ဂျပန်နိုင်ငံကနေ လူကုန်ကူးခံရတဲ့ ခရယူခိစံ

ဟိုးရှေးရှေးတုန်းက ဂျပန်နိုင်ငံမှာ တရုတ်နိုင်ငံကို 唐(とう)တိုး လို့ခေါ်ပြီး အိန္ဒိယကို 天竺(てんじく)တန်းဂျိခု လို့ခေါ်ခဲ့ကြပါတယ်။

အဲ့ဒီစကားလုံးက ကျယ်ပြန့်လာခဲ့ပြီး နိုင်ငံခြားသားတွေဆိုရင် တိုး ဆိုတဲ့အခေါ်အဝေါ်ဖြစ်လာခဲ့တာဖြစ်ပါတယ်။

ဒီကြားထဲမှာ ၁၉ ရာစုနှောင်းပိုင်းလောက်မှာ ဂျပန်နိုင်ငံကနေပြီး ပေါ်ထွက်လာခဲ့တဲ့ အရှေ့အာရှနှင့်အရှေ့တောင်အာရှမှာ ပြည့်တန်ဆာအနေနဲ့ လုပ်ကိုင်နေကြတဲ့ မိန်းကလေးတွေရှိပါတယ်။

အမည်ဝှက်နဲ့ “からゆきさん” ခရယူခိစံ လို့ခေါ်ပါတယ်။

https://matome.naver.jp/odai/2147479086824685101

 

“からゆきさん” ခရယူခိစံ ရဲ့မူရင်းက တိုးကိုသွားတဲ့လူ ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။ 唐(とう)တိုး ကိုနောက်တစ်မျိုး 唐い(からい)ခရအိ လို့လည်း ခေါ်ပါတယ်။

နိုင်ငံခြားသွားတဲ့လူလို့ ပြောရာကနေ အဲ့ဒီစကားလုံးပေါ်လာခဲ့တာဖြစ်ပါတယ်။

တစ်ချိန်တုန်းက ဂျပန်နိုင်ငံရဲ့ ဆိုင်တွေမှာ ပြည့်တန်ဆာလုပ်ငန်းတွေက တရားဥပဒေအရ စီမံခန့်ခွဲနေတာဖြစ်ပါတယ်။

အဲ့ဒီမှာ အလုပ်လုပ်နေတဲ့ မိန်းကလေးတွေ တော်တော်များများက ပိုက်ဆံအခက်အခဲကြောင့် ရောင်းစားခံခဲ့ရတဲ့ကောင်မလေးတွေဖြစ်ပါတယ်။

မိသားစု၊ မိဘ၊ မောင်နှမ စတဲ့သူတွေအတွက် ကြိုးစားပြီး အလုပ်လုပ်နေကြတာဖြစ်ပြီး မိဘကျေးဇူးဆပ်တဲ့ ပုံစံတွေကို မြင်တွေ့ရတာဖြစ်ပါတယ်။

https://matome.naver.jp/odai/2147479086824685101

ဆင်းရဲတဲ့မိသားစုတွေမှာ ကြီးပြင်းလာခဲ့ရတဲ့ မိန်းကလေးတွေက စကားလုံးတွေကို ရေးနိုင်ဖတ်နိုင်ခြင်းမရှိဘဲ တခြားလုပ်စရာအလုပ်အကိုင် ထွေထွေထူးထူး မရှိတာကလည်း ဝမ်းနည်းစရာအကြောင်းအရာ တစ်ခုဖြစ်ပါတယ်။

ခရယူခိစံ တွေ တော်တော်များများကလည်း ဆင်းရဲတဲ့အိမ်တွေကနေ ပိုက်ဆံပေးဝယ်ခံရတဲ့ မိန်းကလေးတွေဖြစ်ပါတယ်။

သမီးပိုင်တဲ့ဆင်းရဲတဲ့အိမ်တွေကို လှည့်လည်ပြီး သမီးဝယ်ပေးတဲ့ အလုပ်အကိုင်တွေလည်း ရှိခဲ့တဲ့ပုံပါပဲ။

 

နောက်ပြီးတော့ စင်္ကာပူစတဲ့ ဟော်တယ်တွေကို သွားရောက်နိုင်ဖို့အတွက် နိုင်ငံခြားကုန်တင်သင်္ဘောကြီးတွေနဲ့ တင်ပေးလိုက်ပါတယ်။

အဲ့ဒီအတွက်ကျသင့်တဲ့ကုန်ကျစရိတ်ကတော့ ယန်း ၅၀၀ ဖြစ်ပြီး အခုချိန်ပြောမယ်ဆိုရင် ယန်း သောင်း ၅၀၀ လောက်ကို အကြွေးအနေနဲ့ ကောင်မလေးတွေကိုနိုင်ငံခြားမှာ ပိုက်ဆံရှာပြီး ပြန်ဆပ်ခိုင်းပါတယ်။

ခရယူခိစံတွေ သွားရောက်တဲ့နိုင်ငံတွေကတော့ စင်ကာပူ၊ တရုတ်၊ ဟောင်ကောင်၊ ဖီလစ်ပိုင်၊ ထိုင်း၊ အင်ဒိုနီးရှား စတဲ့နိုင်ငံတွေဖြစ်ပါတယ်။

စီးပွားရေးလုပ်ဖော်ကိုင်ဖက်တွေကတော့ အာရှနိုင်ငံတွေကို ကိုလိုနီတွေ အုပ်ချုပ်ခဲ့တဲ့ အနောက်တိုင်းသား စစ်သားတွေဖြစ်ပါတယ်။

ဝေးလံတဲ့နေရာတွေမှာ အာဖရိရဲ့ တန်ဇန်နီးယား မှာလည်း ခရယူခီစံတွေ ရှိခဲ့ပါတယ်။

အဲ့ဒီမှာခုထိလည်း ကျန်ရှိနေသေးတဲ့ ခရယူခိစံတွေရဲ့ နေအိမ်တွေဖြစ်ပါတယ်။

https://matome.naver.jp/odai/2147479086824685101

လွန်ခဲ့တဲ့နှစ် ၅၀ ကျော်အထိ ခရယူခိစံတွေ ရှိခဲ့တဲ့ပုံပါပဲ။

ဘာကြောင့်ကမ္ဘာပေါ်မှာ ခရယူခိစံတွေက နာမည်ကြီးခဲ့ရတာလဲ ?

ဒါကတော့ ဂျပန်မလေးတွေရဲ့ စိတ်ကျေနပ်စရာအချက်တွေ ရှိတဲ့ပုံပါပဲ။

သံယောဇဥ်မထားတတ်ပဲ ချက်ချင်းအဲ့ဒီဘဝကို နေသားကျခြင်း

ပိုက်ဆံကို လိုတာထက်ပိုပြီး တက်မက်မှုမရှိခြင်း

မခိုးမဝှက်ခြင်း

ကြင်နာတတ်ခြင်း

ဒီလိုအကြောင်းအရာတွေက ကမ္ဘာပေါ်မှာကျယ်ပြန့်လျက်ရှိပြီး လိုချင်တဲ့သူတွေကလည်း များလာခဲ့တာဖြစ်ပါတယ်။

မှောင်ခိုလှေတွေနဲ့ ရောက်တဲ့နေရာမှာ စိတ်ပျက်အားငယ်ပြီး ကိုယ့်ကိုယ်ကို သတ်သေခဲ့တဲ့လူတွေလည်း တော်တော်များပါတယ်။

ဒါပေမယ့် သမီးမိန်းကလေးတော်တော်များများက ဒီလိုခြိမ်းခြောက်ခံရပြီး ကိုယ့်ကိုယ်ကို မသတ်သေနိုင်ခဲ့ဘူးလို့ပြောပါတယ်။

မင်းအကြွေးကို မင်းမဆပ်နိုင်ရင် မင်းမိဘ၊ မောင်နှမတွေဆီကနေယူမယ်။

နောက်ပြီး ပိုက်ဆံရတဲ့အခါမှာ အိမ်ကိုမပို့ရင်လည်း မိသားစုက ငတ်ပြတ်ပြီးသေရပါမယ်။

မျက်ရည်ကျလောက်တဲ့အထိငိုကြွေးပြီးနောက် အရှုံးပေးကာ အလုပ်လုပ်နေခဲ့ရပါတယ်။

https://matome.naver.jp/odai/2147479086824685101

မိန်းကလေးတွေတော်တော်များများက ၁၃ နှစ်ကနေ ၁၈ နှစ်အတွင်းမှာ ရောင်းစားခံရပြီး ခေါ်သွားခံရပါတယ်။

အားသွန်ခွန်စိုက်ကြိုးစားပြီး အသက်ရှင်ရတဲ့အတွက် လူတွေတော်တော်များများက ခုချိန်ထိ စကားလုံးတွေကအစ အမှတ်ရနေကြသေးတာဖြစ်ပါတယ်။

ကီမိုနိုက နိုင်ငံခြားမှာလည်း အရမ်းကိုနာမည်ကြီးပါတယ်။

https://matome.naver.jp/odai/2147479086824685101

ဒီဓာတ်ပုံကတော့ ၁၉၀၃ ခုနှစ်မှာ Saigon ကနေပို့လာခဲ့တဲ့ Postcard လေးဖြစ်ပါတယ်။

ဟုတ်ပါတယ်၊ ပြင်သစ်နိုင်ငံအုပ်ချုပ်ခဲ့ဖူးတဲ့ ဗီယက်နမ်နိုင်ငံမှာလည်း ခရယူခိစံ တွေလာခဲ့ပါတယ်။

ကောင်မလေးတွေက အလုပ်ကြမ်းတွေနဲ့ရောဂါတွေကြောင့် သက်တမ်းက အသက် ၂၀ လောက်ပဲ အချိန်မတန်ခင်မှာပဲ သေကြရတယ်လို့ပြောပါတယ်။

ဒီလိုမိန်းကလေးတွေရဲ့အုတ်ဂူတွေကို လက်ရှိမှာလည်း အာရှနိုင်ငံတော်တော်များများမှာ တစ်ကွဲတပြားစီဖြစ်နေပါတယ်။

နောက်ပြီး မိသားစုအတွက်ပို့လိုက်တဲ့ပိုက်ဆံတွေက လုံလုံခြုံခြုံနဲ့ဂျပန်နိုင်ငံကို ရောက်သွားနိုင်လားဆိုရင်၊ အခုလို သေချာတဲ့ဘဏ်တွေလည်းမရှိလို့ ခိုးယူသွားခံရတာများတယ်လို့ဆိုပါတယ်။

နောက်ပြီးတစ်ချို့ကို ဂျပန်နိုင်ငံက စစ်အတွက်နဲ့ အသုံးပြုခဲ့ကြတယ်လို့ဆိုပါတယ်။

သမိုင်းတွေထဲမှာ သိပ်ထွက်လာတာမျိုးမရှိတာက ခရယူခိစံတွေဖြစ်ပါတယ်။

သူတို့လိုဝမ်းနည်းစရာကောင်းတဲ့ဘဝတွေမှာ ရှင်သန်နေရတဲ့သူတွေ ဒီထက်ပိုပြီးထွက်မလာဖို့မျှော်လင့်မိပါတယ်။

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: