မုန်တိုင်းကြီးပြီးနောက် ဂျပန်လူမျိုးတွေဘယ်လိုအလုပ်သွားလဲ?

မဖြစ်တာကြာပြီဖြစ်တဲ့ Kanto ဒေသမှာ လေပြင်းမုန်တိုင်းကြီး တိုက်ခတ်ခဲ့ပါတယ်။

မီးလည်းပျက်၊ သစ်ပင်တွေတော်တော်များလည်း လှဲကျပျက်စီးခဲ့ပြီး ရထားတွေကလည်း ရပ်တန့်သွားခဲ့ပါတယ်။

ဒါပေမယ့် အမြန်ဆုံးဖယ်ရှားရှင်းလင်းရေးလုပ်ပြီး အချိန်အနည်းငယ်အကြာမှာ ရထားတွေလည်း ပြန်လည်ထွက်ခွာခဲ့ပါတယ်။

ဒါတွေကို ပြန်လည်ထူထောင်ဖို့အတွက် ဂျပန်နိုင်ငံအနေနဲ့ အရမ်းကိုမြန်ဆန်ပါတယ်။

နောက်ထပ် အံ့သြစရာကောင်းတာက စတင်လှုပ်ရှားမယ့်ရထားတွေကို စောင့်ဆိုင်းနေတဲ့ ခရီးသည်တွေဖြစ်ပါတယ်။

ဒါကတော့ Chiba ခရိုင်ရဲ့ Tsudanuma ဘူတာရဲ့ပုံဖြစ်ပါတယ်။

http://blog.livedoor.jp/dqnplus/archives/1993687.html

ဒီလူတန်းကြီးက တစ်ခုခုရောင်းနေလို့ တန်းစီနေတာမဟုတ်ဘူးနော်။

စတင်ရွေ့လျားတဲ့ရထားတွေကို စီးဖို့အတွက် တန်းစီနေကြတာဖြစ်ပါတယ်။

တခြားဘူတာတွေမှာဆိုလည်း အတူတူပါပဲ။

Hamadayama ဘူတာ

http://blog.livedoor.jp/dqnplus/archives/1993687.html

 

Hiratsuka ဘူတာ

http://blog.livedoor.jp/dqnplus/archives/1993687.html

 

Kamata ဘူတာ

http://blog.livedoor.jp/dqnplus/archives/1993687.html

အဲ့ဒီလောက်ထိတန်းစီနေတာက ပြေးဆွဲမယ့်ရထားတောင် ပျက်စီးသွားတဲ့ထိ ပိတ်ကျပ်နေမယ် ထင်တယ်နော်။

ဒီလိုပိတ်ကျပ်နေတာစီးဖို့အတွက်၊ မဟုတ်သေးဘူး ဘူတာထဲရောက်ဖို့ဆိုရင် အနည်းဆုံး ၁ နာရီကျော်လောက်တော့ တန်းစီရမယ်မဟုတ်ဘူးလား ? မယုံနိုင်စရာပဲနော်။

အစာသယ်လာတဲ့ ပုရွက်ဆိတ်လေးတွေလို့တောင် မြင်ယောင်မိပါတယ်။

ဒီလောက်ထိ ရုံးကိုမဖြစ်မနေသွားဖို့မလိုဘူးထင်တယ်နော် ?

အလုပ်တွေအရမ်းများနေတယ်ဆိုရင်လည်း မနက်ဖြန်၊ မနက်ဖြန်အချိန်ပိုဆင်းပြီး လုပ်ရင်ပိုမကောင်းဘူးလား?

အရေးပေါ်အခြေအနေရောက်နေတာကြောင့် ဧည့်သည်တွေလည်း နားလည်ပေးနိုင်မယ်မဟုတ်ဘူးလား ?

လူတိုင်းမှာရှိတဲ့အချိန်တွေက နှမြောစရာကောင်းလွန်းလို့ အိမ်မှာနေပြီး အလုပ်လုပ်တာက ပိုပြီးအကျိုးမရှိဘူးလား ?

လို့ပြောချင်တာတွေအများကြီးထွက်လာခဲ့ပေမယ့် ဒါက ဂျပန်နိုင်ငံရဲ့မြင်ကွင်းဖြစ်ပါတယ်။

ဂျပန်လူမျိုးတွေက အလုပ်ချည်းပဲလုပ်နေတယ်ဆိုတာ မကြာခဏကြားဖူးပေမယ့် ဒါကနည်းနည်းတော့မှားနေတယ်နော်…

ဒါပေမယ့် ဒီလိုလူတွေက အခုရဲ့  ဂျပန်ဆိုတာယုံအောင် လုပ်ပြနေတဲ့လူတွေပါပဲ။

တကယ်ကို “အံ့ဩစရာပဲ ….. ” ဆိုတာကလွဲပြီးပြောစရာမရှိတော့ပါဘူး …

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: