ဆေးနည်းပညာအသစ်ရှာဖွေတွေ့ရှိခြင်း

ဂျပန်နိုင်ငံဟာ အရင်တုန်းက တရုတ်တိုင်းရင်းဆေးကို အဓိကထားပြီး ဆေးဘက်ဆိုင်ရာနည်းပညာအနေနဲ့ ကုသခဲ့ကြပါတယ်။

အဲ့ဒီကို ဥရောပနိုင်ငံကနေတဆင့်ဝင်ရောက်လာခဲ့ပြီး အနောက်တိုင်းဆေးပညာကို အသုံးပြုဖို့ဖြစ်လာခဲ့ရာ ယခုအချိန်အထိ ဆေးရုံတွေအားလုံးမှာ အနောက်တိုင်းဆေးပညာတွေကို အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမယ့် အနောက်တိုင်းဆေးပညာမှာလည်း ကုသလို့မရတဲ့ရောဂါဆိုတာမျိုးက ကမ္ဘာပေါ်မှာအမျိုးပေါင်း ၇၀၀၀ ကျော်လောက်ရှိနေပြီး အဖြေမရှိတဲ့အခြေအနေမျိုးကိုရောက်ရှိနေတာဖြစ်ပါတယ်။

နောက်ပြီး ဓာတ်မတည့်တာတွေရှိနေသေးတာကြောင့် ယခုချိန်အထိမရှိသေးတာတွေကို တွေ့နေရတာကလည်း လွန်ခဲ့တဲ့နှစ် ၇၀ ကျော်လောက်ကတည်းကပါ။

ဟိုးအရင်တုန်းကမရှိတဲ့ရောဂါတွေက ဘာကြောင့်ပေါ်လာခဲ့ရတာလဲ ?

https://www.sbbit.jp/article/cont1/33888

 

ဓာတုပစ္စည်းတွေက ဒီလိုရောဂါတွေရဲ့ဇစ်မြစ်လို့ တွေးမိတဲ့အခါမှာ ဆေးပညာအသစ်နဲ့ကုသဖို့ဖြစ်လာပါတယ်။

ဂျပန်နိုင်ငံမှာဆိုရင်တော့ စစ်ပွဲအပြီးမှာ အမျိုးမျိုးသော ဓာတုပစ္စည်းတွေပေါ်ပေါက်လာခဲ့ပါတယ်။ စားစရာတွေမှာ တာရှည်ခံပစ္စည်းတွေနဲ့ ဆိုးဆေးတွေကို ထည့်သုံးကြတာရယ် ဟင်းသီးဟင်းရွက်တွေဆိုရင်လည်း ပိုသတ်ဆေးတွေဖြန်းလာကြပါတယ်။

နောက်ပြီး ဆေးမျိုးစုံပေါ်ထွက်လာခဲ့ရာ ကုသလို့မရတဲ့ရောဂါလို့ ခေါ်လို့ရလောက်တဲ့ရောဂါတွေ တိုးပွားလာတယ်ဆိုပြီး ဆေးမှတ်တမ်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ဒီလို ဓာတုပစ္စည်းတွေ ခန္ဓာကိုယ်ထဲမဝင်ရောက်သွားဖို့ ကမ္ဘာပေါ်မှာပြောင်းလဲလာခဲ့ပါပြီ။

ပိုးသတ်ဆေးနဲ့ ဓာတုဓာတ်မြေဩဇာတွေကို အသုံးမပြုဖို့အတွက် အော်ဂဲနစ် လို့ခေါ်တဲ့ စိုက်ခင်းတွေရှိလာခဲ့ပါတယ်။

စားစရာတွေဟာလည်း တဖြည်းဖြည်းနဲ့ လုံခြုံစိတ်ချမှုရှိလာပါပြီ။

စာရေးသူငယ်ငယ်တုန်းကဆိုရင် လေထုညစ်ညမ်းမှုတွေ တိုကျိုမြို့မှာဖြစ်ပွားခဲ့ပြီး ခုချိန်မှာတော့ တော်တော်လေးကို တိုးတက်မှုရှိလာပါပြီ။

ရေရဲ့အရည်အသွေးကလည်း တဖြည်းဖြည်းနဲ့မြင့်တက်လာပါတယ်။

အစားအစာတွေကိုလည်း ကန့်သတ်မှုတွေနဲ့ တင်းကျပ်လာခဲ့ပါတယ်။

ဒီလိုဆိုရင် ခန္ဓာကိုယ်ထဲကို ဝင်ရောက်မယ့် ဓာတုပစ္စည်းတွေကို ကာကွယ်နိုင်မှာလား?

ဓာတုပစ္စည်းတွေနဲ့ စိုက်ပျိုးထားတဲ့ ကောက်ပဲသီးနှံတွေ လတ်ဆတ်သန့်ရှင်းတဲ့သီးနှံတွေမဖြစ်နိုင်ဘူးဆိုတာကို သိထားပေမယ့် ဘာကြောင့်လူတွေကကိုယ့်ရဲ့ခန္ဓာကိုယ်ကို ဓာတုပစ္စည်းတွေဝင်ရောက်စေတာလဲ ?

လူတွေအနေနဲ့ ကိုယ့်ရဲ့ကျန်းမာရေးအတွက် ဓာတုဗေဒပစ္စည်းတွေပါဝင်တဲ့ အစားအစာတွေကို ရှောင်ကျဥ်ရပါမယ်။

လူတွေဟာ မူလကတည်းကနေရှိတဲ့ သဘာဝကုသမှုစွမ်းအားကိုမြှင့်တင်ပြီး ကျန်းမာရေးကောင်းစေတယ်ဆိုတာက ဆေးနည်းပညာအသစ်ပဲဖြစ်ပါတယ်။

အနောက်တိုင်းဆေးပညာတွေလွှမ်းမိုးနေတဲ့ ဂျပန်နိုင်ငံမှာ ဆေးနည်းပညာအသစ်အတွေးအခေါ်တွေကို တွေးမိဖို့က တော်တော်လေးအချိန်ကြာမယ်ထင်ပါတယ်။

ဒီလိုအတွေးအခေါ်တွေနဲ့ ကြိုးစားနေတဲ့ ဆရာဝန်တွေက ဆေးဘက်ဆိုင်ရာ, စိုက်ပျိုးရေး, ပတ်ဝန်းကျင် အားလုံးကိုပြောင်းလဲပစ်ရမယ်ဆိုတဲ့ အတွေးအခေါ်တွေနဲ့  လုပ်စရာတွေအများကြီးကျန်ရှိနေပါသေးတယ်။

နောက်ပြီး တခြားသူတွေအားလုံးကလည်း လက်တွေ့ပူးပေါင်းလုပ်ဆောင်ကြဖို့လိုပါတယ်။

စာရေးသူတို့လည်း အနာဂတ်အတွက် JAPO က ဒီလို ပူပေါင်းဆေးကုသမှုမျိုးကို လုပ်သွားချင်ပါတယ်။

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: