲ့ ခရစ်စမတ်မီနျူး စတာတွေကို အပြည့်အဝခံစားနိုင်လို့ ခရစ်စမတ်ပွဲတော်အချိန်အခါမှာ ပါဝင်ဖို့အတွက် အကောင်းဆုံးနေရာလေးဖြစ်ပါတယ်။

 

  • ခရစ်စမတ်သစ်ပင်

ခရစ်စမတ်ဆိုရင် အဓိကတွေ့ရမှာက ခရစ်စမတ်သစ်ပင်ကြီးတွေဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာလည်း ခရစ်စမတ်လကိုရောက်ပြီဆိုတာနဲ့ ခရစ်စမတ်သစ်ပင်တွေကို အလှဆုံးဖြစ်အောင် ပြင်ဆင်ထားတာတွေ့ရပါတယ်။ ဒီလို ခရစ်စမတ်သစ်ပင်ကြီးတွေကို အလှဆင်ထားတာက ခရစ်ယာန်ဘာသာဝင်တွေကနေတဆင့် ၁၉၁၀ ခုနှစ်ကတည်းကနေ ရောက်လာခဲ့တာဖြစ်ပါတယ်။

https://cdn1.parksmedia.wdprapps.disney.com/media/blog/wp-content/uploads/2015/12/TDCT905807.jpg

  • ဂျပန်နိုင်ငံက Santa Claus ဖိုးဖိုးကြီးအကြောင်း

တိုကျိုမြို့ရဲ့ ဂျင်ဇမှာ Santa Claus က ဆာမူရိုင်းဝတ်စုံဝတ်ပြီး ခရစ်စမတ်ပွဲတော်ကို လာခဲ့တယ်လို့ ၁၈၉၈ ခုနှစ်တုန်းက ကလေးစာအုပ်ထဲမှာ ထည့်ရေးခဲ့ပါတယ်။ စာအုပ်နာမည်ကတော့ Santakuro ဖြစ်ပါတယ်။

 

  • ဂျပန်ခရစ်စမတ်သီချင်း

ခရစ်စမတ်ရောက်တော့မယ်ဆိုရင် အဆောက်အအုံတွေတိုင်းမှာ ခရစ်စမတ်သီချင်းတွေကို ကြားရတော့မှာဖြစ်ပါတယ်။ ဒီဇင်ဘာလမှာ ဘယ်ကိုပဲသွားသွား ခရစ်စမတ်သီချင်းလေးတွေက ပျံ့လွှင့်နေမှာဖြစ်ပါတယ်။ ဒီလိုအချိန်မျိုးမှာဆိုရင် ဂျပန်လူမျိုးတွေက သူတို့ရဲ့ကိုယ်ပိုင်ပေါ့ပ်သီချင်းလေးတွေကို ဖွင့်လေ့ရှိပြီး ရိုးရာနဲ့တိုင်းတပါးက သီချင်းတွေပေါင်းစပ်ထားတဲ့ ပေါ့ပ်သီချင်းတွေကို ကြားရမှာဖြစ်ပါတယ်။

နာမည်ကြီးသီချင်းတွေကို စုပေးထားလို့ထားထောင်ကြည့်လိုက်ပါနော်…

ဂျပန်ဘာသာနဲ့ ခရစ်စမတ်သီချင်းလေးတွေနားထောင်ကြည့်ကြရအောင်

  • ခရစ်စမတ်အကြိုည

ဒီအကြိုနေ့ကတော့ ဂျပန်လူမျိုးတွေအလုပ်အများဆုံးနေ့ဖြစ်ပါတယ်။နောက်နေ့အတွက် အစားအစားတွေကိုပြင်ဆင်ရပြီး စရွက်လေးတွေလည်းခေါက်ကြပါတယ်။ နောက်ဆုံးဈေးဝယ်ထွက်ရမယ့်အချိန်ဖြစ်ပြီး လိုအပ်တာတွေကို ပြင်ဆင်ရမယ့်အချိန်ဖြစ်ပါတယ်။ခရစ်စမတ်အကြိုညက ခရစ်စမတ်ညထက်တောင်ပိုပြီးစည်ကားပါတယ်။ နောက်ပြီး ဒီညဟာ Valentine’s Day နဲ့တူပြီး ချစ်သူရည်စားတွေ လက်ဆောင်လဲရင်း အတူတူလျှောက်လည်ကြတဲ့ ညလည်းဖြစ်ပါတယ်။

http://brjapanclub.weebly.com/uploads/1/8/3/1/18317615/8032248_orig.jpg

ဒါကြောင့်လည်း စာသောက်ဆိုင်မှာဘိုကင်လုပ်မယ်ဆိုရင် ခရစ်စမတ်အကြိုညအတွက်လုပ်ရတာပိုခက်ပါတယ်။

 

  • အိုဆာကာရဲတိုက်ရဲ့မီးရောင်စုံအလှ

အိုဆာကာရဲ့တိုက်ကြီးဟာ နဂိုကတည်းကလှနေရာမှာ ခရစ်စမတ်ရောက်လာချိန်မှာတော့ မှော်ဆန်တဲ့မြင်ကွင်းအဖြစ်ကိုပြောင်းလဲသွားပါတယ်။ 3D illuminations နဲ့အလှဆင်ထားပြီး သီချင်းတီးလုံးတွေ နဲ့ မီးရောင်တွေက အရမ်းကိုလှပါတယ်။

ကိုယ်တိုင်ကြည့်လိုက်ပါနော်…

https://youtu.be/5HebN8OFhak

လှလိုက်တာနော်….သွားချင်လိုက်တာ ….

 

  • ခရစ်စမတ်လက်ဆောင်

ဂျပန်နိုင်ငံမှာ Bonsai ပင်လေးတွေ အရမ်းများတယ်ဆိုတာကို သိကြမယ်လို့ထင်ပါတယ်။ ဒါကြောင့် ဂျပန်ရဲ့ခရစ်စမတ်မှာလည်း ကိုယ်ချစ်တဲ့သူတွေကို bonsai ပင်လေးတွေပေးကြပါတယ်။

https://gd.image-gmkt.com

နောက်တစ်ခုက ခရစ်စမတ်ကဒ်လေးတွေကိုလည်း ပေးတတ်ကြပါသေးတယ်။ ဂျပန်မှာတော့ ချစ်စရာကောင်းပြီး ကဒ်လှလှလေးတွေအများကြီးရှိပါတယ်။

မိဘတွေကလည်း သူတို့ရဲ့ကလေးတွေအတွက် လက်ဆောင်လေးတွေ ပြန်ဝယ်ပေးကြပါတယ်။

 

  • ဆင်းရဲသားတွေကိုကူညီခြင်း

ဂျပန်နိုင်ငံမှာ ခရစ်ယာန်ဘာသာဝင်တွေအရမ်းနည်းပေမယ့် ဒီလိုအချိန်မှာဆို ဘုရားရှိခိုးဝတ်ပြုရင်း ကောင်းတာတွေကိုလုပ်ကြပါတယ်။ ဆင်းရဲသားတွေအတွက်လည်း ထောက်ပံ့မှုတွေပြုလုပ်ပေးပါတယ်။ နေမကောင်းတဲ့သူတွေအတွက်ဆိုရင်လည်း ငွေကြေးထောက်ပံ့မှုတွေပြုလုပ်ပေးပါတယ်။

 

  • ဂျပန်ခရစ်စမတ် Wagashi

ဂျပန်မှာ အရသာရှိတဲ့ မုန့်အချိန်တွေမျိုးစုံရှိပါတယ်။ဂျပန်ရိုးရာမုန့်အချိုတွေကိုလည်း ခရစ်စမတ်အတွက် ပုံစံအမျိုးမျိုးလုပ်ပြီးရောင်းကြပါတယ်။

https://i.pinimg.com/originals/2d/37/57/2d3757ab8013f635b84ea75b37d79b18.jpg

 

ဒီလိုဆိုရင် ဂျပန်နိုင်ငံရဲ့ ခရစ်စမတ်က ဘယ်လိုလဲဆိုတာကို သိသွားကြပြီထင်ပါတယ်။

ဒီလိုခရစ်စမတ်အချိန်မှာ ဂျပန်နိုင်ငံကိုသွားလည်မယ်ဆိုရင် အရမ်းလှလို့ တစ်ခေါက်လောက်တော့ သွားလည်ကြစို့နော် ..

Su Hlaing

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: