ဂျပန်ဘာသာနဲ့ ခရစ်စမတ်သီချင်းလေးတွေနားထောင်ကြည့်ကြရအောင်

ပျော်စရာကောင်းတဲ့ ခရစ်စမတ်ပွဲတော်ကြီးနီးလာပြီနော် …
ဂျပန်နိုင်ငံမှာလည်း ခရစ်စမတ်ပွဲတော်ကြီးကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လှလှပပ စည်စည်ကားကား ကျင်းပကြပါတယ်။
ဒီတစ်ခေါက်မှာတော့ ဂျပန်စာသင်ကြားနေတဲ့သူတွေအတွက် ဂျပန်ခရစ်စမတ်သီချင်းလေးတွေကို မိတ်ဆက်ပေးလိုက်ပါတယ်။
ခရစ်စမတ်ပိတ်ရက်လေးမှာ ဂျပန်ခရစ်စမတ်သီချင်းလေးနားထောင်ရင်း အဓိပ္ပာယ်လေးတွေပါ မှတ်မိသွားပြီဆိုရင်တော့ ဂျပန်စာအတွက်ပါအထောက်အကူပြုပြီး လေ့လာပြီးသားလည်းဖြစ်သွားမှာနော်။
https://previews.123rf.com/images/prometeus
အခုမိတ်ဆက်ပေးမယ့် ခရစ်စမတ်သီချင်းတွေကတော့ ဂျပန်နိုင်ငံမှာနာမည်ကြီးသီချင်းလေးတွေဖြစ်ပါတယ်။
ပထမဦးဆုံးမိတ်ဆက်ပေးချင်တာကတော့ Tatsuro Yamashita သီဆိုထားခဲ့တဲ့ Christmas Eve ဆိုတဲ့သီချင်းလေးဖြစ်ပါတယ်။
ဒီသီချင်းရဲ့ အဓိပ္ပာယ်လေးတော့ပြောပြပေးမယ်နော်။
ဒီသီချင်းလေးကရဲ့ စာသားရဲ့ အဓိပ္ပာယ်လေးတွေကတော့…
မိုးရေစက်တွေက ညနက်နက်မှာ ဆီးနှင်းတွေအဖြစ်ကိုပြောင်းလဲသွားတယ်နော်၊
Silent night, Holy night
သေချာတာကတော့ မင်းရောက်မလာခဲ့တဲ့ တစ်ယောက်တည်းဖြစ်နေတဲ့ Christmas Eve
Silent night, Holy night
ရင်ထဲမှာနက်နက်ရှိုင်းရှိုင်းနဲ့ မျှော်လင့်ထားတာတွေက ဖြစ်မလာဘူး၊ တကယ်တော့ဒီနေ့ညပြောဖြစ်မယ်လို့ထင်ခဲ့တာ
Silent night, Holy night
မင်းအတွက်ခံစားချက်တွေ မပျောက်မပျက်ဘဲ သန်ခေါင်ယံထိရှိနေပါသေးတယ်။
လမ်းထောင့်နားက ခရစ်စမတ်သစ်ပင်ကြီးကတော့ တစ်လက်လက်နဲ့တောက်ပနေတာပေါ့
Silent night, Holy night
ဒီလိုဆိုတော့ သီချင်းလေးက တစ်ကိုယ်ထဲအထီးကျန်နေတဲ့သူတွေအတွက်ပေါ့နော်။
ကဲ…ဗီဒီယိုထဲမှာ ဂျပန်နိုင်ငံရဲ့ မီးရောင်စုံအလှကိုခံစားရင်း ကိုယ်တိုင်နားထောင်ကြည့်လိုက်ပါဦး…
နောက်တစ်ခုမိတ်ဆက်ပေးချင်တာကတော့ Junichi Inagaki သီဆိုထားခဲ့တဲ့ At the time for christmas carol ဆိုတဲ့သီချင်းလေးဖြစ်ပါတယ်။
ဒီသီချင်းလေးကနည်းနည်းရှည်လို့ မင်မင် အောက်မှာစာသားပါတာလေးကို ရှာပေးလိုက်တယ်နော်။
အရင်ဆုံး original ကိုအရင်ကြည့်လိုက်နော်။
ဂျပန်မလေးရဲ့ Cover Version လေးလည်းနားထောင်လို့ကောင်းလို့ထည့်ပေးလိုက်တယ်နော်။
တတိယမြောက်တစ်ပုဒ်အနေနဲ့ Yumi Matsutouya ရဲ့ My Baby Santa Claus (恋人がサンタクロース) ဆိုတဲ့သီချင်းလေးဖြစ်ပါတယ်။
ဒီသီချင်းလေးကတော့ ချစ်စရာကောင်းတဲ့ သီချင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ သီချင်းအဓိပ္ပာယ်လေးကို ဖြည်းဖြည်းချင်းနားထောင်ကြည့်နော်။
နားထောင်ရင်းနဲ့မှ အဓိပ္ပာယ်ဖော်ရတာလေးက ပိုပျော်ဖို့ကောင်းပါတယ်။
နောက်တစ်ပုဒ်အနေနဲ့ Keisuke Kuwata သီဆိုထားခဲ့တဲ့ Snow White ( 白い恋人達)ဆိုတဲ့ သီချင်လေးဖြစ်ပါတယ်။ ဒီသီချင်းလေးက ရှေးကတည်းက နာမည်ကြီးလာခဲ့တာကြောင့် ပြန်ပြီးဆိုထားတဲ့ Cover တွေလည်း အများကြီးပါပဲ။
မင်မင်ကတော့ စာသားလေးတွေပါတဲ့တစ်ပုဒ်ပဲ ပြလိုက်မယ်နော်။
နောက်ထပ်တစ်ပုဒ်ထပ်မိတ်ဆက်ပေးမယ်နော်။
B’z ရဲ့ Itsuka no Meery Christmas ဆိုတဲ့ သီချင်းလေးဖြစ်ပါတယ်။ ဒီသီချင်းကလည်း နာမည်အရမ်းကိုကြီးပါတယ်။
ဒီသီချင်းလေးကို ကြိုက်တဲ့သူတွေအတွက် စာသားလေးပါတာကို အောက်မှာထည့်ပေးလိုက်တယ်နော်။
နောက်ဆုံးတစ်ပုဒ်အနေနဲ့ နည်းနည်းလေးကြားဖူးနားဝါးဖြစ်နေတဲ့ သီချင်းလေးကိုဖော်ပြလိုက်တယ်နော်။
back number ဆိုရင်သိမယ်လို့ထင်ပါတယ်။ クリスマスソング ဆိုတဲ့သီချင်းလေးဖြစ်ပါတယ်။
နားထောင်ကြည့်လိုက်နော်။
ဘယ်လိုလဲ ? ?
ဂျပန်ခရစ်စမတ်သီချင်းလေးတွေကိုသိထားပြီဆိုတော့ခရစ်စမတ်သီချင်းလေးတွေနားထောင်ရင်း ခရစ်စမတ်ပိတ်ရက်ကို ကျော်ဖြတ်လို့ရပြီနော်။
မင်မင်စုပေးထားတဲ့ Version လေးတွေကို သိပ်မကြိုက်ဘူးဆိုရင် Youtube မှာ နာမည်လေးရိုက်ထည့်လိုက်ရုံနဲ့ အကုန်လုံးထွက်လာပါလိမ့်မယ်။
သီချင်းလေးတွေနားထောင်ရင် ခရစ်စမတ်မှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းနိုင်ပါစေ….
Su Hlaing