တစ္ဆေ၊ သရဲ တွေအကြောင်း စိတ်ဝင်စားတဲ့သူတို့ရေ ဒီလိုကင်မရာမျိုးလိုချင်လား ?

အဟောင်းပစ္စည်းတွေကို အရောင်းအဝယ်ပြုလုပ်တဲ့ Hard Off ဆိုတဲ့ဆိုင်မှာ ရောင်းချလျှက်ရှိတဲ့ကင်မရာတစ်လုံးက နည်းနည်းထူးဆန်းနေပါတယ်။

https://buzzmag.jp/archives/210818

 

ဓာတ်ပုံစာရွက်ပေါင်းများစွာနဲ့ စမ်းသပ်ရိုက်ကူးခဲ့ပြီး သရဲပုံလာပေါ်နေတာကြောင့် လက်ရှိမှာ တခြားသူလက်ထဲရောင်းချပေးပါမယ်။

 

ဘယ်လိုကြီးလဲ… ဒီသတိပေးစာက ကြောက်စရာကြီး ….

ဒီလိုရေးထားတော့ရော ဝယ်ချင်တဲ့လူရှိပါ့မလား?

မြန်မာလူမျိုးတွေထဲမှာလည်း သရဲကားအရမ်းကြိုက်တဲ့သူတွေများတာကြောင့် မြန်မာနိုင်ငံမှာဆို ရောင်းရမယ်ထင်တယ်နော်?

ဂျပန်နိုင်ငံမှာ တစ္ဆေ၊ သရဲတွေနဲ့ သက်ဆိုင်တဲ့ တခြားပစ္စည်းတွေလည်းရှိပါတယ်။

တစ်ခါတည်း မိတ်ဆက်ပေးလိုက်မယ်နော်။

သရဲတွေရှိနေလားဆိုတာကို အတည်ပြုပေးမယ့် Baketan

https://room.rakuten.co.jp/mad_cawaii/1700000428555299

 

Baketan ဆိုတာက သရဲရှာဖွေတဲ့စက်ဖြစ်ပါတယ်။ နာမည်အတိုင်းပဲ သရဲ၊တစ္ဆေ စတဲ့မကောင်းဆိုးဝါးတွေ အနားမှာရှိ မရှိကို သိနိုင်မှာဖြစ်ပါတယ်။ ခလုတ်ကိုနှိပ်လိုက်လို့ အစိမ်းရောင်လင်းနေတယ်ဆိုရင် ဘာမှမရှိဘူးဆိုတဲ့ ပုံမှန်အခြေအနေဖြစ်ပါတယ်။ မမြင်နိုင်တဲ့အရာတွေရှိ မရှိဆိုတာကို အရောင်နဲ့ ဖော်ပြပေးပါတယ်။

ဒီထက်ပိုပြီး အံ့သြစရာကောင်းတာက အနီရောင်ဆိုရင် ကြောက်စရာကောင်းတဲ့ တစ္ဆေသရဲတွေရှိနေပြီး အပြာရောင်ဆိုရင် ကိုယ့်ကိုကာကွယ်ပေးမယ့် ချစ်စရာကောင်းတဲ့ တစ္ဆေသရဲဆိုပြီး ခွဲခြားဖော်ပြပေးတဲ့အချက်ပါ။ တစ္ဆေတွေရှိမရှိကို ထောက်လှမ်းနိုင်တာကိုက တော်တော်လေး ထူးဆန်းနေတာဖြစ်ပြီး အဲဒီအပြင် သရဲကောင်းလား သရဲဆိုးလား ဆိုတာကို ထပ်ပြီးခွဲခြားဖော်ပြပေးတယ်ဆိုတာ ထူးဆန်းကမ္ဘာပါပဲ။

 

သရဲတွေကို ရှာတွေနိုင်တဲ့ App

https://blog.goo.ne.jp/maduka/e/ca291b266025a7d6120e423c74607a5a

 

ကဲ…. နောက်တစ်ခုကတော့ ယုံတောင်မယုံချင်တော့ဘူးနော်။

ဒါကတော့ Ghost Radar Classic ဆိုတဲ့ smart phone application ပါ။

ခုနတုန်းကစက်လိုမျိုး ဒီအတွက်သီးသန့်ပြုလုပ်ထားတဲ့စက်ပစ္စည်းတွေဆိုရင် အထူးအာရုံခံကိရိယာတွေ သုံးထားတာြဖစ်ကောင်းဖြစ်ပေမယ့် Smart Phone နဲ့ဆိုရင်တော့ ….

ဘယ်အာရုံခံကိရိယာက အလုပ်လုပ်ပေးနေလို့ သရဲရှိမရှိ သိနိုင်တာပါလိမ့်နော်။

အပေါ်မှာပြောခဲ့တဲ့စက်နဲ့ မတူတာကတော့ သရဲတွေရဲ့ ပါဝါအားကောင်းမကောင်းကို ခွဲခြားတဲ့ အရောင်ဖော်ပြချက်ဖြစ်ပါတယ်။ အစိမ်းဆိုရင် အားနည်းပြီးတော့ အနီဆိုရင် အားကောင်းတာဖြစ်ပါတယ်။

 

EMF Meter

https://blog.goo.ne.jp/maduka/e/ca291b266025a7d6120e423c74607a5a

 

ဒီဇိုင်းနည်းနည်းမိုက်တဲ့ စက်ပစ္စည်းလေးတစ်ခု ထွက်ပေါ်လာခဲ့ပါပြီ။

Electromagnetic field (EMF)ကို ရှာဖွေတဲ့စက်ဖြစ်ပါတယ်။ Ghost Hunter  တွေရဲ့အဆိုအရ သရဲတွေဆီက လျှပ်စစ်သံလိုက်စက်ကွင်းတွေ ထွက်တယ်လို့ဆိုပါတယ်။ ဒါကြောင့် လျှပ်စစ်သံလိုက်စက်ကွင်းကို အာရုံခံနိုင်ရင် သရဲတွေရှိနေတာကို တွေ့ရမှာဖြစ်ပါတယ်။

ဘာရယ်မဟုတ်ပေမဲ့ ဒီစက်လေးက ဒီဇိုင်းလည်း တော်တော်မိုက်ပြီး သဘောတရားကလည်း လက်ခံနိုင်စရာဆိုပေမယ့်  Ghost Hunter ဆိုတာဘာများလဲ ? ?

ဒီစက်တစ်လုံးကို ယန်း ၁ သောင်းလောက်ရှိပါတယ်။

ဒီပစ္စည်းတွေအပြင် ရေဒီယိုကြိမ်နှုန်းကတစ်ဆင့် သရဲတွေနဲ့ထိတွေ့နိုင်တဲ့ ပစ္စည်းကိရိယာတွေ၊ သရဲတွေထွက်လာတဲ့အချိန်မှာ ပတ်ဝန်းကျင်ရဲ့အပူချိန်နည်းနည်းကျသွားတာကို အာရုံခံတဲ့ကိရိယာ၊ သာမန်မျက်စိနဲ့မမြင်နိုင်တဲ့ အနီအောက်ရောင်ခြည်နဲ့ လှိုင်းတိုခရမ်းလွန်ရောင်စဥ်တွေသုံးပြီး သရဲတစ္ဆေတွေရဲ့ ပုံရိပ်ပေါ်အောင်လုပ်တဲ့ ဗွီဒီယိုကင်မရာ စတာတွေလည်း ပေါ်နေပြီနော်။

စာဖတ်သူတို့ရော ညသန်းခေါင်မှာ ဒီလိုပစ္စည်းမျိုးတွေနဲ့ တစ်ယောက်ထဲနေရဲကြလား ?

စာရေးသူကတော့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: