ဂျပန်နိုင်ငံရဲ့အန္တရာယ်အရှိဆုံးဘူတာ

ဖွံ့ဖြိုးပြီးနိုင်ငံတွေထဲမှာ ဂျပန်နိုင်ငံရဲ့ရထားလမ်းဟာ အဖွံ့ဖြိုးဆုံးဖြစ်တာကြောင့် တိုကျိုမြို့၊အိုဆာကာမြို့ စတဲ့မြို့ပြဒေသတွေမှာ ကားတွေထက် ရထားတွေကို အဓိကအနေနဲ့အသုံးပြုပြီး သွားလာနေကြပါတယ်။

ရထားလမ်းက တစ်ကြိမ်တည်းနဲ့ လူတွေအများကြီးကိုပို့ဆောင်ပေးနိုင်လို့ အရမ်းကိုအဆင်ပြေပြီး တစ်ဖက်မှာမတော်တဆမှုတွေများနေတာကလည်း ပြဿနာတစ်ခုဖြစ်ပါတယ်။

သွားနေတဲ့ရထားကို ဝင်တိုက်မိရင် တော်တော်များများကတော့ ပွဲချင်းပြီးသေကြတာများပါတယ်။

နောက်ပြီး ရထားလမ်းကြောင်းတွေ ရပ်တန့်သွားတဲ့အခါ အခက်အခဲတွေကြုံရပါတယ်။

အစွန်နားကိုသွားရင်အန္တရာယ်ရှိလို့ အဝါရောင်လိုင်းကိုမကျော်ဘဲ အတွင်းဘက်မှာပဲရပ်ပါ ဆိုတာကိုလည်း ထပ်ခါတလဲလဲ ကြေငြာနေပါတယ်။

https://www.tokyo-np.co.jp/article/feature/tsearch/list/CK2019021002000156.html

 

နောက်ပြီး မျက်လုံးမမြင်တဲ့သူတွေအတွက် မျက်မမြင်သင်္ကေတအဖုအထစ်လေးတွေပါတဲ့ ကြွေပြားတွေကို အသုံးပြုထားတာပြီး ဒီထက်ကျော်ပြီး ဆက်မလျှောက်သွားနဲ့ဆိုတဲ့ အဓိပ္ပာယ်နဲ့ဖော်ပြထားတာဖြစ်ပါတယ်။

ဒါပေမယ့် ဒီလိုမျိုးပြောလို့မရတဲ့ ရထားဘူတာတွေလည်းရှိပါတယ်။

အိုဆာကာမြို့ မြောက်ဘက်ပိုင်းမှာရှိတဲ့ 中津駅(なかつえき)Nakatsu ဘူတာ ဖြစ်ပါတယ်။

နေရာကကျဥ်းလွန်းလို့ ဒီလိုပုံစံမျိုးဖြစ်နေပါတယ်။

https://www.tokyo-np.co.jp/article/feature/tsearch/list/CK2019021002000156.html

 

ကျဥ်းလိုက်တာနော်။

အဝါရောင်လိုင်းတစ်လိုင်းနဲ့တစ်လိုင်းကြားမှာ လူတစ်ယောက်စာလေးပဲ ရပ်လို့ရလောက်အောင် ကျဥ်းပါတယ်။

လူနည်းတဲ့ဘူတာတွေဆိုရင်တော့ ကိစ္စမရှိပေမယ့် ဒီဘူတာမှာ စီးတဲ့သူတွေများလို့ အတက်အဆင်းအမြဲတမ်းတိုးနေရပါတယ်။

ဝင်ပပေါက်ထွက်ပေါက်အတွက်လှေကားကလည်း တစ်ခုတည်းပဲရှိလို့ ဒါကလည်း တကယ်တော့အန္တရာယ်များပါတယ်။

အဲ့ဒီကနေထွက်လာတဲ့သူနဲ့ ရထားဂိတ်ကိုသွားတဲ့သူတစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင်ဖြတ်လျှောက်ရပါတယ်။

တစ်ယောက်နဲ့တစ်ယောက်တိုက်မိရင်းနဲ့လည်း ရထားလမ်းပေါ်ပြုတ်ကျသွားနိုင်ပါတယ်။

စကားမစပ် မသန်စွမ်းတဲ့သူတွေလည်းရထားစီးနေတော့ …. ဘယ်ကနေသွားလဲမသိဘူးနော် ? ? ?

အမှိုက်ပုံးကလည်း လူရပ်တဲ့နေရာကျဥ်းကျဥ်းလေးမှာ ထားထားပါတယ်။

https://www.tokyo-np.co.jp/article/feature/tsearch/list/CK2019021002000156.html

 

ရထားဘူတာတော်တော်များများမှာရှိတဲ့ ခုံးလေးတွေက ဒီလိုလေးတွေရှိနေပါတယ်။

https://www.tokyo-np.co.jp/article/feature/tsearch/list/CK2019021002000156.html

 

ထိုင်လို့လည်းမရဘဲ မှီရုံလေးပဲမှီလို့ရပါတယ်။

နှစ်ဘက်လုံးမှာ ရထားဆိုက်တဲ့အခါ ဒီလိုပုံစံမျိုးဖြစ်နေပါတယ်။

https://nikkan-spa.jp/1610715/2

ခုလတ်တလော ရထားဘူတာတွေတော်တော်များများမှာ ပြုတ်ကျသေဆုံးမှုတွေမရှိဖို့အတွက် တံခါးလေးပဲဖွင့်လို့ရအောင် ဒီလိုမျိုးတွေလုပ်ထားပေးပါတယ်။

http://mirai-report.com/blog-entry-949.html

 

ဒါကြောင့် အဲ့ဒီဘူတာကျဥ်းလွန်းလို့ ဒီလိုတံခါးမျိုးလည်းတပ်လို့ မရဘူးဆိုတာမျိုး …

ဘာလို့ ဒီလိုဘူတာတွေမှာမရှိရတာလဲနော် ?

ဂရုတစိုက်နဲ့စီစဥ်ပြီး အလုပ်လုပ်တတ်တယ်ဆိုတဲ့ ဂျပန်လူမျိုးတွေရဲ့ပုံရိပ်တွေက မှုန်ဝါးဝါးဖြစ်နေတယ်နော်။

စကားမစပ် အဲ့ဒီဘူတာနားမှာ နေထိုင်တဲ့သူတွေများပေမယ့် မူးနေရင်ရထားမစီးဘူးလို့ပြောတဲ့သူတွေ တော်တော်လေးများပါတယ်။

မြန်မာနိုင်ငံရဲ့ရထားလမ်းတွေမှာလည်း အန္တရာယ်ကင်းဖို့ အများကြီးလုပ်ဆောင်ရဦးမယ်နော် …

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: