တိုကျိုမြို့ ကို စောင့်ရှောက်ပေးနေတဲ့ ဝိညာဥ်က ခေါင်း ပဲပါတယ် ဆိုပါ့လား ! ?

တိုက်ခိုက်နေရင်းနဲ့ အသတ်ခံလိုက်ရပြီး မကျေအေးပေးနိုင်တဲ့ အမုန်းတရား၊ ခေါင်းဖြတ်ခံရတဲ့အပြင် ခေါင်းနဲ့ ကိုယ် သက်သက်စီ အခွဲခံထားရ တဲ့ ထိုလူသား, “ထာအီရာ နော့ မာစာကဒိုး “

ထူးဆန်းစွာ နဲ့ ဖြတ်ခံလိုက်ရတဲ့ ခေါင်းက ကောင်းကင်ပေါ် ပျံသန်း ခဲ့တဲ့ အပြင်ကို ခေါင်းဖြတ်ခံရပြီး နောက်၃နှစ် အထိကို အသက်ဆက်ရှင်နေခဲ့တယ်လို့ အဆိုရှိနေတဲ့ နတ်တစ်ပါးလို့ဆိုပါတယ်။

ဒီလိုဂုဏ်ပုဒ်တွေနဲ့သူရဲ့ ဒဏ္ဍာရီ ကို အခုပြောပြပေးပါတော့မယ် ။

https://news.livedoor.com/首級は本当に飛んだのか?日本三大怨霊のひとつ、平将門「怨霊伝説」の元ネタを紹介【前編】/article/detail/16846384/

၉၁၀ ခုနှစ်လောက်က ဂျပန်ပြည်မှာ . . .

အတိအကျ အသေအချာ ကြီးတော့ မဟုတ်ပေမယ့် ဒီအချိန်ဝန်းကျင်လောက်မှာ  မာစာကဒို ကိုမွေးဖွားခဲ့ ပါတယ် ။

ရှိမိုးစ ခရိုင်၊ ယခုလက်ရှိ အိဘာရာကီခရိုင် လို့ အမည်တွင်တဲ့ ခရိုင်မှာ မွေးဖွားခဲ့တဲ့ သူက  ဂျပန်ဧကရာဇ်ရဲ့ သွေးသား လူကုံထန် တစ်ယောက်ဖြစ်ပါတယ် ။

လူကုံထန် တွေရဲ့ လမ်းစဥ် ကို လျှောက်လှမ်းနေတဲ့ သူက သူ့ ရဲ့ အဖေဧကရာဇ်ကြီး ကံကုန် ဆုံးပါးသွားတာနဲ့ သူ့ရဲ့ မွေးရပ်မြေ ကို ပြန်လာခဲ့ပါတယ်တဲ့ ။

 

ပြီးနောက်ချက်ချင်းပဲ သူ့အဖေ ရဲ့ ပိုင်ဆိုင်မှု တွေ တစ်နည်းအားဖြင့် နယ်မြေ တွေကို သူ့ မျိုးနွယ်တစ်ခုတည်းက လူတွေနဲ့ အတူတူ လျှောက်သွားပြီး တိုက်ပွဲတွေ ဆင်နွှဲခဲ့ပါတယ် ။ အဲ့ တိုက်ပွဲ တွေကလည်း တဖြည်းဖြည်းနဲ့ အရှိန်အဟုန်မြင့်လာခဲ့ ပါတယ် ။

 

မာစာကဒို ရဲ့ တိုက်ခိုက်ဖျက်စီးခြင်း ကိုခံရတဲ့ လူတွေက ကျိုတို ကိုသွားပြီးတော့ ,

“မာစာကဒို က ပုန်ကန်ဖို့ ပြင်ဆင်နေတယ် ! “

ဆိုပြီးတော့, လုပ်ကြံ သတင်းကို ပြောဆိုဖြန့်ဝေ နေ ကြတဲ့ အတွက် ကြောင့်, မာစာကဒို က သူကိုယ်တိုင်တောင်မသိလိုက်ခင်မှာပဲ,တကယ့်ကိုအာဏာရှင်တစ်ယောက်ဖြစ်မှန်းမသိဖြစ်လာခဲ့ရတယ် ။

ဒါပေမယ့် အပြစ်ကင်းစင်ကြောင်းပြသဖို့ရန်ကတော့ တိုက်ပွဲဝင်ပြီး အနိုင်ရဖို့ က လွဲပြီးအခြားမရှိခဲ့ဘူး ။

အဲ့အချက်ကိုပဲ ယုံကြည်ခဲ့တဲ့ မာစာကဒို က တိုက်ပွဲ တွေကိုပဲ ဆက်လက်ဆင်နွှဲ နေခဲ့တယ် , အောင်ပွဲ တွေလည်းပဲ ဆက်လာခဲ့တယ် ။

အဲ့တာနဲ့ပဲ ယခုလက်ရှိ ရှိဇူအိုးက လို့ အမည်တွင်နေတဲ့ နေရာအနီးတစ်ဝိုက်နားလေးအထိ ကို နယ်မြေ တွေသိမ်းပိုက်မိပြီးတဲ့အချိန်, သူ့အပိုင်နယ်မြေတွေက အဲ့ခေတ် ဂျပန်ပြည်ကြီးရဲ့ တစ်ဝက်နီးပါး ကို သိမ်းခဲ့ပြီး ဖြစ်နေခဲ့ ပါတယ်တဲ့ .

အဲ့တာတောင်မှ အပြစ်ကင်းသူ ဖြစ်မလာနိုင်သေး တဲ့ မာစာကဒို ပါ ။

နောက်ဆုံးတော့ နတ်ဆရာမ တွေရဲ့ ဟောကြားချက်တွေကိုခံယူပြီးတော့, ဂျပန်ဧကရာဇ် အသစ် အဖြစ် နန်းတက်ပြီး ပြည်သစ်ထူထောင်ခဲ့ပါတယ် ။

ဒီလိုမျိုးစစ်ဘုရင် မာစာကဒို တောင်မှ နောက်ဆုံး မှာ ကျရှုံးခဲ့ ရပါတယ် ။

https://news.livedoor.com/首級(しゅきゅう)は本当(ほんとう)に飛(と)んだのか?日本三大怨霊(にほんさんだいおんりょう)のひとつ、平将門「怨霊伝説」の元(もと)ネタ(ねた)を紹介(しょうかい)【前編】/article/detail/16846384/

 

သေစဥ်အချိန်တုန်းက အသက်၃၀ ဝန်းကျင် လောက်ပဲ ရှိဦးမယ် လို့ ဆိုကြတယ် ။

ဒီလိုတော်လွန်းတဲ့ဆာမူရိုင်း မာစာကဒို က တိုက်ပွဲမှာကျ ခေါင်းဖြတ်သတ်ခံရပြီးတော့, ခေါင်းနဲ့ ခန္ဓာကိုယ် ကို သက်သက်စီ ခွဲ ထားခံခဲ့ရပါတယ် ။

သူ့ကို ခေါင်းဖြတ် ပြီး ခေါင်းနဲ့ ကိုယ် သတ်သတ်စီခွဲပစ် ခဲ့ တဲ့ နေရာ မှာ ဒီလို ကြောက်စရာ ကောင်းတဲ့ အဖြစ်အပျက်တွေရှိ နေတယ် တဲ့ . . . ။

https://news.livedoor.com/首級は本当に飛んだのか?日本三大怨霊のひとつ、平将門「怨霊伝説」の元ネタを紹介【前編】/article/detail/16846384/

 

တိုက်ခိုက်နေတုန်းမှာ သေခဲ့တဲ့ မာစာကဒိုး

သူ့ အလောင်း ရဲ့ ခေါင်းကိုဖြတ်ပြီး , ကျိုတို မှာ ခေါင်းပြတ်ကြီးအဖြစ်ထားခဲ့ ကြတယ် ။

အဲ့ခေတ်တုန်းကတော့, ပြစ်မှုအကြီးကြီးတွေကို ကျူးလွန်ခဲ့တဲ့သူတွေ အပြစ်ပေးတဲ့ အခါ အခြားသူတွေ ကို နောက်ဒါမျိုးမကျူးလွန်အောင် နမူနာပြသတဲ့ အနေနဲ့ , ခေါင်းကိုဖြတ်ပြီး လူအများစည်ကားတဲ့ နေရာ မှာ ချိတ်ဆွဲပြသ ထားတတ်ကြတယ်တဲ့ ။

သို့ပေမယ့်လည်းမာစာကဒိုရဲ့ခေါင်းပြတ်ကြီးကတော့,အသက်ရှိနေသေးသလိုမျိုးဖြစ်နေသေးတယ် တဲ့ ။

တစ်ခါတစ်လေ, မျက်လုံးက ပွင့်လာတတ်တယ် ၊ပြီးတော့ မကျေနပ်ချက်တွေကို ပါးစပ်ကနေ တဖွဖွ တရစပ် ရွတ်နေလေရဲ့ ။

နောက်ပြီးတော့ သူ့ ခေါင်းကြီးက  , ဖြတ်ထားတဲ့ ခန္ဓာကိုယ် နဲ့ ပြန်ဆက်သွားလိုက် , သူလူ့ ဘဝတုန်းက ရန်သူ တွေကို သွေးကြွေး သွားတောင်းလိုက် , သူ့ ခေါင်းပြတ်ကြီးက လေထဲဝဲပျံ နေလိုက် , အမြင့်ကြီးပျံပြလိုက်နဲ့ . . . ပုံစံအမျိုးမျိုးနဲ့ ကို ခြောက်လှန့် နေခဲ့ တာပါတဲ့ ။

ခေါင်းဖြတ်ပြီး ပစ်ထားခံရတဲ့ သူ့ ခန္ဓာကိုယ် ကြီးကလည်း တဖြည်းဖြည်း နဲ့ လှုပ်ရှားလာပြီးတော့, ခေါင်းပြတ် ကြီးကို စတင်လိုက်ရှာ ပါတော့တယ်တဲ့ ။

ဒါပေမယ့် လည်း သူ့ အမုန်းတရားတွေလက်စားချေလိုစိတ်တွေက ရေရှည်မခံခဲ့ဘူး လို့ဆိုရမှာပါပဲ ။ ခေါင်းပြတ်ကြီး နဲ့ ခန္ဓာကိုယ် က လည်း တကယ်ချိတ်ဆက်နိုင်ခြင်းမရှိခဲ့တဲ့ အပြင် ခေါင်းပြတ်ကြီးဟာ တဖြည်းဖြည်း နဲ့ အားယုတ်သွားပြီးတော့ လေထဲပျံဝဲနေရင်း နဲ့ ပြုတ်ကျသွားခဲ့ပါတယ် ။

သူ့ ခေါင်းကြီးပြုတ်ကျသွားခဲ့တာကတော့ ဒီနေရာပဲ ဖြစ်ပါတယ် ။

တိုကျိုရဲ့ အိုအိုးတဲမြို့ မှာရှိတဲ့ “မာစာကဒို အုတ်ဂူ”

“ခေါင်းပြတ်အုတ်ဂူ” လို့ လဲ တစ်မျိုး ခေါ် လေ့ ရှိကြပါတယ် ။

https://news.livedoor.com/首級は本当に飛んだのか?日本三大怨霊のひとつ、平将門「怨霊伝説」の元ネタを紹介【前編】/article/detail/16846384/

 

ပြီးတော့ ခန္ဓာကိုယ်ပိုင်းကလည်း တကယ် တော့ ခေါင်းပြတ်ကြီး ရဲ့ အနီးနား အထိရောက်ခဲ့တဲ့ ပုံပေါ် ပါတယ် ။ ဘာလို့လဲ ဆိုတော့

တိုကျို ရဲ့ ခန်ဒ မြို့ နယ် မှာလည်း “ခန်ဒမျော နတ်ကွန်း”လို့ ခေါ်တဲ့ နတ်ကွန်းတစ်ခု ရှိတယ် တဲ့

https://haveagood.holiday/articles/570

 

ဒီနတ်ကွန်း ရဲ့ မြေနား မှာ ခန္ဓာကိုယ် က အားယုတ်ပြီး လဲကျသွားခဲ့တဲ့ ပုံပါပဲ ။

မာစာကဒို သေပြီးနောက်, ဂျပန်မှာ ပြင်းထန်တဲ့ ကပ်ရောဂါ ကြီး ဖြစ်ခဲ့ ပါတယ် တဲ့ ။

သေဆုံးမှု တွေလဲ တစ်ခုပြီးတစ်ခု ဖြစ်ပွားခဲ့ပြီးတော့, မာစာကဒို က ကျိန်စာတိုက်ခဲ့တာလို့ ပြောကြပါတယ် ။

လူတွေက ကျိန်စာ ကိုကြောက်ကြလွန်းလို့ အဲ့ခန္ဓာကိုယ်ကြီး လဲကျ သွားတယ်ဆိုတဲ့ နေရာ မှာပဲ ခန္ဓာကိုယ် ကြီး ကိုနတ်တစ်ပါး အဖြစ် ကိုးကွယ် ခဲ့ ကြပါတော့တယ်။

ထို့ နောက်တော့, “ခါရာဒမျောဂျင်း” (ခန္ဓာကိုယ်နတ်နန်း) လို့ အမည်တွင်ရာ ကနေပြီး တော့ ယခုအခါမှာတော့ “ခန်ဒမျောဂျင်း” လို့ ပြောင်းလဲ အမည်တွင်လျက်ရှိနေပါတယ်။

ယုံကြည် ပေးလို့ မရဘူး ဆိုပြီးတွေးနေတဲ့ လူ တွေလည်းရှိမှာ ဖြစ်ပေမယ့်, မာစာကဒို ရဲ့ ကျိန်စာ တွေက ဆက်ရှိနေသေးတဲ့ ပုံပါပဲ ။

တိုကျို မြို့ ကြီး ကို တုန်လှုပ် ခြောက်ခြားစေခဲ့ တဲ့ ၁၉၂၃ ခုနှစ်က ခန်တိုငလျင်အကြီးစားကြီး (The great Kanto Earthquake of 1923) လို့တောင်တင်စားခဲ့ကြပါတယ်။ ဒါက မာစာကဒို ရဲ့ ကျိန်စာကြောင့် တိုကျို ရဲ့ ဘေးဒုက္ခ ထဲ မှာအကြီးမားဆုံးပါ ။

ခေါင်းပြတ်အုတ်ဂူ ရှိနေတဲ့ အိုအိုးတဲမြို့နယ် မှာ ရှိတဲ့ ဘဏ္ဏာရေးဝန်ကြီးဌာန လည်းပဲ ငလျင်ကြီး ကြောင့် အဆောက်အအုံ တွေ ပြိုလဲကျခဲ့ပါတယ် တဲ့ ။

ပြိုလဲသွားတဲ့ မူလ အဆောက်အအုံကို ပြန်လည် တည်ဆောက်နေတုန်းမှာလဲ , ခေါင်းပြတ်ကြီးကိုဖျက်ဆီးမိသလိုဖြစ်သွားခဲ့လို့ , တည်ဆောက်နေဆဲ လုပ်ငန်းခွင်၂ နှစ် အတွင်းမှာကိုပဲ ပြိုလဲသွားတဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန အဟောင်းအပါအဝင် ဆောက်လုပ်ဆဲ ဘဏ္ဍာရေးဝန်ကြီးဌာန အသစ် က တာဝန်ရှိသူ တွေ စုစုပေါင်း ၁၄ဦး တောင် သေဆုံးခဲ့ပါတယ် တဲ့ ။

ဒါ့အပြင်ကိုပဲ ဒဏ်ရာရ တဲ့သူ ဖျားနာ တဲ့သူ တွေလည်း တရစပ် ကို ပေါ်ပေါက်နေခဲ့ တာပါ ။

အဲ့အခါ မှ အရမ်းကို ထိတ်ထိတ်ပြာပြာ ဖြစ်လာကြပြီးတော့ ဆောက်လက်စ ဘဏ္ဍာရေးဝန်ကြီးဌာန ကိုပြန် ဖြိုဖျက် , ခေါင်းပြတ်အုတ်ဂူကြီးကို ပြန်လည် နေရာချ ကြရ အောင်ဆိုပြီး ခေါင်းပြတ်ကြီးနဲ့ သက်ဆိုင်တဲ့ အရာ အားလုံးကို မူလ နေရာမှာ ပြန်ထားခဲ့ကြပါတယ် ။

ပိုဆိုးတာတွေ က ဆက်ဆက်ပြီးတော့ ကို ဖြစ်ပွားနေပါသေးတယ် တဲ့ ။

ဒုတိယကမ္ဘာစစ် ကြီးပြီးဆုံးသွားတော့ , အမေရိကန်စစ်သားတွေက ခေါင်းပြတ်အုတ်ဂူကြီးကို ယူပြီးဖျက်ဆီးတဲ့ အချိန်တုန်းက လည်း ထူးဆန်းစွာနဲ့ ကရိန်းကားကြီးတိမ်းစောင်းမှောက်သွားလို့ ယာဥ်မောင်းသေဆုံးသွားတဲ့ အက်စီးဒန့် ဖြစ်ပွားခဲ့လို့ ဆောက်လုပ်ရေးတစ်ခုလုံး ဖျက်ပစ်လိုက် ရတဲ့ အဖြစ်အပျက်လည်း ရှိနေပြန်ပါတယ် ။

ထပ်ပြီး ထူးဆန်းတာတွေ က ဖြစ်နေပါသေးတယ် ။ ခေါင်းပြတ်အုတ်ဂူ ရဲ့ မြေနေရာတစ်စိတ်တစ်ပိုင်းကိုဝယ်ယူ ပြီး အဆောက်အအုံ ဆောက်ကာ ဘဏ်တစ်ခု အနေနဲ့ လုပ်ကိုင်ခဲ့ပေမယ့် ဘဏ်ဝန်ထမ်းအများအပြား ရောဂါနဲ့ ဆေးရုံတင်လိုက်ရတဲ့ အဖြစ်အပျက်လည်း ဖြစ်ပွားခဲ့ပါသေးတယ် ။ အဲ့တုန်းကလည်း ကြောက်ကြောက်နဲ့ ဝိညာဥ်သန့်စင်ပွဲ တွေ လုပ်လိုက်ရသေးတယ် တဲ့ ။

https://www.travel.co.jp/guide/article/9868/

အထက်ပါအကြောင်းအရာတွေအပြင်ကို,ကျိန်စာနဲ့ပတ်သက်တဲ့အကြောင်းတွေကိုလူပြောများလာပြီးတော့ ခေါင်းပြတ်ကြီးနဲ့ ဘေးချင်းကပ်တိုက်တွေ က တာဝန်ရှိသူတွေက  ရုတ်တရက် ခေါင်းပြတ်ကြီးနဲ့ မတွေ့မိအောင် ပြတင်းပေါက်တွေ ကိုအမြဲပိတ်ထားဖို့ ညွှန်ကြားထားတာတွေတောင်ရှိတယ် ဆိုပဲ ။

ဒီလိုနဲ့ နှစ် (၁၀၀၀) လောက်ကြာသွားတာတောင် မပြေပျက်နိုင်သေးတဲ့ သူ့ရဲ့ အငြိုးတရားတွေဖြစ်ပါတယ်။

ဒါပေမယ့်လည်း အခုဆိုရင်တော့ သူ့ကို နတ်တစ်ပါးအဖြစ်သတ်မှတ်ပြီးတော့ စစ်ရဲ့နတ်ဘုရားတစ်ပါးလို့ တောင် ကိုးကွယ်နေကြပြီ ဖြစ်တယ် ။

မာစာကဒို ရဲ့အငြိုးကြီးတဲ့ဝိညာဥ် ဟာ တိုကျိုမှာ ဆိုရင်တော့ တိုကျိုမြို့ ရဲ့ ကြောက်ရတဲ့ အရေးကြီး နတ်ဘုရားတစ်ပါးအနေနဲ့တောင် ကိုးကွယ်ခံနေရပါပြီ  ။

ဒီလိုမျိုး ရန်လည်းပြု စောင့်လည်းစောင့်ရှောက်တယ် လို့ သတ်မှတ်ခံရတဲ့ နတ်ဘုရားဟာ ဂျပန်မှာ တော်တော်ရှားပါးပါတယ် ၊၊

ဂျပန်ရဲ့ NHK ဆိုတဲ့ TV Channel က တောင်မှ မာစာကဒိုး အကြာင်း ဒရမ်မာ ရိုက်ခဲ့ပါသေးတယ်တဲ့ ။

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: