ဝိတ်လျှော့လိုသူတွေအတွက် VR လာပါပြီ

ဂိမ်းဆော့ဖို့တင်မဟုတ်ဘဲ VR、Virtual Reality ကို ဆေးကုသမှုဆိုင်ရာလေ့လာမှုအပါအဝင်  အမျိုးမျိုးသော လှုပ်ရှားမှုတွေမှာ အသုံးပြုဖို့ ရည်ရွယ်ထားပါတယ်။

ဒါပေမယ့် ဗီဒီယိုကိုဒီအတိုင်းကြည့်နေရရုံနဲ့တော့ တကယ့်စစ်မှန်တဲ့ခံစားချက်ကို တော်တော်နဲ့ ခံစားနိုင်မှာမဟုတ်ပါဘူး။

လူသားတွေဟာ လက်နှင့်ထိတွေ့ရတဲ့ခံစားမှုအာရုံ၊ အနံ့ခံအာရုံတွေကို ခံစားတုံ့ပြန်ပြီး အဲဒီအာရုံတွေကို ပေါင်းစပ်လိုက်မှသာ ပြင်ပမှာအရှိအတိုင်း ခံစားသိရှိတာဖြစ်ပါတယ်။

ဒါဆို အနံ့တွေရတဲ့ VR ကဘယ်လိုမျိုးပါလိမ့်?

အနံ့ရရင် အရသာကရောပြောင်းသွားမှာလား ?

https://grapee.jp/716581

ဒါကတော့ အနံ့တွေထွက်နိုင်တဲ့ VAQSO VR ဖြစ်ပါတယ်။

https://grapee.jp/716581

လူသားတွေဟာ နှာခေါင်းနဲ့လျှာ တစ်ခုခုမှာအာရုံခံစားမှုမရှိဘူးဆိုရင် အရသာကိုမသိနိုင်ဘူးလို့ပြောပါတယ်။

အဲဒါနဲ့ VR ဗီဒီယိုကိုကြည့်ရင်း သောက်စရာတစ်ခုခုကိုကိုင်၊ ထွက်လာတဲ့အနံ့ကိုခံစားရင်းနဲ့ သောက်သုံးရတဲ့ VAQSO VR ကို လက်တွေ့စမ်းသပ်ခဲ့ပါတယ်။

https://grapee.jp/716581

 

တကယ့်တော့ လက်ထဲကို သကြားထည့်ထားတဲ့ရေခဲရေတစ်ခွက် ပေးထားတာဖြစ်ပါတယ်။

ဗီဒီယိုထဲမှာတော့ စတော်ဘယ်ရီသီးပုံဗွီဒီယိုကိုပြပြီး စတော်ဘယ်ရီအနံ့သင်းသင်းလေးထုတ်လွှတ်ပေးလိုက်တော့ ထူးဆန်းစွာပဲ “စတော်ဘယ်ရီဖျော်ရည်အရသာကို ခံစားမိတယ်” ဆိုပါလား။

ပြီးရင် နောက်တစ်ခွက်ပြောင်းလိုက်ပါမယ်။

ဒီတစ်ခါတော့ ခုနတုန်းကခွက်ထဲမှာပဲ သခွားမွှေးသီးအနံ့နဲ့ အစိမ်းရောင်ဗီဒီယိုဆိုပြီး ဆက်တင်ချိန်ပေးလိုက်တော့…. အရသာကပြောင်းလဲသွားပါပြီ။

နောက်ထပ် စမ်းသပ်မှုတစ်ခုအနေနဲ့ အရသာဘာမှမထည့်ထားတဲ့ ခေါက်ဆွဲပန်းကန်ကိုပေးပြီး အရသာရှိလှတဲ့ ရာမန်ခေါက်ဆွဲတွေကို ပြထားတဲ့ စမ်းသပ်မှုကို ပြုလုပ်ခဲ့ပါတယ်။

https://www.youtube.com/watch?time_continue=56&v=BJaQ5IF6iEI

 

ဒါဆို တကယ့်ရာမန်ခေါက်ဆွဲပဲစားလိုက်ရင် ပြီးနေတာပဲ မဟုတ်လား?

 

သင်လည်းဒီလိုတွေးမိမယ်ထင်ပါတယ်။

အဲဒီအတွက်ရည်ရွယ်တာမဟုတ်ပါဘူး။

ဥပမာ ဝိတ်ချနေတဲ့သူတွေအတွက်ပေါ့။

ရာမန်ခေါက်ဆွဲကို အရမ်းကြိုက်ကြတဲ့သူတွေမှာ ၀ိတ်မချရင် ကျန်းမာရေးအတွက် အန္တရာယ်ရှိတဲ့လူတော်တော်များများရှိပါတယ်။

“ဒါပေမယ့် အရမ်းကြိုက်တဲ့ရာမန်ခေါက်ဆွဲကိုတော့ စားချင်နေမိတယ် ….”

တကယ်တော့ ကျန်းမာရေးအတွက်ကောင်းတဲ့ ခေါက်ဆွဲအလွတ်ကိုပဲစားတာ ပိုကောင်းပါတယ်။

ဒါပေမယ့် စားချင်တာက ရာမန်ခေါက်ဆွဲဆိုတော့ ဒီလောက်နဲ့ စိတ်ကျေနပ်နိုင်မှာမဟုတ်ပါဘူး။

ဒီ VR နဲ့သာဆိုရင် ခေါက်ဆွဲအလွတ်စားနေပေမယ့် ရာမန်ခေါက်ဆွဲစားလိုက်ရတယ်ဆိုတဲ့ ကျေနပ်တဲ့အရသာကို ခံစားစေနိုင်ပါတယ်။

ဝိတ်ချဖို့တစ်ခုတည်းတင် မဟုတ်ပါဘူး။

အနာဂတ်မှာ တွင်ကျယ်လာတော့မယ့် အာကာသခရီးစဥ်မှာ စားကောင်းသောက်ဖွယ်တွေကို သယ်ဆောင်သွားဖို့ဆိုတာကလည်း ပြဿနာတစ်ခုဖြစ်ပါတယ်။

 

စားစရာတွေကို အတုံးအခဲ၊ အရည်တွေအဖြစ်နဲ့ သေသေချာချာထုတ်ပိုးပြီးယူသွားရင် ရပေမယ့် အရသာကိုပြည့်ပြည့်၀၀ခံစားလို့တော့ မရနိုင်ပါဘူး။

ဒါကို VR နဲ့ ဖြည့်ဆည်းလိုက်မယ်ဆိုရင် စိတ်ကျေနပ်မှု အပြည့်အ၀ရရှိစေနိုင်မှာဖြစ်ပါတယ်။

အာကာသ ရက်ရှည်ခရီးစဥ်မှာ အစားကောင်းတွေအသောက်ကောင်းတွေ စားသောက်နိုင်အောင် ဖန်တီးပေးနိုင်မယ်ဆိုရင် စိတ်ဖိစီးမှုတွေကိုလည်း လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် VR ထဲမှာ ပစ္စည်းတွေကို ထိတွေ့ကိုင်တွယ်နိုင်တဲ့ လက်တွေ့စမ်းသပ်မှုတွေကိုလည်း

အောက်က ဗီဒီယိုထဲမှာ ကြည့်ရှုနိုင်ပါတယ်နော်။

https://www.youtube.com/watch?v=chBv4aK080Q

https://www.youtube.com/watch?v=e9kcg2JvGnI

ကောင်မလေးအနံ့ရတဲ့ VR ဆိုတာကရော ဘယ်လိုမျိုးလဲ ?

ဆန့်ကျင်ဘက်ခံစားချက်ဆိုပေမယ့် ဦးလေးကြီးတွေရဲ့အနံ့ကို ကောင်မလေးတွေရဲ့အနံ့အဖြစ် ပြောင်းလဲစေမှာဖြစ်ပါတယ်။

မျက်လုံးက မြင်နေရတာကို ၊ လျှာနဲ့အရသာခံတယ်လို့ ထင်ထားခဲ့ပေမယ့် အနံ့၊ အသံ တို့နဲ့ အရသာခံလို့ရတယ်နော်။

ဘာကအစစ်လဲဆိုတာကို မသိနိုင်တဲ့ခေတ်ကို ရောက်လာပြီထင်ပါတယ်။

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: