ဆောင်းတွင်းမှာလုပ်သင့်တဲ့ ကြောင်ကလေးတွေ ဖယ် ဖယ်

ဂျပန်နိုင်ငံရဲ့ဆောင်းရာသီက တော်တော်လေးကိုအေးပါတယ်။

လူတွေမှမဟုတ်ဘဲ ကြောင်ကလေးတွေကလည်း အအေးဒဏ်ကို အရမ်းကြောက်ကြပါတယ်။

အအေးသက်သာတဲ့နေရာလေးများမရှိဘူးလား ? ဆိုပြီး နွေးတဲ့နေရာကိုရှာရင်း ကြောင်လေးတွေက ကားအောက်ထဲကို ဝင်သွားတတ်ကြပါတယ်။

ကားရပ်ခါစမှာ အင်ဂျင်ဟာ အနွေးဓာတ်တွေရှိနေလို့ ကားအောက်ထဲကို သူတို့လေးတွေ ဝင်သွားကြတာဖြစ်ပါတယ်။

https://jafmate.jp/blog/kurunandesu/180223-7.html

ဒီလိုအချိန်မှာ မသိဘဲ ရုတ်တရက် ကားမောင်းထွက်သွားမယ်ဆိုရင် သူတို့အတွက် အန္တရာယ်ရှိတယ်နော်။

အဲဒီအပြင် ကားရပ်တာကြာလို့ နည်းနည်းအေးလာပြီဆိုရင်တော့ နွေးတဲ့နေရာကိုလိုက်ရှာရင်း ဒီလိုနေရာတွေနဲ့…

https://www.google.com/url?sa=i&rct=j&q

ဒီလိုနေရာတွေအထိရောက်အောင် တိုးပြီး ဝင်သွားတတ်ကြပါတယ်။

https://notissary.net/2019/01/20/猫バンバンとは一体何なのか/

https://grapee.jp/403796

 

အနွေးဓာတ်တွေရရှိနိုင်တာ မှန်ပေမယ့်လည်း ဒီတိုင်းသာ ကားကိုစက်နှိုးလိုက်မယ်ဆိုရင် ကြောင်ကလေးတွေညှပ်ပြီး သေသွားနိုင်ပါတယ်။

သေးသေးလေးဆိုပေမယ့် သူတို့လေးတွေရဲ့အသက်ကလည်း အရေးကြီးတယ်လေနော်။

ဒီလိုမျိုးတွေမဖြစ်ဖို့ ကြောင်ကလေးတွေ ဖယ် ဖယ်ဆိုတဲ့ နည်းလမ်းလေးကို အသုံးပြုကြမယ်နော်။

လုပ်ရမယ့်နည်းလမ်းက လွယ်လွယ်လေးပါ။

ကားထဲမဝင်ခင် ကားဘောနက်ကို ဘုန်း ဘုန်း ဆိုပြီး ပုတ်လိုက်ပါ။

ကားပိန်သွားတဲ့အထိ ထုစရာမလိုပေမယ့် အသံကျယ်ကျယ်ထွက်အောင်တော့ ပုတ်ရမယ်နော်။

ကြောင်လေးတွေက အသံကျယ်ကြီးကိုကြားလို့ လန့်ပြီးအပြင်ထွက်လာပါလိမ့်မယ်။

ဒီလိုလေးလုပ်ရုံနဲ့ အသက်တွေကို ကယ်တင်ပေးနိုင်ပါတယ်။

အခုဆို မြန်မာနိုင်ငံအထက်ပိုင်းမှာလည်း တဖြည်းဖြည်းနဲ့ အေးလာပါပြီ။

ကားထဲမှာ ကြောင်လေးတွေအပြင် လမ်းမှာနေရှိတဲ့ ခွေးတွေ၊ အခြားတိရိစ္ဆာန်လေးတွေလည်း ရှိကောင်းရှိနေမှာနော်။

ဒါကြောင့် အေးတဲ့ရာသီတွေမှာ ကားထဲမဝင်ခင် ကြောင်လေးတွေဖယ်ဖယ် ဆိုတဲ့နည်းလမ်းကို လုပ်ဖို့မမေ့နဲ့နော်။

https://www.google.com

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: