ဂျပန်-ကိုးရီးယားကြား မကောင်းတဲ့ဆက်ဆံရေးအတွက် ကြိုးစားပေးကြသူများ

သမိုင်းမှာတုန်းက ပြဿနာတွေအပါအဝင် သတိထားမိသလောက်တော့ ဂျပန် နဲ့ ကိုးရီးယားတို့က ဘယ်တုန်းကမှ ကိုက်ညီမှုမရှိခဲ့ကြပါဘူး။

အခုချိန်ထိလည်း အသေးစားထိတွေ့မှုတွေများနေခဲ့ပေမယ့် လက်ရှိမှာလည်း ဆက်ဆံရေးတွေကြဲနေတုန်းပါပဲ။

https://imgc.eximg.jp/cv/resize?

ဘယ်ဘက်ကကောင်းပြီးတော့ ဘယ်ဘက်ကမှန်လဲဆိုတာထက် အစိုးရတွေကြားထဲကလက်ရှိအခြေအနေမှာတော့ စကားပြောတဲ့အခါ အရာအားလုံးအပေါ်ရပ်တည်ပေးခြင်းမရှိဘဲ ဖြေရှင်းပေးတာမျိုးလည်းမရှိပါဘူး။

ဒီလိုတွေကြားထဲမှာ တစ်ယောက်တည်းနဲ့ လှုပ်ရှားမှုတွေပြုလုပ်တဲ့လူတွေရှိပါတယ်။

ဘာသာစကားမတူညီတဲ့နိုင်ငံမှာ နားလည်အလွယ်ဆုံးနဲ့ free hug လို့ဖော်ပြထားပါတယ်။

ဂျပန်တွေကို ကန့်ကွက်တဲ့လူတွေကြားထဲမှာ ဂျပန်လူမျိုးတစ်ယောက်အနေနဲ့ ပွေ့ဖက်ဖို့အတွက်မေးမြန်းခဲ့ပါတယ်။

https://www.youtube.com/watch?v=nyQ5YCsAq2w

ဂျပန်ကန့်ကွက်သူတွေ့ဆုံပွဲမှာ တစ်မျိုးပြောရမယ်ဆိုရင် ဂျပန်နိုင်ငံကိုမကျေနပ်တဲ့လူတွေအများကြီးထဲမှာ ရဲစွမ်းသတ္တိနဲ့ လှုပ်ရှားဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

သတင်းတွေမှာလည်း ထည့်သွင်းဖော်ပြခံခဲ့ရပါတယ်။

ကိုးရီးယားနိုင်ငံရဲ့ ဘူဆန်မြို့မှာလည်း ပွေ့ဖက်ခြင်းကိုလုပ်ဆောင်ခဲ့ပါတယ်။

https://www.youtube.com/watch?v=Ca9oQcjsz9I

ကိုးရီးယားလူမျိုးတွေကလည်း ကြိုးစားလျက်ရှိပါတယ်။

ကိုးရီးယားနိုင်ငံဘူတာမှာ ကြီးပြင်ခဲ့တဲ့ ကိုးရီးယားလူမျိုးစစ်ဖြစ်ပါတယ်။

ကလေးဘဝကတည်းကနေ ဝယ်ယူခဲ့တဲ့ Gundam Plastic Model ကို အရမ်းကြိုက်ပြီး အဲ့ဒီကနေ ဂျပန်နိုင်ငံကို သဘောကျကာ ဂျပန်စကားကိုလေ့လာသင်ယူခဲ့တာဖြစ်ပါတယ်။

နောက်ပြီး ကိုးရီးယားနဲ့ ဂျပန်နိုင်ငံတို့ရဲ့သမိုင်းပညာရေးမှာ သင်ကြားပေးနေတာက လုံးဝကွဲပြားနေတာကို သိခဲ့ရပါတယ်။

ဘယ်ဘက်က လိမ်နေတယ်ဆိုတဲ့ပြဿနာကို သူတို့ကိုယ်တိုင်လည်း မခွဲခြားနိုင်ဘူးဆိုပေမယ့် တစ်ယောက်ချင်းစီစွမ်းဆောင်နိုင်မယ့်အရာ တစ်ခုခုမရှိဘူးလားဆိုတဲ့အခါ ဂျပန်နိုင်ငံမှာ ပွေ့ဖက်နှုတ်ဆက်မှာတွေ သွားလုပ်ခဲ့ကြတာဖြစ်ပါတယ်။

https://www.youtube.com/watch?v=aDkzLUfubrM

နိုင်ငံအသီးသီးရဲ့ ပြည်သူတွေက တစ်ဦးချင်းအနေနဲ့ ကြိုးစားပြီးလုပ်ဆောင်လျက်ရှိပါတယ်။

ဂျပန်အစိုးရရော တောင်ကိုးရီးယားအစိုးရရော အထူးတလည် အပေးအယူတွေလုပ်ကြရမှာမဟုတ်ဘဲ ရိုးသားဖြောင့်မတ်တဲ့ နှလုံးသားနဲ့ စကားပြောစေချင်မိပါတယ်။

ဂျပန်နိုင်ငံကနေ အနီးဆုံးနိုင်ငံကတော့ ကိုးရီးယားနိုင်ငံဖြစ်ပါတယ်။

ပိုပြီးတော့ ရင်းနှီးတဲ့ဆက်ဆံရေးတွေကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: