နှင်းထူထပ်စွာကျတဲ့ဒေသတွေမှာ လုပ်ရတဲ့ စိတ်ဝင်စားစရာကောင်းတဲ့အလုပ်

တကယ်တော့ ဒီလိုမြင်ကွင်းဟာ မြင်ရသူအတွက် လှတယ် ဆိုပေမယ့် အဲဒီဒေသမှာနေထိုင်သူတွေအတွက်တော့ အဆင်မပြေတာတစ်ချို့ရှိနေပါတယ်။

https://d1d7kfcb5oumx0.cloudfront.net/articles

အရမ်းအေးလွန်းတဲ့အတွက် ကျန်းမာရေး အဝတ်အစားက အစဂရုစိုက်ရတာမျိုးပေါ့။ ဒါတွေက သာမန်အတိုင်းတွေးကြည့်နိုင်ပေမယ့် လူတွေသတိမထားမိတဲ့ အချက်တစ်ခုလည်းရှိပါသေးတယ်။ဒါကတော့ နေအိမ်ခေါင်မိုးနဲ့ ပတ်ဝန်းကျင်က နှင်းထုကို မကြာခဏရှင်းပေးရတာပါပဲ။

တစ်ခါတစ်ရံ နှင်းအရမ်းထူထပ်စွာကျတဲ့ အချိန်မျိုးဆိုရင် အိမ်ခေါင်မိုးပေါ်မှာ နှင်းတွေက တဖြည်းဖြည်းနဲ့ သိပ်သည်းလေးလံလာပါတယ်။ ထူထပ်တဲ့ နှင်းထုရဲ့အလေးချိန်ကို အိမ်ခေါင်မိုးက ကြာကြာမခံနိုင်ပဲ ပြိုကျပျက်စီးသွားမှာဖြစ်ပါတယ်။ အဲဒါကြောင့် ခေါင်မိုးပေါ်ကနှင်းတွေကို ကိုယ်တိုင်ရှင်းတာပဲဖြစ်ဖြစ် ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီကိုချိတ်ဆက်ပြီးတော့ပဲဖြစ်ဖြစ် ရှင်းလင်းရပါတယ်။

အိမ်ခေါင်မိုးသာတင်မဟုတ်ပဲ နေအိမ်အနီးဝန်းကျင်က နှင်းတွေကိုလည်း သွားရေးလာရေး အနှောက့်အယှက်မဖြစ်ဖို့ ရှင်းပေးရပါတယ်။ နှင်းရှင်းလင်းရေးလုပ်ရင်းနဲ့ ‌ခြေချော်ကျတာ ကိုယ်ခံအားမကောင်းလို့ အပင်ပန်းမခံနိုင်လို့ စသည်ဖြင့် အကြောင်းအမျိုးမျိုးကြောင့် သေဆုံးရသူတွေ ရှိတယ်လို့လည်း မှတ်သားရဖူးပါတယ်။ ဗဟုသုတအဖြစ် အောက်က Link ထဲမှာဗွီဒီယိုနဲ့ ပုံလေးတွေကို လေ့လာကြည့်ရအောင်နော်။

https://youtu.be/dSh7ZoDUGks

ရထားလမ်းတွေခုတ်မောင်းနိုင်ဖို့အတွက် Russell

နေအိမ်ပေါ်က နှင်းတွေကိုတော့ လူအင်အား ဒါမှမဟုတ် စက်ကိရိယာသုံးပြီး ရှင်းထုတ်လို့ရပေမယ့် ရထားလမ်းပေါ်ကနှင်းတွေကိုတော့ ပုံမှန်အတိုင်းရှင်းထုတ်လို့မရပါဘူး။ အခြေအနေအလိုက် ရှင်းလင်းတဲ့နည်းလမ်းနဲ့ စက်ပစ္စည်းအမျိုးမျိုးရှိတဲ့အထဲက Russell ဆိုတဲ့ယာဉ်အကြောင်းလေးမျှဝေချင်ပါတယ်။ မြန်မာလိုတော့ လွယ်လွယ်ကူကူ နှင်းခွဲရထားလို့ တင်စားချင်ပါတယ်။ ဒီရထားရဲ့ လုပ်ဆောင်ချက်ကတော့ ပုံမှန်ခရီးသည်တင်ဆောင်တဲ့ရထားတွေ မပြေးဆွဲမီမှာ ရှေ့ပြေးအနေနဲ့ ပြေးဆွဲပြီး ရထားလမ်းပေါ်က နှင်းထုကြီးကို သူ့ရဲ့ဦးပိုင်းနဲ့ ထိုးခွဲပြီး လမ်းရှင်းပေးတာ ဖြစ်ပါတယ်။ ဒီဗွီဒီယိုလေးကိုလည်း ရှုစားကြည့်ပါအုံးနော်။

https://youtu.be/4_18p8JvTLk

Russell ကြီးက အားမာန်အပြည့် အရှိန်အဟုန်နဲ့ ခုတ်မောင်းသွားတဲ့ ဗွီဒီယိုကိုကြည့်ရင်း မိမိခန္ဓာကိုယ်ထဲမှာပါ ခွန်အားနဲ့ တက်ကြွမှု‌တွေကူးစက်လာသလို ခံစားရပါတယ်။

နှင်းတွေနဲ့လှပနေတဲ့ ဂျပန်နိုင်ငံကြီးမှာ နှင်းတွေကိုပြန်လည်ဖယ်ရှားဖို့ကလည်း အရေးကြီးတယ်နော်။

Cherry

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: