ဆေးလိပ်သောက်တဲ့သူတွေ ဂျပန်နိုင်ငံ သွားမယ်ဆိုရင်!!!

ဆေးလိပ်သောက်သူတွေအရမ်းများတဲ့ မြန်မာနိုင်ငံမှာ ဘယ်နေရာမဆို ဆေးလိပ်သောက်လို့ရနေတာက မထူးဆန်းဘူးလို့ ထင်စရာရှိပေမယ့် တခြားနိုင်ငံရောက်တဲ့အခါ ဒုက္ခအကြီးအကျယ်ရောက်မှာနော်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ စင်္ကာပူနိုင်ငံတွေမှာလည်း ဆေးလိပ်သောက်ခြင်းအတွက် တော်တော်လေးတင်းကျပ်တဲ့စည်းကမ်းတွေ သတ်မှတ်ထားပြီးတော့ တိုကျိုမှာလည်း အရမ်းကိုပြောင်းလဲနေပါပြီ။

ပိုမိုကျန်းမာစေရန်ပြုပြင်ပြောင်းလဲလိုက်သည့်လမ်းစဥ် ဆိုတဲ့စည်းကမ်းချက်ကို တိုကျိုမြို့အတွင်းရှိ မြို့နယ်၊ ရပ်ကွက်အသီးသီးမှာ 2020 ခုနှစ် 4 လပိုင်းကနေစပြီး လိုက်နာကျင့်သုံးစေခဲ့ပါတယ်။

စားသောက်ဆိုင်၊ ရုံးခန်းစတဲ့ အခန်းတွင်းတွေမှာဆိုရင် များသောအားဖြင့် ဆေးလိပ်မသောက်ရဧရိယာတွေ ဖြစ်သွားပါပြီ။

လာမယ့်နှစ်မှာ ဖွင့်လှစ်ကျင်းပမယ့် တိုကျိုအိုလံပစ်ပွဲတော်အချိန်ဆိုရင် ကမ္ဘာတစ်၀ှမ်းကဧည့်သည်တွေ စု၀ေးရောက်ရှိလာကြမှာ ဖြစ်ပါတယ်။

အဲဒီအချိန်မှာ ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်ပေါ်လာမယ့် ဆိုးကျိုးတွေကို ပပျောက်စေဖို့ ရည်ရွယ်တာဖြစ်ပါတယ်။

ဆေးလိပ်သောက်ခြင်းကြောင့် အဆုတ်ကင်ဆာလိုမျိုးဆိုးကျိုးတွေ ဖြစ်နိုင်ခြေများပြီး ကျန်းမာရေးကို ပျက်စီးစေတယ်ဆိုတာ စာဖတ်သူတို့အားလုံးလည်းသိပြီးဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ဒီဆိုးကျိုးတွေက ဆေးလိပ်သောက်သူ ကာယကံရှင်တစ်ဦးတည်းကိုပဲ ထိခိုက်စေတာမဟုတ်ပါဘူး။

အနီးနား၀န်းကျင်မှာရှိတဲ့လူတွေကလည်း အလိုအလျာက် ဆေးလိပ်မီးခိုးတွေကိုရှုရှိုက်မိပြီး ဆေးလိပ်သောက်သလိုဖြစ်သွားပါတယ်။

ကိုယ့်သဘောနဲ့ကိုယ်သောက်တာဖြစ်တဲ့အတွက် ဆိုးကျိုးကိုခံစားရတဲ့ ကာယကံရှင်အတွက်တော့ မကျေနပ်စရာမရှိပေမယ့် ဘေးချင်းကပ်ခုံကလူရဲ့ ဆေးလိပ်ငွေ့ကြောင့် မသောက်တဲ့လူတွေကပါ ကျန်းမာရေးထိခိုက်ရတယ်ဆိုတာကိုတော့ နားလည်လက်ခံပေးနိုင်စရာအကြောင်းမရှိပါဘူး။

အထူးသဖြင့် အခန်းတွင်းမှာဆိုရင် လေထုအနည်းငယ်ပဲရှိတာကြောင့် ဆေးလိပ်မီးခိုးငွေ့ကို ရှုသွင်းမိကြမှာသေချာပါတယ်။

ဘယ်လိုအကြောင်းပြချက်ပဲရှိရှိ ဆေးလိပ်သောက်ချင်တဲ့လူက အပြင်မှာ ထားရှိသတ်မှတ်ပေးထားတဲ့ ဆေးလိပ်သောက်ရမယ့်နေရာကိုရှာပြီး အဲဒီမှာပဲသောက်ရပါမယ်။

http://kokubunji-life.blog.jp/archives/15867478.html

 

အခန်းအပြင်ဘက်မှာဆိုပြီးတော့လည်း လမ်းလျှောက်ရင်းနဲ့ ဆေးလိပ်သောက်တာ၊ ဆေးလိပ်အစီခံကို လမ်းပေါ်မှာပစ်ချခဲ့တာတွေမလုပ်ဖို့လည်း တင်းကျပ်စွာတားမြစ်ထားပါတယ်။  သတ်မှတ်ထားတဲ့နေရာမှာသောက်ပြီး အစီခံတွေကိုလည်း ညွှန်ပြထားတဲ့နေရာမှာ သေသေချာချာစွန့်ပစ်တာ ဒါမှမဟုတ် အိတ်ဆောင်ဆေးလိပ်ပြာခွက်နဲ့ အိမ်ကိုပြန်သယ်သွားရမှာပါနော်။

ဒီထက်ပိုပြီး တင်းကျပ်တဲ့စည်းကမ်းသတ်မှတ်ထားတဲ့နေရာတွေလည်း ရှိပါသေးတယ်။

အဲဒါကတော့ နရခရိုင်၊ အိခိုမမြို့ရဲ့ မြို့တော်ခန်းမမှာပါ။ ဒီမြို့တော်ခန်းမထဲက ဓာတ်လှေကားကို ဆေးလိပ်သောက်ပြီး 45 မိနစ်ကြာထိ မသုံးရဘူး ဆိုတဲ့ စည်းကမ်းထုတ်ထားပါတယ်။ ဆေးလိပ်သောက်တုန်းက မီးခိုးတွေက အ၀တ်အစားမှာ စွဲကျန်နေတာကြောင့် ဖြစ်ပါတယ်။

ဆေးလိပ်နံ့က သေချာပေါက် သောက်တဲ့လူရဲ့ အ၀တ်အစားမှာကျန်နေခဲ့မှာပဲလေ။

ဂျပန်နိုင်ငံမှာ ဆေးလိပ်သောက်တဲ့လူတွေအတွက် တဖြည်းဖြည်းနေရာမရှိတော့ပါဘူး။ ဆေးလိပ်သောက်တတ်တဲ့သူတွေ ဂျပန်နိုင်ငံသွားမယ်ဆိုရင် ပိုပြီးဆင်ခြင်ဂရုတစိုက်နေနိုင်ဖို့ အသိပေးတင်ပြလိုက်ပါတယ်နော်။

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: