အရသာရှိမယ့်ပုံပေါ်လို့ဆိုပြီး ပြင်သစ်သူလေးကို သတ်စားလိုက်သူ

1981 ခုနှစ်တုန်းက ပြင်သစ်ဘွဲ့လွန်တက္ကသိုလ်မှာတက်ရောက်နေတဲ့ အသက် 32 နှစ်အရွယ်ရှိတဲ့ ဂျပန်လူမျိုး ဆဂ၀ ခဇုမဆ ဟာအမျိုးသမီးတစ်ဦးကို သတ်ဖြတ်ပြီး စားလိုက်တယ်ဆိုတဲ့ သတင်းဟာ ကမ္ဘာတစ်၀ှမ်းကို ထိတ်လန့်ဖွယ်ရာပျံ့နှံ့ခဲ့ပါတယ်။

ဒီဓာတ်ပုံထဲက လူဟာ ဆဂ၀ ခဇုမဆ ဖြစ်ပါတယ်။

https://www.excite.co.jp/news/article/Bunshun_12747/?utm_source=news_i&utm_medium=mail&utm_campaign=fromapp

 

သူဟာအိမ်ကိုအလည်လာတဲ့ အသက် 25 နှစ်အရွယ် ဒတ်လူမျိုး ပညာတော်သင်ကျောင်းသူ ရုနဲဆိုတဲ့ ကောင်မလေးကို နောက်ကျောကနေ သေနတ်နဲ့ပစ်သတ်ခဲ့ပါတယ်။ အဲဒီနောက်မှာ သူဟာ ကောင်မလေးရဲ့အလောင်းကို အပိုင်းပိုင်းဖြတ်ပြီး လွှင့်ပစ်မလို့ လုပ်တာကိုတွေ့သွားကြပြီး အဖမ်းခံလိုက်ရတာပါ။

တစ်ကမ္ဘာလုံး အံ့အားသင့်တုန်လှုပ်သွားတာကတော့ သူဟာအလောင်းရဲ့ တစ်စိတ်တစ်ပိုင်းကို စားလိုက်တယ် ဆိုတဲ့အချက်ပါပဲ။

တစ်ချို့ကို မီးကင်ပြီး စားတဲ့အပြင် အစိမ်းအတိုင်းစားလိုက်တဲ့ အပိုင်းတောင် ရှိတယ်ဆိုပါလား။

ဘာလို့စားလိုက်တာလဲ။ ဘာလို့ကောင်မလေးကို သတ်ဖြတ်ရတာလဲ ဆိုတဲ့မေးခွန်းအပေါ် သူ့ရဲ့တုံ့ပြန်ဖြေဆိုချက်က

 

သူမဟာ အရမ်းကို အရသာရှိမယ့်ပုံပေါ်လို့ စားချင်လို့သတ်လိုက်တာပါ။

လို့ပြန်ဖြေခဲ့ပါတယ်။

ထပ်ပြီးတော့ အခုလိုပြောပါသေးတယ်။

 

ကျွန်တော့်အတွက်တော့ လိင်ပိုင်းဆိုင်ရာ တောင့်တမှုနဲ့ အစားအသောက်ပိုင်းဆိုင်ရာ တောင့်တမှုက အတူတူပါပဲ။ ငယ်ရွယ်တဲ့မိန်းကလေးကို မြင်လိုက်မိရင် စားချင်စိတ်တွေဖြစ်လာတော့တာပါပဲ။ ဒီလိုတောင့်တမှုဟာ ကျွန်တော်တစ်ယောက်ထဲမှာ ရှိတာမဟုတ်ပါဘူး။ မိန်းမချောလေးတွေကို မြင်လိုက်တဲ့ယောကျ်ားတိုင်းက ကိုက်စားချင်ကြမယ် ထင်တာပဲ။

 

အဖမ်းခံလိုက်ရတဲ့ ဆဂ၀ ခဇုမဆဟာ စိတ်ပိုင်းဆိုင်ရာချို့ယွင်းချက်ရှိသူဖြစ်တဲ့အတွက် ပြစ်ဒဏ်မခံရပဲ စိတ်ကျန်းမာရေးဆေးရုံမှာ ကုသမှုခံယူခဲ့ပါတယ်။

အဲဒီနောက် ဂျပန်နိုင်ငံကို ပြန်လာပြီး သူကျုးလွန်ခဲ့တဲ့ အမှုအကြောင်းကို “မြူနှင်းများကြားတွင်” ဆိုတဲ့၀တ္ထုအဖြစ် ရေးသားထုတ်၀ေခဲ့ပါတယ်။

အခုဆိုရင် သူဟာ အသက် 70 ရှိပါပြီ။

သက်ကြီးပင်စင်ယူပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေ ခံယူလျှက်ရှိပါတယ်။ အကျဥ်းထောင်ထဲမှာ မဟုတ်ဘဲ ပုံမှန်လူတွေနဲ့ အခုလို ရောနှောနေထိုင်နေတာ တော်တော့်ကို …..

အဲဒါကြောင့် သူဟာ သူတိတ်တဆိတ်ရိုက်ကူးထားတဲ့ ရုပ်ရှင်ကို လူထုကြားထဲကို ဖွင့်ချပြသလိုက်ပါတယ်။

“ပြင်သစ်သူလေးကို သတ်ဖြတ်စားသောက်မှု 38 နှစ်မြောက်ရဲ့  အမှန်တရား”

ဒီရုပ်ရှင်ထဲမှာတော့ သူဟာအဲဒီအချိန်တုန်းက သူ့ရဲ့စိတ်ကို ဖွင့်ပြောခဲ့ပါတယ်။

ဒီရုပ်ရှင်ဟာလည်း သူအရင်တုန်းက ရေးခဲ့ဖူးတဲ့၀တ္ထုလိုပဲ ၀င်ငွေတွေ အများကြီးရခဲ့ပါတယ်။ အစိုးရကထောက်ပံ့ပေးတဲ့ ပင်စင်ငွေနဲ့တင် သူ့ရဲ့စား၀တ်နေရေးက ပြည့်စုံနေပြီးဖြစ်ပါတယ်။ အသတ်ခံလိုက်ရတဲ့ မိန်းကလေးနဲ့ သူမမိသားစုကတော့ ဒီလိုဖြစ်ရခြင်းကို ဘယ်လိုများ နားလည်ခွင့်လွှတ်ပေးနိုင်ပါ့မလဲနော်။

စာဖတ်သူတို့ကရော ဘယ်လိုထင်လဲဆိုတာ ပြောခဲ့ကြပါဦးနော်။

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: