ရက်စက်လွန်းတဲ့ Ninja လက်နက်များ

Naruto Manga က ကမ္ဘာတစ်ဝန်းမှာသာမက မြန်မာမှာလည်း နာမည်ကြီးတဲ့ Manga တစ်ခုဖြစ်ပါတယ်။ Naruto Mangaက နင်ဂျာတွေရဲ့ဘဝကို ဇာတ်အိမ်တည်ပြီး ရေးဆွဲထားတာပါ။

Naruto ပရိတ်သတ်တွေအတွက်ရော နင်ဂျာပရိသတ်တွေအတွက်ရော နင်ဂျာတွေအသုံးပြုတဲ့လက်နက်တွေအကြောင်းကို ဒီနေ့တင်ဆက်ပေးပါ့မယ်။

ဒီNaruto Manga သာမက ဂျပန်ရဲ့အခြားအခြားသော သမိုင်းကြောင်းဇာတ်လမ်းတွေ ကာတွန်းရုပ်ပြတွေမှာလည်း နင်ဂျာတွေပါဝင်လေ့ရှိပါတယ်။

နင်ဂျာတွေဟာ NinJutsu (နင်ဂျာသိုင်းအတတ်ပညာ) လို့ခေါ်တဲ့ မျက်စိနဲ့မမြင်နိုင်တဲ့ အထူးမန္တာန်တွေကို အသုံးပြုတယ်ဆိုတဲ့ ထင်မြင်ချက်တွေရှိပြီး တကယ်တမ်းတော့ ဒါတွေကမဖြစ်နိုင်ပါဘူးတဲ့။

နင်ဂျာတွေကလည်း လူသားတွေဖြစ်တာကြောင့် လူသားတွေတတ်နိုင်စွမ်းသလောက်ပဲ ရှင်းပစ်ချင်တဲ့လူနားကို တိတ်တိတ်လေးချဥ်းကပ်သွားပြီး သတ်ပစ်လိုက်တာပါ။

ဒီ့အတွက်လည်း နင်ဂျာရဲ့လက်နက်တွေက ဆာမူရိုင်းတွေရဲ့ လက်နက်တွေနဲ့ တော်တော်လေးကို ကွာခြားပြီးပြောင်းလဲတိုးတက်လာခဲ့ရတာပါ။

ဒီလိုမျိုးတိတ်တိတ်လေးရှင်းပစ်ရာမှာ သုံးတဲ့နင်ဂျာတွေရဲ့ လက်နက်တွေကို ကြည့်ကြည့်ကြရအောင်နော်။

 

Nintou

http://www.ninja-museum.com/ninja-database/?p=40

 

ဆာမူရိုင်းတွေကိုင်ဆောင်တဲ့ ပုံမှန်ဂျပန်ဓားရှည်တွေနဲ့မတူဘဲ ပိုပြီးတိုပါတယ်။ ပြီးတော့လုံးဝကွေးမသွားဘဲ အဆုံးသတ်ထိကို ဖြောင့်တန်းနေတဲ့ဓားဖြစ်ပါတယ်။ အသုံးပြုပုံကွာခြားတဲ့အတွက် ဒီလိုကြီးကြီးမားမားကွာခြားနေတာပါ။

ဆာမူရိုင်းတွေက ခုတ်ဖို့ဖြတ်ဖို့အတွက် အလေးထားပြီး ဓားရှည်တွေသုံးကြတာဖြစ်ပြီးတော့ နင်ဂျာတွေကတော့ ထိုးစိုက်ဖို့အတွက် ဓားတိုတိုဖြောင့်ဖြောင့်ကို သုံးကြခြင်းဖြစ်ပါတယ်။

သူတို့ရဲ့ အမြင်ခြင်းလည်း ကွာခြားပုံရပါတယ်။

ဆာမူရိုင်းတွေရဲ့ဓားက ဆာမူရိုင်းတွေရဲ့ဂုဏ်သိက္ခာ၊ အဆင့်အတန်းကို ကိုယ်စားပြုတဲ့အတွက် ခဏခဏပွတ်တိုက်သန့်စင်ပေးခံရပြီး အမြဲလိုလို တလက်လက်တောက်ပြောင်နေတတ်ပေမယ့် နင်ဂျာတွေရဲ့ဓားကတော့ တလက်လက်တောက်ပပြီး အလင်းပြန်နေလို့မဖြစ်တဲ့အတွက် အရောင်မွဲအောင်ထားတတ်ကြပါတယ်။

ဒါ့အပြင် နင်ဂျာတွေဟာ ဓားကိုဆွဲထုတ်လိုက်ရင်လည်း ဓားအိမ်အတွင်းပိုင်းက ထုလုံးရှည်ပုံစံ(Cylindrical)ဖြစ်နေတာမျိုး၊ ရေအောက်မှာလည်းအသက်ရှုနိုင်တာမျိုး၊ နံရံကိုတွန်းပြီး လျို့ဝှက်စကားတွေကို ခိုးနားထောင်တာတွေကိုလည်း ပြုလုပ်လို့ရပါတယ်။

နောက်ပြီး နင်ဂျာတွေဟာ အဲ့ဒီဓားနဲ့နံရံတွေမှာထိုးစိုက်အားယူပြီး နံရံတွေကိုတွယ်တက်တာတွေလည်း လုပ်လို့ရတဲ့အတွက် ခြုံငုံကြည့်ရင် Nintou ကနင်ဂျာတွေအတွက် တော်တော်ကိုအသုံးဝင်တဲ့ လက်နက်တစ်ခုဖြစ်ပါတယ်။

 

Tekkoukagi

https://www.taiyo-planet.co.jp/?p=30666

 

Tekkoukagi ကတော့ လူသတ်လက်နက်တစ်ခု ဖြစ်ပါတယ်။ လက်ဖမိုးမှာ တပ်ဆင်ရတဲ့လက်နက်နဲ့ လက်ဖဝါးမှာတပ်ဆင်အသုံးပြုရတဲ့လက်နက် ဆိုပြီးနှစ်မျိုးရှိပါတယ်။

တိုက်ခိုက်ရေးအတွက်ပဲ အသုံးပြုတာမဟုတ်ဘဲ မြေကြီးကိုတူးတာတို့ တစ်ဖက်ရန်သူရဲ့ဓားတွေကိုခုခံတဲ့နေရာတွေမှာလည်း Tekkoukagi ကိုအသုံးပြုလို့ရပါသေးတယ်။

သုံးစွဲလို့အဆင်အပြေဆုံးကတော့ လက်ဖဝါးတစ်ခုလုံးပေါ်က လက်ချောင်းလေးတွေ လွတ်လွတ်လပ်လပ်ရှိနေခြင်းပါပဲ။

လက်ထဲမှာတခြားပစ္စည်းတစ်ခုခုကိုဆုပ်ကိုင်ထားရင်းနဲ့ ဒီလက်နက်ကို အသုံးပြုနိုင်ခြင်းက Tekkoukagi ရဲ့အားသာချက်တစ်ခုပဲလေနော် …

 

Shuriken (စင်္ကြာ)

https://repmart.jp/products/sl68694.html

 

နင်ဂျာလို့ပြောလိုက်တာနဲ့ မျက်လုံးထဲတန်းပေါ်လာတာ ဒီစင်္ကြာလေးတွေပါ။အသုံးပြုပုံကို လူတိုင်းခန့်မှန်းကြည့်လို့ရပေမယ့် တကယ်တန်းတော့ တစ်ဖက်ရန်သူကို ပစ်ပေါက်ပြီးလဲကျစေတဲ့ လက်နက်မဟုတ်ပါဘူးတဲ့။

ဒီစင်္ကြာလေးတွေကို ပစ်ပေါက်လိုက်ပြီး တစ်ဖက်ရန်သူကို လန့်သွားစေတဲ့တစ်ခဏအချိန်လေးကို အခွင့်ကောင်းယူပြီး တိုက်ကွက်ဆင်တာဖြစ်ဖြစ်၊ ထွက်ပြေးတာဖြစ်ဖြစ်၊ ပြုလုပ်နိုင်ဖို့အတွက် ဖန်တီးထားတဲ့လက်နက်လေးသာဖြစ်ပါတယ်။

လက်နက်သေးလေးသာဖြစ်တာကြောင့်လူကိုသေစေနိုင်ခြင်းမရှိသော်လည်း စင်္ကြာပေါ်မှာ အဆိပ်ပြင်းကိုသုတ်လိမ်းထားပြီး အသုံးပြုတဲ့နင်ဂျာတွေလည်းရှိခဲ့ပါတယ်။

 

Kunai (နင်ဂျာသုံးဓားမြောင်)

https://www.amazon.co.jp/1stモール-忍者の道具-イベント-白クナイ3本セット-ST-NINDOU-WH3/dp/B01ICJE94I

 

ဒါလေးကတော့လူတိုင်းမြင်ဖူးကြမယ်ထင်ပါတယ်, နာမည်ကြီးNarutoဇာတ်လမ်းထဲမှာခဏခဏကိုတွေ့မြင်ရတဲ့လက်နက်လေးနော်။

ဓားမြောင်အနေနဲ့သုံးတာအပြင်၊ နံရံကိုတက်တဲ့နေရာ၊ မြေကြီးကိုတွင်းတူးတဲ့နေရာတွေမှာလည်း အရေးပေါ်အကူပစ္စည်းအနေနဲ့ သုံးကြတာများပါတယ်။

 

Kakute (လက်စွပ်လက်နက်)

OLYMPUS DIGITAL CAMERA

 

http://one.swt-koubou.jp/ca6/67/

 

ထောင်ထွက်နေတဲ့ ဆူးချွန်တွေပါတဲ့လက်စွပ်ပုံစံလက်နက် ဖြစ်ပါတယ်။

နင်ဂျာက ဒီလက်စွပ်ကို လက်ကလယ်မှာဝတ်ပြီး ဆူးအချွန်ကိုတော့ လက်ဖဝါးရဲ့အတွင်းဘက်မှာ ဝှက်ထားကြပါတယ်။

ပြီးမှတစ်ဖက်ရန်သူရဲ့မျက်နှာတို့ လည်ပင်းတို့ ခြေထောက်တို့ကို ဖမ်းကိုင်ထားပြီးတော့ တိုက်ခိုက်တဲ့နေရာမှာသုံးတဲ့လက်နက်ဖြစ်ပါတယ်။

လက်နက်ကို ရန်သူဘက်ကမမြင်စေဘဲ ရုတ်တရက်ကြီးတိုက်ကွက်ဆင်နိုင်တာက ဒီ Kakute ရဲ့ သိသာထင်ရှားတဲ့အားသာချက်ဖြစ်ပါတယ်။

ဒါပေမယ့်လည်းထိခိုက်ဒဏ်ရာရစေမှု လျော့နည်းတဲ့အတွက် စင်္ကြာမှာသုံးခဲ့သလိုမျိုးပဲ အဆိပ်ပြင်းကိုသုတ်လိမ်းပြီး သုံးကြတာများပါတယ်တဲ့။

 

 

Metsubushi (မျက်လုံးကိုထိခိုက်စေသောလက်နက်ပုန်းများ)

http://www.uradoori.com/archives/30231543.html

ကြက်ဥဘဲဥတွေရဲ့အခွံ့တွေ ပြာမှုန့်၊ ငရုတ်ကောင်းမှုန့် ၊ရွှံ့၊ မြေမှုန့်ဖန်မှုန့်တွေကိုထည့်ရောနှောပြီး တစ်ဖက်ရန်သူကို ပစ်ပေါက်တဲ့ထူးခြားလက်နက်ဖြစ်ပါတယ်။

အင်မတန်ကိုရိုးရှင်းတဲ့လက်နက်ဖြစ်ပေမယ့် ဒီလက်နက်ဆန်းလေးနဲ့တိုက်ခိုက်လိုက်မယ်ဆိုရင်ဖြင့် တစ်ခဏတာလေးရန်သူရဲ့မျက်လုံးတွေကို မှိတ်သွားစေပြီး ဒီအခွင့်အရေးရတဲ့အချိန်လေးမှာ ထွက်ပြေးနိုင်ဖို့အတွက် အသုံးဝင်လွန်းတဲ့လက်နက်ပုန်းလေးပါ။

အခုခေတ်လက်နက်နဲ့နှိုင်းယှဥ်ပြရမယ်ဆိုရင်တော့ မျက်ရည်ယိုဗုံးလိုမျိုးပေါ့ ။

 

Nekote (ကြောင်လက်)

https://twitter.com/emonok1/status/1026334016679501824

 

ကြောင်လေးရဲ့လက်သည်းတွေနဲ့တူတဲ့ လူသတ်လက်နက်တစ်မျိုးဖြစ်ပါတယ်။

အသုံးပြုပုံကတော့ကြောင်ကလေးတွေကုတ်တဲ့အတိုင်းပါပဲ အားထည့်ပြီးကုတ်ခြစ်ချလိုက်တာပါ။ ကြောင်လက်မှာ အဆိပ်ပြင်းသာထည့်ထားလိုက်လို့ကတော့ သေစေနိုင်လောက်တဲ့အထိ တစ်ဖက်လူကိုဒဏ်ရာတွေဖြစ်စေနိုင်ပါတယ်။

 

Kusarigama

 

https://www.no1shop.jp/annai/omosiroguzzu/kukama.html

စိုက်ပျိုးရေးမှာသုံးတဲ့တံစဥ်းကို အလေးချိန်ပါတဲ့ချိန်းကြိုးနဲ့အတူချိတ်ဆက်ထားပြီး Damageပေးတဲ့လက်နက်ဖြစ်ပါတယ်။

Kusarigama အသုံးပြုနည်းလေးကတော့ ချိန်းကြိုးရဲ့အစွန်းတစ်ဖက်ကိုကိုင်ပြီးလေထဲဝှေ့ ပြီးရင် တံစဥ်းရှိနေတဲ့ဘက်ကိုအားနဲ့ တစ်ဖက်ရန်သူကိုပစ်ပေါက်လိုက်ရုံပါပဲ။

Kusarigama လေးရဲ့ တခြားအသုံးဝင်ပုံတွေရှိသေးတယ်နော်။

တစ်ဖက်ရန်သူရဲ့လက်နက်ကို ချိန်းကြိုးနဲ့ရစ်ပတ်ပြီး ပြုတ်ကျအောင် ဒါမှမဟုတ် လှုပ်ရှားလို့မရအောင်ပြုလုပ်လို့ရပါသေးတယ်။

ဒါ့အပြင် ရန်သူရဲ့လည်ပင်းတွေခြေထောက်တွေကို ချိန်းကြိုးနဲ့ရစ်ပတ်ထိန်းချုပ်ထားပြီး

ရစ်ပတ်ခံရတဲ့ အင်္ဂါအစိတ်အပိုင်းတွေကို တံစဥ်းနဲ့ဖြတ်ပစ်လိုက်တာနဲ့ နိဂုံးချုပ်ပေးလိုက်လို့လဲရပါတယ်။

နင်ဂျာလက်နက်တွေက အနီးသုံးအဝေးသုံးနှစ်မျိုးလုံး အဆင်ပြေတဲ့လက်နက်လို့ဆိုရမှာပါ။

နင်ဂျာတွေရဲ့ တိုက်ခိုက်ပုံနည်းလမ်းတွေကို လေ့လာကြည့်မယ်ဆိုရင် စာရေးသူတို့တွေးထားခန့်မှန်းထားတာနဲ့ နည်းနည်းကွာခြားနေတယ်နော်။

နင်ဂျာတွေက ပစ်မှတ်ထားတဲ့ရန်သူကို အသေသုတ်သင်ရှင်းလင်းဖို့က အဓိကဦးစားပေးဖြစ်လို့ပါ။ မြန်ဆန်ဖို့လည်း လိုအပ်သေးတယ်လေ။ ဒါကြောင့် တော်တော်လေးကိုရှုပ်ထွေးတဲ့ လက်နက်ဆန်းတွေနည်းပါးပြီး ရိုးရှင်းတဲ့လက်နက်၊ ရိုးရှင်းတဲ့တိုက်ခိုက်နည်းတွေကိုပဲ

၏အမြောက်အများတွေ့မြင်နေရခြင်းဖြစ်ပါတယ်။

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: